Friday 7 September 2012

အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး

From- Planet
အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး
သရုပ်ဆောင်လွင်မိုး၏ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက သူမကို ဆယ်ကျော်သက် မိန်းကလေး ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အဖြစ်သာ ပရိသတ်ကမြင်စေ ချင်ကြောင်း ယွန်းဝတီလွင်မိုးကပြောသည်။ "ဆယ်ကျော်သက်တစ်ယောက်ပေါ့။ သူဝါသနာပါတာကို အောင်မြင်အောင်လုပ်ချင်တဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို့ပဲ မြင်စေချင်တယ်။ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက် လို့ပဲ မြင်စေ ချင်တယ်။ အမှန်တိုင်းပြောရရင် ဓာတ်ပုံမော်ဒယ်လ် ယွန်းဝတီလို့ပြောပေမယ့် ဦးလွင်မိုးသမီး ယွန်းဝတီလို့ပြောတာ ပိုကြိုက်ပါတယ်" ဟု ယွန်းဝတီလွင်မိုး ကပြောသည်။ မော်ဒယ်လ်တစ်ယောက်ဖြစ်လိုပြီး သရုပ်ဆောင်ရန်အတွက်မူ သူမအတွက်ခက်ခဲကြောင်းလည်း ဖွင့်ဟသည်။ "ဓာတ်ပုံမော်ဒယ်လ်မှာဆို အကုန်လုံးရတယ်။ ဘာမှအခက်အခဲမရှိဘူး။ ဒါပေမဲ့ သရုပ်ဆောင်ရတာဆို သမီး အဲဒီလောက်ကြီး မတော်သေးဘူးပေါ့နော်။ ဒါရိုက်တာတို့၊ ဖေဖေ၊ မေမေတို့ဆီက အကူအညီလိုတုန်းပဲ။ ဓာတ်ပုံမော်ဒယ်လ်ဆို သူများအကူအညီမယူဘဲနဲ့ ကိုယ့်ဟာကိုယ်လုပ်လည်း ရတယ်။ သရုပ်ဆောင်တာတွေကျတော့ သူများအကူအညီလိုတယ်။ သမီးအတွက် နည်းနည်းခက်ခဲတယ်။ အဲဒီအတွက် ဓာတ်ပုံမော်ဒယ်လ်ကိုပဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပါ" ဟု သူမကပြောသည်။ ဖခင်ကဲ့သို့ အောင်မြင်သော သရုပ်ဆောင် တစ်ယောက်ဖြစ်ရန် ရည်ရွယ်ထားခြင်းမရှိသော်လည်း တီဗီကြော်ငြာ၊ MTV ရိုက်ကူးခြင်းများကို ပိုမိုပြုလုပ်သွားမည်ဟုပြောသည်။ လက်ရှိတွင် အဋ္ဌမတန်း၌ ပညာသင်ယူနေပြီး လာမည့်နှစ်တွင် အထက်တန်းတက်ရမည်ဖြစ်သောကြောင့် အနုပညာအလုပ်ကိုလျှော့၍ ပညာရေးကို ပိုမိုအားစိုက် မည်ဖြစ်ရာ ဖခင်ကလည်း ပညာရေးကို အားပေးကြောင်း ယွန်းဝတီလွင်မိုးကပြောသည်။ ချမ်းချမ်း၊ ၀ိုင်းစုခိုင်သိန်းတို့၏ တစ်ကိုယ်တော်အခွေ VCD များတွင် ယွန်းဝတီလွင်မိုး သရုပ်ဆောင်ထားသည်။

No comments:

Post a Comment