Monday 6 August 2012

Tablet နှင့်သုံးနိုင်မည့် mouse နှင့် keyboard များကို Microsoft မိတ်ဆက်

Windows 8 နှင့် Windows 8 RT အသုံးပြု မိုဘိုင်းထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်မည့် mouse နှင့် keyboard များကို Microsoft ကုမ္ပဏီက မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ mouse နှင့် keyboard များကို Windows 8 tablet များနှင့် laptop များတွင် ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသော်လည်း iOS နှင့် Android tablet များနှင့်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း Microsoft မှပြောကြားခဲ့သည်။




Microsoft မှမိတ်ဆက်ပေးခဲ့သည့် mouse နှင့် keyboard များမှာ Wedge Mobile Keyboard, Wedge Touch Mouse, Sculpt Touch Mouse နှင့် Sculpt Travel Keyboard တို့ဖြစ်သည်။ အဆိုပါ ထုတ်ကုန်လေးမျိုးအနက် Wedge Mobile Keyboard မှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးထုတ်ကုန်ဖြစ်ပြီး keyboard ကို အကာအကွယ်ပေးနိုင်ရန်အတွက် ထူထဲသည့် ရာဘာအိတ်ပါဝင်ပြီး keyboard ကိုထုတ်ပြီး အသုံးပြုနေသည့်အခါတွင်လည်း အဆိုပါ ရာဘာအိတ်ကို ခေါက်ကာ tablet stand အနေဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။ ၎င်းရာဘာအိတ်မှာ ထူထဲသည့်အတွက် tablet ကို တောင့်တင်းခိုင်မာစွာ အထောက်အပံ့ပေး နိုင်မည်ဖြစ်ပြီး keyboard တွင် ပါဝင်သည့် ခလုတ်များကလည်း စာရိုက်ရာတွင် လွယ်ကူလျင်မြန်စွာဖြင့် ရိုက်နေ စေမည်ဖြစ်သည်။ ၎င်း keyboard ကို Windows 8 အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့် hot key လေးခုနှင့် Windows logo သစ်ပါဝင်သည့် Windows key တစ်ခုဖြင့် အသုံးပြုနိုင်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၉.၉၅ ဖြစ်သည်။



Wedge Touch Mouse မှာတော့ BlueTrack sensor ပါဝင်တာကြောင့် မည်သည့်မျက်နှာပြင်ညီပေါ်မှာမဆို အသုံးပြုနိုင်ပြီး လုပ်ငန်းခွင်အတွင်း နေရာအခက်အခဲရှိသူများအတွက် အလွန်အသုံးဝင်သည်။ Scroll wheel အစား နည်းလမ်း လေးမျိုးဖြင့်သုံးနိုင်မည့် touch အခြေခံ scrolling ကိုအသုံးပြုထားသောကြောင့် mouse ၏မျက်နှာပြင်ဖြင့် scroll လုပ်နိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၉.၉၅ ဖြစ်ပြီး ယခုနှစ်ကုန်တွင် စတင်ရောင်းချမည်ဖြစ်သည်။



Sculpt Touch Mouse တွင် Wedge Touch Mouse ကဲ့သို့ BlueTrack sensor ပါဝင်ပြီး Wedge ထက် အရွယ်အစားကြီးမားသည်။ Sculpt Travel Keyboard မှာ အလေးချိန် တစ်ပေါင်ကျော်ရှိပြီး ကွေးကောက် သည့် ဒီဇိုင်းအသွင်ဖြင့်ပြုလုပ်ထားသည်။ စွမ်းအင်ချွေတာပေးနိုင်မည့် sleep mode ပါဝင်သည်။ Sculput Touch Mouse နှင့် Sculpt Travel Keyboard ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉.၉၅ အသီးသီး သတ်မှတ်ထားပြီး အောက်တိုဘာလကုန်တွင် ရောင်းချဖွယ်ရှိကြောင်း သိရသည်။

No comments:

Post a Comment