Monday 6 August 2012

အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေခြင်း၊ လက်ခံခြင်းများပြုလုပ်နိုင်မည့် online payment Gateway စနစ် စတင်ရန်စီစဉ်

အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေနိုင်သော၊ ငွေလက် ခံနိုင်သောစနစ်ဖြစ်သည့် -Y Pay ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ရတနာပုံကုမ္ပဏီလီမိတက် စီမံကိန်းများတည်ဆောက်ရေးဌာန၏ ဌာနမှူး ဦးအောင်စံမြတ်ကပြောသည်။ အဆိုပါစနစ်မှာ အွန်လိုင်းမှဖုန်း ဘီလ်ဆောင်သောစနစ်၊ အွန်လိုင်းမှ လျှပ်စစ်မီတာပေးဆောင်သောစနစ်များကဲ့သို့ ငွေပေးချေခြင်းကို အွန်လိုင်းပေါ်မှ ဆောင်ရွက်နိုင်မည်ဖြစ်
ေ ကြာင်းသိရသည်။

 ““အွန်လိုင်းကနေ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်တယ်။ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေပေးချေမှုစနစ်
လုပ်နိုင်မယ့်အရာဖြစ်ပါတယ်””ဟု ယင်းကပြောသည်။ အဆိုပါစနစ်အသုံးပြုရန်အတွက် ဘဏ်အကောင့် ဖွင့်ရမည်ဖြစ်ကြောင်း လက်ရှိယင်းစနစ်အသုံးပြုရန် ဘဏ် ၆ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။ အွန်လိုင်းပေါ်မှ ဈေးရောင်းဈေးဝယ်ပြုလုပ်လာနိုင်စေခြင်း၊ အခွန်အခပေးချေနိုင်ခြင်း၊ ဘဏ်များအနေဖြင့် ၀န်ဆောင်မှုအသစ်တစ်ခုဖန်တီးနိုင်ခြင်း၊ ပြည်တွင်းသာမက နိုင်ငံတကာနှင့်ပါ ချိတ်ဆက်ငွေကြေးစီးဆင်းမှု အခြေခံစနစ်၊ နည်းပညာနှင့်အတွေ့အကြုံများဖန်တီးခြင်း အစရှိသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

 လက်ရှိ online payment Gateway (Y Pay) စတင်အသုံးပြုနိုင်ရန်အတွက် ပါဝင်ဆောင်ရွက် လိုသည့်ကုမ္ပဏီများ၊ လုပ်ငန်းများကို ဖိတ်ခေါ်ထားကြောင်းသိရသည်။ ““အသုံးပြုသူတွေအနေနဲ့ အွန်လိုင်း ပေါ်ကနေ ငွေပေးချေမှုစနစ်အဖြစ် သွားဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းအရမ်းအရေးကြီးပါတယ်။   နိုင်ငံတကာကချမှတ်ထားတဲ့ Data security standard တွေနဲ့ ကိုက်ညီအောင် လုပ်ပေးထားရပါတယ်””ဟု အဆိုပါ online payment Gateway ၀န်ဆောင်မှုလုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သော easy pay ကုမ္ပဏီ မှ sevice provider ဦးဝေဖြိုးသူပြောသည်။ online payment Gateway မှာ ငွေကြေးစီးဆင်းမှုဆိုင်ရာ များပါဝင်သည့် လုပ်ငန်းစဉ်ဖြစ်၍ ဘဏ်စနစ်၊ ငွေကြေးစနစ်၊ လုံခြုံရေးစနစ်များဖြင့် မူဝါဒဆိုင်ရာများ အသေးစိတ်ညှိနှိုင်းရန်လိုအပ်ကြောင်း၊ အွန်လိုင်းပေါ်မှကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ ရောင်းဝယ်နိုင်စေရန်   ပြည်တွင်းရှိ shopping mall များ၊ စတိုးဆိုင်များ၊ လုပ်ငန်းရှင်များနှင့် သုံးစွဲသူများပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ အွန်လိုင်းဝန်ဆောင်မှုအတွက် စနစ်တစ်ခုလုံးကို အဓိကအားကိုးရာ ပင်မကွန်ရက်ချိတ်ဆက်မှုများ ချိတ်ဆက်တည်ဆောက်ရန်လည်းလိုအပ်ကြောင်းသိရသည်။

ref:IJ

No comments:

Post a Comment