Monday 6 August 2012

ဒေါ်အောင်ဆန်းစုကြည် အား ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးက ဝေဖန် ပြောဆို

ကာတာ နိုင်ငံ အခြေစိုက် အယ်(လ)ဂျာဇီးယား ရုပ်သံ နဲ့  အင်္ဂလန် နိုင်ငံ လန်ဒန် အခြေစိုက် မြန်မာ ရိုဟင်ဂျာ အစည်း အရုံး (ယူကေ) နဲ့  တွေ့ ဆုံ မှု မှာ BROUK က ထွန်းခင် က မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗြိတိသျှ ပါလီမန် မှာ စကား ပြော ခဲ့ ပေမယ့် ရိုဟင်ဂျာ
အကြောင်း ထည့် သွင်း ပြောကြား ခဲ့ တာ မရှိ ဘူး ၊ ဘီဘီစီ မြန်မာ ပိုင်း ဘာသာ အစီအစဉ် မှာ ရို
ဟင်ဂျာ ဘာသာ စကား အစီအစဉ် ပါ ရှိပေမယ့် သူက ရိုဟင်ဂျာ ဆို တာ ကျွန်မ မသိဘူး လို့  ပြော
သွား ခဲ့ တယ် လို့  သူက ဝေဖန် ပြောကြားခဲ့ ပါတယ်။

ရိုဟင်ဂျာ တွေ ကို တိုင်းရင်းသား အဖြစ် အခွင့် အရေး ပေး ဖို့  ၊ နိုင်ငံ သား အဖြစ် တန်းတူ အခွင့်
အရေး ပေး ဖို့  ကို လဲ လွှတ်တော် မှာ ဒေါ်အောင်ဆန်းစုကြည် က အဆို တင် သွင်း သင့် ကြောင်း
သူက ပြောပါတယ်။

ရခိုင်ဒေသ မှာ ရှိ တဲ့ ရိုဟင် ဂျာ တွေ ရဲအိမ် တွေ ဖျက်ဆီးခံ ရတယ် ၊ မီးရှို့  ခံရတယ်။ ရိုဟင်ဂျာ
ပြည်သူ တွေ ဟာ နှိပ်စက် ခံရတယ်။ ရေနဲ့  အစား အသောက် တွေ မရ ဘူး အဲဒီ အတွက် ကုလ
လုံခြုံရေး ကောင်စီ ၊ ကုလ အထွေထွေ ညီလာခံ တို့  က ဒါ ကို အရေး တကြီး နဲ့  ကိုင် တွယ် သင့်
တယ် လို့ သူက မေးမြန်း တဲ့ အစီ အစဉ် မှာ ပြောကြား ခဲ့ ပါတယ်။

မေ လ နှောင်း ပိုင်း နဲ့  ဇွန်လ အတွင်း က ဖြစ်ပွား ခဲ့ တဲ့ ရခိုင် ပြည်နယ် အတွင်း မငြိမ် သက် မှု
တွေ မှာ မြန်မာ နိုင်ငံ တွင်း ကို ကျုးကျော် ၀င်ရောက် နေ ထိုင် တဲ့ ရိုဟင်ဂျာ တွေ ဟာ ရခိုင်လူ
မျိုး တွေ ကို သတ်ဖြတ် မှု နဲ့  နေအိမ် မီး ရှို့  မှု တွေ ပြု လုပ် ခဲ့ တယ် လို့  မြန်မာ သတင်းဌာန တွေ
က ရေးသား ဖော်ပြ ခဲ့ ကြ ပါတယ်။

အမေရိကန် အခြေစိုက် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ အူဒင် ကိုလည်း အယ်(လ)
ဂျာဇီးယား Stream အစီအစဉ် က နေ တွေ့ ဆုံ မေးမြန်း ခဲ့ ပါတယ်။

ဒီတွေ့ ဆုံ မေးမြန်း မှု မှာ ဒေါက်တာ ၀ါကာ အူဒင် က ပါလီမန် ဒီမိုကရေစီ ခောတ် ၀န်ကြီးချုပ်
ဦးနု လက်ထက် တုန်း က ရိုဟင်ဂျာ တွေ ကို နိုင်ငံ သား ဖြစ်ခွင့် ပေး ခဲ့ ပြီး ဗိုလ်ချုပ်ကြီး ဦးနေ၀င်း
ဦးဆောင် တဲ့ စစ်အာဏာ သိမ်းမှု စတင် တဲ့ အချိန်မှာ အဲဒီ အခွင့် အရေး တွေ ဟာ ၁၈၀ ဒီဂရီ
ပြောင်းလဲ သွား တယ် လို့  သူက ထောက်ပြ ပြော ဆို ပါတယ်။

ရခိုင်ဒေသ မှာ ဖြစ်နေတယ့် လူမျိုး တုံး သတ်ဖြတ်မှု တွေ ကို ကုလ နဲ့  နိုင်ငံ တကာ အဖွဲ့  အစည်း
တွေ ပါဝင်ဆောင် ရွက် ခြင်း မရှိ ဘဲ ဖြေရှင်း နိုင်မှာ မဟုတ် ဘူး လို့  သူက ဆို ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှု ဆိုင်ရာ ဥပဒေ ကို လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီး
လွှတ်တော် မှာ ဆွေးနွေး သင့်တယ် လို့  သူ က ဆိုပါတယ်။

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် ဒေသ မှာ စုံစမ်းစစ်ဆေးမှု တွေ ပြု ပြီး ပြန်လည် ထွက်ခွာ သွား
ပြီ ဖြစ်တဲ့ ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးသံ မစ္စတာ အိုဟေး ကင်တာနား ကျယ်ပြန့် တဲ့
စုံစမ်း စစ်ဆေး မှု တွေ ပြု လုပ် ဖို့  ပြော ကြား ခဲ့ ပါတယ်။

၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကတော့ ဒေသခံ ရခိုင် တွေ ရဲ့  အရေး ကို
ထည့် သွင်း ပြောကြား ခြင်း မရှိ ဘဲ ရိုဟင်ဂျာ အရေး ကို ဘဲ အာ ရုံစိုက် ပြော ကြားတာ ဟာ မေး
ခွန်း ထုတ် စရာ ဖြစ်တယ် လို့  ဘီဘီစီ သတင်း ဌာန နဲ့  မေးမြန်း မှု မှာ ပြောကြား ခဲ့ ပါတယ်။

No comments:

Post a Comment