Monday 6 August 2012

KBZ Bank နှင့် AGD Bank ငွေလွှဲခ လျှော့ချမှုကို မကျေနပ်သောကြောင့် အခြားဘဏ်များမှ ဗဟိုဘဏ်ကို တိုင်တန်း

KBZ Bank နှင့် AGD Bank တို့၏ ပြည်တွင်း ငွေလွှဲခ နှုန်းထား လျှော့ချမှုကြောင့် အခြားဘဏ်များမှ ဗဟိုဘဏ်သို့ တိုင်းတန်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်သော အစည်းအဝေး တစ်ရပ်ကို ဗဟိုဘဏ်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း CJMyanmar မှ သတင်းရရှိပါသည်။ 

ဘဏ်အများစုမှာ ငွေလွှဲခလျှော့ချခြင်းကို ကန့်ကွက်ခဲ့ပြီး ပုံမှန် ယူနေကြအတိုင်း ငွေလွှဲ ဝန်ဆောင်ခ များများယူသည့်နည်းကိုသာ ဆက်လက် ကျင့်သုံးလိုသည်ဟု တင်ပြခဲ့ကြောင်းနှင့်  ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗဟိုဘဏ်မှ ထုတ်ပြန်မည့် ညွှန်ကြားချက်ကို ပြည်တွင်းဘဏ်များ စောင့်မျှော်လျှက်ရှိကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးမှ CJMyanmar သို့ ပြောကြားပါသည်။

ref:CJMyanmar

No comments:

Post a Comment