Monday 6 August 2012

မီဒီယာ မွှေးတဲ့ မီး

“ရိုဟင်ဂျာ” ရေးဟာ ပါးနပ်စွာနဲ့ ကိုင်တွယ်ရမယ့် အရေးပဲ ဖြစ်ပါတယ်။
ရိုဟင်ဂျာ တွေဟာ အရမ်းကို ပါးနပ်လွန်းတယ်။ ပြီးတော့ ကောက်ကျစ်လွန်းတယ်။
ကျနော့်ကို တိုက်ခိုက်တဲ့ “စိုင်းလတ်”ဟာ တချိန်တည်းမှာ ကျနော့်ကို “မျှတစွာ ရပ်တည်တယ်” လို့ တဖက်လှည့်နဲ့ စည်းရုံးတယ်။ တချိန်တည်းမှာ နိုင်ငံတကာ ကို ကျနော့်ကို အစွန်းရောက်လူမျိုးရေး

ကျဉ်းမြောင်းသူ အနေနဲ့မဟုတ်တမ်းတရား ၀ါဒဖြန့်တယ်။

ဒီလိုပဲ မီဒီယာတွေကလည်း “ပုဂ္ဂိုလ်ရေး နဲ့ အမှန်အမှားကို စည်းမခြားတော့ဘူး”၊
အဓိက ဒီကိစ္စ ဒီလောက်ထိ ကြီးထွားလာရတဲ့ အကြောင်းအရင်းက “မီဒီယာ”တွေမှာပဲ
တာဝန်လုံးလုံးလျားလျား ရှိတယ်။ သူတို့က “သတင်း” ဖြစ်ရင်ပြီးရော သတင်းရရင်ပြီးရော ဆိုပြီး တင်ခဲ့၊ လိုက်ခဲ့ကြတာတွေ အများကြီး ရှိတယ်။

သတင်းသမားတွေဟာ “သတင်းတပုဒ် ကို ဘယ်လောက်၊ လူကို အင်တာဗျူးနိုင်ရင် ဘယ်လောက်၊ အသံပါရင်ဘယ်လောက်၊ အသံမပါရင် ဘယ်လောက်” စသဖြင့် ကို နှုန်း နဲ့ လုပ်စားနေတာ။ဒီတော့ ဒီမှာ လှုပ်ရှားနေတဲ့သူတွေက အသက်ကို ဖက်နဲ့ထုပ်ပြီး ရင်းပြီး တိုက်ပွဲဝင်နေတယ်။ မပြောပါနဲ့ဦး ဆိုလည်း ပြောချင် ပြောလိုက်လို့ ဒုက္ခရောက်ရတာတွေ အများကြီး။အထူးသဖြင့် နိုင်ငံရေး   လုံးဝ နားမလည်ပဲ မီဒီယာ ထဲ ရောက်နေသူတွေ ရှိသလို၊ ကိုယ့်ကိုယ်ကိုယ်  မြန်မာပြည်ရဲ့ အနာဂါတ် ကို ပဲ့ထိန်းပေးနေတယ် လို့“ဘ၀င်” ဟပ်နေလေတဲ့ မီဒီယာ သမား တွေ လည်း ရှိတယ်။
မြန်မာပြည်သူတွေက အသိအဥာဏ် နိမ့်ကျကျဉ်းမြောင်းနေသေးတဲ့အတွက် တမင် ဖွင့်ပေးနေရတယ် ဆိုတဲ့ သူမျိုးတောင်ပါတယ်။

ဒီလူတွေ ရဲ့ လက်ချက်တွေနဲ့ “ရိုဟင်ဂျာ” ရေး ဟာ အဆိုးရွားဆုံး ဖြစ်လာတယ်။ အနောက်နိုင်ငံ    လူ့အဖွဲ့အစည်းဟာ “မီဒီယာ” အပေါ်မှာပဲ အခြေခံပြီး ကယောင်ကတမ်း လုပ်လေ့ရှိတယ်။
“မြန်မာ” လူ့အဖွဲ့အစည်းကို လုပ်ကြံတဲ့အခါမှာ အသိဥာဏ်နိမ့်ပါးတဲ့ သနားစရာ သတ္တ၀ါ လေးတွေအနေနဲ့ သူတို့တွေ ကူရ၊ ကယ်ရပါကြောင်း လုပ်ပြကြတယ်။

နိုင်ငံတကာ က NGO အများစုဟာ နိုင်ငံတကာ သူဌေးတွေဆီမှာ “ခေါင်းစဉ်” တခုခု တင်ပြီး၊ အလှူငွေကောက်ရတယ်။ မြန်မာပြည်ဟာ အင်မတန်မှ သနားစရာကောင်းတဲ့ ပြည်သူတွေ
 နေနေရတဲ့ တိုင်းပြည်ပါ လို့ ခေါင်းစဉ်တင်လာရတာကနေ၊ မြန်မာပြည်ဟာ သိပ်ကို
 ရက်စက်ကြမ်းကြုတ်တဲ့ အစွန်းရောက်ဗုဒ္ဓဘာသာတွေ ကြီးနိုင်ငယ်ညှင်းလုပ်တဲ့ တိုင်းပြည် ပါ ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းသွားပြီ။

“သနားစရာ ရိုဟင်ဂျာ” တွေကို ကယ်တင်ကြပါ ဆိုတဲ့ ခေါင်းစဉ် ပြောင်းသွားပြီ။
ဒီခေါင်းစဉ် က ငွေ ကို ရေလို သုံးနိုင်တဲ့ ရေနံသူဌေးတွေ ရဲ့ သည်းခြေကြိုက် ခေါင်းစဉ်
လည်း ဖြစ်တယ်။ ဒါကို အမှန်အတိုင်း မြင်တဲ့သူတွေကလည်း အကျိုးတူ ပူးပေါင်းမှုတွေနဲ့   ရေငုံနှုတ်ပိတ်နေကြတယ်။

ဂျိုလီ လို ပေါ်ပြူလာသမားတွေ ကတော့ ကမ္ဘာ့မီဒီယာ စင် ပေါ်မှာ နာမည်ကြီးလာတဲ့
ခေါင်းစဉ် ကို အပြေးအလွှား သွားမှာပဲ။ သူသွားတော့ မီဒီယာ က ပြန်လိုက်နဲ့ အပျက်ပျက်   က နှာခေါင်းသွေးထွက်ရတော့မယ့် ကိန်း ကို မြင်မိတယ်။ ဒါတွေကို မီဒီယာ နဲ့ သာ ပြန်ရှင်းနိုင်မယ်။
ဘာလို့မီဒီယာ ကိုချည်းပဲ ပုံချ နေရသလဲ ဆို ဒီဘက်ခေတ်မှာ “စစ်ပွဲတွေဟာ. .မီဒီယာလောက်တောင် ကြောက်စရာမကောင်းဘူး ဆိုတာ ဆန်းစစ်သူတိုင်း နားလည်ပါလိမ့်မယ်။

မှောင်ခိုစက်လှေ က မိုးလေ၀သ ကို လာဘ်ထိုးတယ် ဆိုသလိုပဲ။ NGO တွေနဲ့ မီဒီယာတွေ
 နဲ့ ၀ိုင်းပြီး လုပ်ကြံနေကြတယ်။ ဒါကို ချေဖျက်ဖို့၊ မြန်မာမီဒီယာ သူရဲကောင်းတွေ   ပေါ်လာဖို့ပဲ မျှော်လင့်မိတယ်။
 
ref:Facebook 

No comments:

Post a Comment