Monday 6 August 2012

ခန္ဓာကိုယ်တွင်း အာရုံခံကိရိယာဖြင့် ထောက်လှမ်းနိုင်မည်

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA က အခုအခါမှာ မျိုချလို့ရတဲ့ Digita ဒစ်ဂျစ်တယ် အာရုံခံကိရိယာ တစ်ခုကိုအတည်ပြု ထောက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဒစ်ဂျစ်တယ် အာရုံခံကိရိယာဟာ ဆေးလုံးအရွယ်အစား ပမာဏရှိပြီးတော့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကျန်းမာရေး အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အချက်အလက်တွေဟာ လူနာကိုယ်တိုင် သာမကဘဲ ပြုစုစောင့်ရှောက်သူတွေနဲ့ ဆရာဝန်တွေအတွက်ပါ အသုံးဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို မျိုချလို့ရတဲ့ ဒစ်ဂျစ်တယ် အာရုံခံကိရိယာကို ဥရောပမှာ အသုံးပြုဖို့ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလို  FDA က အတည်ပြုပေးခဲ့တဲ့အတွက် အဲ့ဒီဒစ်ဂျစ်တယ် အာရုံခံကိရိယာကို ထုတ်လုပ်ခဲ့သူတစ်ဦး ဖြစ်သလို Proteus ဒစ်ဂျစ်တယ် ကျန်းမာရေးအဖွဲ့ရဲ့ ပူးပေါင်း တည်ထောင်သူ တစ်ဦးဖြစ်တဲ့ George Savage က အဆိုပါ ဒစ်ဂျစ်တယ် အာရုံခံ ကိရိယာကို ဥရောပမှာသာမက အမေရိကန် ဈေးကွက်အတွင်းမှာပါ ထုတ်လုပ်ဖြန့်ချိ သွားနိုင် ပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment