နာမည်ကျော် Web browser တွေထဲက တစ်ခုဖြစ်တဲ့ Chrome ကို စွမ်းဆောင်ရည်ကောင်းမွန်စွာနဲ့ အသုံးပြုနိုင်ပေမယ့် browsing အချက်အလက်များအပါအဝင် download history, cache, cookies တို့ကို အလိုအလျောက် ဖျက်တဲ့အခါမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေပါ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် Chrome extension ဖြစ်တဲ့ Click&Clean ကိုအသုံးပြုပြီး လုပ်ဆောင်ချက်များကို အလိုအလျောက် ပြုလုပ်နိုင်စေမယ့် နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။
- ပထမဦးဆုံးအနေနဲ့ Chrome အတွက် Click&Clean extension ကို install လုပ်ပါ။ Install လုပ်ပြီးတဲ့အခါ မှာ အလိုအလျောက်ပြုလုပ်လိုတဲ့ လုပ်ဆောင်ချက်များကို သတ်မှတ်ပါ။
- Chrome toolbar ပေါ်ရှိ “C” icon သစ်ကို နှိပ်ပါ။ အကယ်၍ tab အသစ် ပေါ်လာခြင်းမရှိဘဲ menu တစ်ခုပေါ်လာပါက Option icon ကို နှိပ်ပါ။
- “Clear Private Data when Browser Closes" ကို နှိပ်ပါ။
- Disable ဘေးနားရှိ box တွင် အမှန်ခြစ် ဖြုတ်ပါ။
- ထို့နောက် ဖျက်လိုတဲ့ အရာများကို သတ်မှတ်ပါ။
ဒီ extension ဟာ Chrome ကိုအသုံးပြုသူများအတွက် အလွန်သင့်တော်ပြီး browsing အချက်အလက်တွေ ကို ဖျက်လေ့ဖျက်ထမရှိသူများအနေနဲ့လည်း ဒီနည်းကိုအသုံးပြုခြင်းဖြင့် cookies နဲ့ အခြားအချက်အလက်တွေကို ဖျက်နိုင်မှာဖြစ်ပါတယ်။
ref:IJ

No comments:
Post a Comment