Monday 6 August 2012

လုပ်ငန်း ဆောင်ရွက်ချက် မပေးပို့သည့် ကုမ္ပဏီများအား ခွင့်ပြုလုပ်ငန်း စာရင်းမှ ပယ်ဖျက် သွားမည်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန် ထားတဲ့ သတင်းများ အရ ၁၉၉၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြုမိန့် ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံသားများ     
ရင်းနှီးမြှုပ်နှံ ထားတဲ့ ကုမ္ပဏီများ အနေနဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ၆ လလျှင် တစ်ကြိမ် ပုံမှန် သတင်းပေးပို့ ရမှာ ဖြစ်ပေမယ့် အချို့ ကုမ္ပဏီတွေမှာ အစီရင်ခံစာ ပေးပို့ခြင်း မရှိဘဲ ပျက်ကွက် နေတယ်လို့ သိရပါတယ်။

ဒီလို အစီရင်ခံစာ ပြန်လည် ပေးပို့ခြင်း မရှိတဲ့ ကုမ္ပဏီများကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပေးထားတဲ့ ခွင့်ပြုလုပ်ငန်း စာရင်း ကနေ ပယ်ဖျက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အစီရင်ခံစာ တင်ပို့ရာ မှာလည်း လက်ရှိ လုပ်ငန်း ဆောင်ရွက်မှု ရှိ၊ မရှိနဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ တွေကို လာမယ့် သြဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံး ထားပြီး တင်ပြကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်းများ မှာတော့ ရောင်းဝယ်ရေး လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ ကျောက်မျက် ရတနာ လုပ်ငန်း၊ စက်မှုနဲ့ ထုတ်လုပ်မှု လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ လျှပ်စစ် လုပ်ငန်းနဲ့ ခရီးသွား လုပ်ငန်း အစရှိတဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ ထားတဲ့ လုပ်ငန်းများ ဖြစ်ပြီး ကုမ္ပဏီပေါင်း ၆၀၀ ကျော်လောက် စာရင်းထဲ ပါဝင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment