Monday 6 August 2012

ရခိုင်အရေးအခင်းတွင် ကုလ၀န်ထမ်းများ ပတ်သက်သည်ဟူသော အချက်အပေါ် ကုလနှင့် မြန်မာ အစိုးရ အမြင်မတူ

ရခိုင်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်ရပ်များဖြစ်ပွားခြင်းနှင့်ဆက် နွယ်သည်ဟုဆိုကာအထိန်းသိမ်းထံခံ ထားရသော ကုလနှင့်နိုင်ငံတတကာ အန်ဂျီအိုဝန်ထမ်းများအပေါ်တင်ထား သည့်စွဲချက်များသည် အခြေ အမြစ်မရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ်စားလှယ်ကွင်တားနားက ပြောကြား လိုက်သည်။          


အဆိုပါမှတ်ချက်အားမစ္စတာ ကွင်တားနားကဩဂုတ်လ(၄)ရက် တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်ပြောကြား သည့်ယင်း ၏ထုတ်ပြန်  ချက်တွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းက''ကျွန်တော်ရဲ့ခရီး စဉ်အတွင်းမှာကုလသမဂ္ဂဝန်ထမ်း၆ဦး ကိုအင်းစိန်နဲ ဘူးသီးတောင် အကျဉ်း ထောင်တွေမှာရခိုင်ကိစ္စနဲ့ပတ်သတ် တယ်ဆိုပြီး အထိန်းသိမ်း ခံထားရတာ အတွက်သွား   တွေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သူတို့နဲ့တွေ့ဆုံမေးမြန်းချက် တွေအရသူ တို့ကိုစွဲချက်တင်ထား တဲ့ အချက်တွေဟာ အခြေ အမြစ် မရှိပါ ဘူး''ဟုပြောသည်။

သို့သော် ရခိုင်ပြည်နယ်အ ရေးအခင်းတွင်လက် ရှိထိန်းသိမ်းထားသောကုလသမဂ္ဂဝန် ထမ်းများနှင့် အိုင်အန်ဂျီအို တို့မှဝန်ထမ်းများ အနက်မှအချို့သည် အမှန်တကယ်   ပါဝင်ဆောင်ရွက်ခဲ့ သည်ကို သက်သေ အထောက်အထားများ ရရှိထားပြီးဖြစ်ကာတည်ဆဲဥပဒေများ  အရဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ် ကြောင်းနယ်စပ်ရေးရာ  ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဗိုလ်မှူး ချုပ်သိန်း ဌေး က  ပြောကြားလိုက်သည်။           

ယင်းနှင့် စပ်လျဉ်း၍ဇူလိုင် ၃ဝရက်နေ့တွင်ရန်ကုန်မြို့ရှိနိုင်ငံခြား ရေးဝန်ကြီးဌာနရုံး  တွင်ပြုလုပ်သောသ တင်းစာ ရှင်းလင်း  ပွဲတွင်ပြောကြားခဲ့ ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦး သိန်းဌေးက ''ကျွန်တော်တို့ မှာ သူတို့တွေ ဟာပြစ်မှုကျူးလွန်တယ်ဆိုတဲ့သက် သေအထောက်အထားတွေရှိထားပြီး ပါပြီ။ ဒီအထဲက  တစ်ယောက်က ပစ်မှုနဲ့မပတ်သတ်ဘူး ဆိုတာထင်ရှားလို့ပြန် လွှတ်ပေးပြီး ဖြစ်ပါ တယ်'' ဟုပြောကြား သည်။

တရားဝင်သတင်းထုတ် ပြန်ချက်များ  အရအဆိုပါကဲ့သို့  ရခိုင်ပြည် နယ်  အရေးအခင်း တွင်ပါဝင် ပတ်သတ်ခဲ့မှုကြောင့် ထိန်းသိမ်းခံထား  ရသော  ကုလသမဂ္ဂ  ဝန်ထမ်းများမှာ UNHCR  မှ (၃)ဦး၊ WFP မှ(၂)ဦး နှင့် အခြားသော  အိုင်အန်ဂျီအိုများမှလည်းထိန်းသိမ်းခံ ထားရသူများပါဝင်ကာစုစုပေါင်း(၁၀) ဦးခန့်ဖြစ် ကြောင်း ဇူလိုင်၁၂ရက်နေ့တွင်   ဆီဒိုးနာဟိုတယ်၌ကျင်းပခဲ့သည့် UNHCR  ၏ မဟာ မင်းကြီး မစ္စတာ အန်တို နီယိုဂူတာရက်စ် ကပြောကြားခဲ့သည်။ မဟာမင်းကြီးက ယင်းအခမ်း အနား တွင် ''ပြောချင်တာ ကတော့ ဘယ်သူမှဥပဒေရဲ့အထက်မှာမရှိဆို တာကို လက်ခံ ပါတယ်''ဟုပြောကြား ခဲ့သည်။ 

မောင်တော ဒေသတွင်အ ခြေစိုက်သောကုလသမဂ္ဂဝန်ထမ်းနှင့်   အိုင်အန်ဂျီအိုဝန်ထမ်းများအနက်တွင် ဘင်္ဂါလီ လူမျိုးဦးရေ  သည်အထူးများပြား နေကြောင်းဒေသခံများထံမှသိရသည်။

No comments:

Post a Comment