Monday 6 August 2012

ရိုဟင်ဂျာ အရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် သမ္မတထံ ရခိုင်ကိုယ်စားလှယ် အကြံပြု

ရခိုင်ပြည်အတွင်း ၀င်ရောက်နေထိုင်နေကြသော ရိုဟင်ဂျာ အမည်ခံ လူမျိုးများ အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကြီး၏ ရဲရင့်ပြတ်သားစွာဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံ ပြုခံကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရှိရသည်။
နိုင်ငံတော်သမ္မတကြီးက ရခိုင်ပြည်အတွင်း ခိုးဝင် လာသည့် ရိုဟင်ဂျာ အမည်ခံများကို လက်ခံမည် မဟုတ်ကြောင်း၊ ယင်းတို့ ကို UNHCR (ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး)သို့ အပ်နှံပြီး ဒုက္ခသည်များ အဖြစ် ထားရှိကာ UNHCR က ကူညီ စောင့်ရှောက်ရန်နှင့် တတိယနိုင်ငံများက လက်ခံလျှင် ပြန်ပို့မည်ဟု ဇူလိုင်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ကို ပြောကြားချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ရန် နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတကြီးထံ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဦးအေးသာအောင်က အကြံပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောကြားသည်။

“ရိုဟင်ဂျာကိစ္စနဲ့ ပတ်သတ်လို့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်“ ဟု ဦးဦးလှမြင့်က ရှင်းပြသည်။ ပါတီအနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာများ၏ ဆူပူ အကြမ်းဖက်မှုများ ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများကို အသေးစစ်တင်ပြခဲ့ပြီး လက်ရှိကြုံ တွေ့နေရသော ကျောင်းသားများ၏ ပညာရေး၊ ဒေသခံ ပြည်သူများ၏ စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပါအလေးထားဆောင်ရွက်ပေးစေရန် အကြံပြု
 ပြောဆိုခဲ့ ကြောင်း ၄င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်၏အဓိက စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ယင်းစိုက်ပျိုး သီးနှံများဖြင့် ကူးသန်းရောင်းဝယ် နေကြခြင်းဖြစ်ကြောင်း ယခုအခါ ဒေသတွင်းရိုဟင်ဂျာများ၏ရန်ကြောင်း စိုက်ပျိုး ရေးလုပ်ငန်းများ အချိန်မည် မလုပ် ကိုင်နိုင်ဘဲရှိကြောင်း ၄င်းကထပ်မံပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူပအခွင့်အရေးခေါင်းဆောင်သောမတ်စ် အိုဟေးကင်တားနား ကမူ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် လူ့သားချင်းစာနာထောက်ထားသော အကူညီများပေးအပ် ရန်လိုအပ်သည့်အပြင်၊ တရားဥပဒေစိုးမိုးရေး ခိုင်မာ လာရန်နှင့် တရားစီရင်ရေး၊ ဥပဒေပြုရေး တို့တွင် လူ့အခွင့်အရေးနှင့် ပက်သက်ပြီး ပိုမိုအလေးပေး ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ရိုဟင်ဂျာများကို နိုင်ငံတာ လူ့အခွင့် အရေးနှင့် အညီ အပြည့်အ၀ရရှိဖို့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သြဂုတ်လ ၄ရက်နေ့တွင် သတင်းသမားများကို ပြောကြားခဲ့သည်။

ယမန်နေ့က နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သော ပါတီများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ကွန်ဂရက် ပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီနှင့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။
 
ref:thevoiceweekly

No comments:

Post a Comment