Monday 6 August 2012

ကျောက်တော်မြို့နယ်၊ တောက်ပေါက်ရွာအနီးရှိ လက်ဆောက်ကောက်ကျေးရွာ(ကုလားရွာ)တွင်တည်ရှိသော ရခိုင်အမျိုးသား ဦးအောင်လှဇံ ပိုင်ဆိုင်သော ဆန်စက်အား ရွာခံကုလားများမှ သိမ်းပိုက်ပြီးမီးရှို့

ကျောက်တော်မြို့နယ်၊ တောက်ပေါက်ရွာအနီးရှိ လက်ဆောက်ကောက်ကျေးရွာ(ကုလားရွာ)တွင် တည်ရှိ
သော ရခိုင်အမျိုးသား ဦးအောင်လှဇံ ပိုင်ဆိုင်သောဆန်စက်အား ရွာခံ ကုလားများ မှ သိမ်းပိုက်ပြီးမီးရှို့လိုက်
သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးအား မေးမြန်းဆက်သွယ်ခဲ့ပါတယ်။ အကြောင်းစုံကတော့
လက်ဆောင်ကောက်ကျေးရွာ မှာ တည်ရှိတဲ့ဆန်စက်ဟာ (၅-၈-၂၀၁၂)နေနေ့ခင်း(၂)နာရီလောက်ထိ လည်ပတ် ခဲ့ပါတယ်။ အဲဒီနောက် ဆန်စက်ပိုင်ရှ င်က ကျောက်တော်နယ် တစ်ဝိုက်မှာ ပြဿနာများ ဖြစ်ပွား
နေကြောင်းသိရလို့ ဆန်စက်ကို ပိတ်သိမ်းပြီး ဆန်စက်အတွင်း မှာရှိတဲ့ ပစ္စည်းအချို့ကို ရွှေ့ပြောင်းခဲ့ပြီး ဆန်စက်ကို စွန့်ခွာပြီး ထွက်ပြေး ခဲ့ရပါတယ်။ အဲဒီနောက် ဆန်စက် ကို ရွာခံ ကုလားတွေက မွန်းလွဲ (၃)(၄)နာရီလောက် မှာ သိမ်းပိုက်ပြီးဆန်စက်အတွင်းမှာရှိတဲ့ ကြိတ်ခွဲပြီးသား ဆန်အိတ်(၄၀၀)၊ စပါး
(မကြိတ်ခွဲရသေး) ၄၀၀၀ တို့ကို ယူဆောင်ပြီး ည (၁)နာရီ ၀န်းကျင်လောက်မှာ ဆန်စက်ကို မီးရှို့ဖျက်ဆီး လိုက်တယ်လို့သိရပါသည်။

မီးရှို့ဖျက်ဆီးလိုက်တဲ့ ဆန်စက်အတွင်း မှာ စက်ပစ္စည်းများ အပါအ၀င် ဆန်ခွဲ(၈၀)၊ ဆန်မှုန့်(၃၀၀) နဲ့ အခြားပစ္စည်းများ မီးထဲ ပါသွားကြောင်းသိရပါသည်။ မီးကတော့ ယခုအချိန်(၆-၈-၂၀၁၂)နေ့ မနက် (၁၀း၀၀)နာရီအထိမီးလောင်ကျွမ်းဆဲလို့သိရပါသည်။

အဲဒီနောက် အဆိုပါကျေးရွာ မှ ကုလား(၂၀)ကျော်ခန့်မှ လက်နက်များ ကိုင်စွဲပြီး ဒေသခံ ရခိုင်များအား ရန်စပြီး ချဲလင်းလုပ်ရန် ခေါ်တောင်းခဲ့ကြောင်း သိရသည်။ ဒေသခံများေ ပြောစကားအရအဆိုပါ ကုလားများ
ကိုင်ဆောင်ထားသော လက်နက်မှာ ယမ်းထောင်း သေနတ် မဟုတ်ပဲ အမှန်အကန်လက်နက်များဖြစ်သည်
ဟုပြောဆိုကြပါသည်။ (လက်နက်ကိ စ္စကို ကျွန်တော်နေဖြ င့်အတည်မပြုနိုင်သေးပါ)။

အဆိုပါ ကျေးရွာအတွင်းသို့ သက်ဆိုင်ရာ အာဏာပိုင်များ မှလည်း ၀င်ရောက်ရန် လမ်းခရီး ခက်ခဲသော
ကြောင့် အချိန်မီ မရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ယခု အချိန်တွင် လုံခြုံရေးတပ်များဝင်
ရောက် ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment