Monday 6 August 2012

ရန်ကုန်ကူးတို့ခရီးစဉ်ငါးခု၏ လက်မှတ်ခမပြောင်းတော့

ရန်ကုန်မြို့ရှိ ကူးတို့ခရီးစဉ်ငါးခု၏ လက်မှတ်ခနှုန်းထားများကို တိုးမြှင့်လိုက်ပြီဟု   ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သော်လည်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အခြေခံလူတန်းစားများ စီးနင်း သည့်လိုင်းများဖြစ်သည့်အတွက် နှုန်းထားမတိုးမြှင့်တော့ဘဲ ယခင် နှုန်းအတိုင်းသာ ပြေးဆွဲမည်ဟု သြဂုတ် ၅ ရက်က ကျင်းပသည့် အခမ်းအနားတွင်သတင်းထောက် များကိုပြောကြားလိုက်သည်။ 
ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးက ပြေးဆွဲနေသည့် ခရီးလမ်းများအနက် ကူးတို့လမ်း ငါးလမ်းအပါအ၀င် ခရီးလမ်းစုစု ပေါင်း ၂၀ ကို နှုန်းထားတိုးမြှင့် ပြေးဆွဲမည်ဟု ယခုလ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
နှုန်းထားတိုးမြှင့်သည့် လမ်း များတွင် ပါဝင်သည့် ရန်ကုန်မှ ကူးတို့လမ်းများတွင် ခရီးသည်စီး နင်းမှုများပြားသော ပန်းဆိုးတန်း-ဒလကူးတို့လမ်းအပါအ၀င် ကူးတို့ လမ်းများကို ယခင်နှုန်းထား ကျပ် ၅၀ မှ ကျပ် ၁၀၀ သို့ တိုးမြှင့်မည် ဟုကြေညာခဲ့ရာမှ ယခု မတိုးမြှင့် တော့ဘဲ ကျပ် ၅၀ ဖြင့်သာပြေး ဆွဲတော့မည်ဖြစ်သည်။
ref:7daynews

No comments:

Post a Comment