Wednesday 1 August 2012

မြန်မာ့ လက်ရွေးစင် အသင်း နှင့် MNL All-Star အသင်း ရံပုံငွေ ပွဲအဖြစ် ကစားမည်

မြန်မာ့ လက်ရွေးစင် အသင်းနှင့် MNL All-Star အသင်းတို့သည် လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် ညနေပိုင်းတွင် အောင်ဆန်းကွင်း၌ မသန်စွမ်း အားကစား သမားများ အတွက်  ရံပုံငွေ ပွဲတစ်ပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။
လတ်တလော ပဏာမ (၂၈)ဦး လူစာရင်း ထုတ်ပြန်ထားသည့် မြန်မာ့ လက်ရွေးစင် အသင်းမှာ ကိုရီးယား နည်းပြ ပတ်ဆောင်ဟွာ ကိုင်တွယ်မည် ဖြစ်ပြီး ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်ရောက်ရန် ပြင်ဆင် ဖွဲ့စည်းထားသည့် အသင်းဖြစ်သည်။ MNL All-Star အသင်းတွင်မူ နေရှင်နယ်လိဂ် ကလပ်အသင်း များ၌ ခြေစွမ်းပြ ကစားလျက် ရှိသည့် နိုင်ငံခြားသား ကစားသမားများ ပါဝင်လာမည် ဖြစ်ကာ နည်းပြချုပ် အဖြစ်မူ ရတနာပုံ အသင်း၏ နည်းပြ ဘော်ရ်ဂျီစ်က တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲအား ၀င်ကြေးအဖြစ် အထူးတန်း ကျပ် (၂၀၀၀)၊ ရိုးရိုးတန်း ကျပ် (၁၀၀၀) သတ်မှတ်ထားပြီး ရရှိမည့် ကွင်းဝင်ကြေး အားလုံးအား မသန်စွမ်း အားကစားသမား များအတွက် လှူဒါန်းပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ref:SM

No comments:

Post a Comment