Wednesday 1 August 2012

ဧရာဝတီမြစ်ရေမြင့်တက်နေမှုကြောင့် စစ်ကိုင်း-မင်းကွန်းကားလမ်း မြစ်ရေနှင့် တစ်ပြေးညီဖြစ်နေ


ဧရာဝတီမြစ်ရေမြင့်တက်နေမှုကြောင့် စစ်ကိုင်း-မင်းကွန်းကားလမ်းဘေးတွင် မြစ်ရေအခြေအနေမှာ တစ်ပြေးညီဖြစ်နေသည်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် က မြင်တွေ့ခဲ့ရသည်ဟု ဝါးချက်ကျေး ရွာမှ ရွာခံများထံက သိရသည်။



ယခု မြစ်ရေမြင့်တက်နေမှုမှာ ယမန်နှစ်က မြစ်ရေမြင့်တက်မှု အခြေအနေကို မီသွားပြီဖြစ်ကြောင်း၊
 မြစ်ရေမြင့် လာသည့်အတွက် မန္တလေး-စစ်ကိုင်း ကားလမ်းမကြီးနံဘေးရှိရွာများ နေရေးထိုင်ရေး အခက်အခဲရှိနေ ကြောင်းဖြင့် ဒေသခံများက ပြောကြားကြသည်။မြစ်ရေမြင့်တက်နေသည့်
နေ့များတွင် မြစ်အတွင်း ဝါးဖောင်တွဲများ ပြုတ်ထွက်၍ မျောပါခြင်းများကို မြင်တွေ့နေကြရ ပြီး လိုက်လံဆယ်ယူသူများနှင့် ပိုင်ရှင်များကြား အငြင်းပွားမှုများပင်ရှိခဲ့သည် ဟုသိရသည်။

ယင်းကဲ့သို့ မြစ်ရေမြင့်တက်နေမှု များမှာ ယခင်နှစ်ကလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသရှိ
ကျေးရွာများအတွက် စိုးရိမ်ဖွယ်ရှိနိုင်ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ရင်ဖွင့်ချက်အရ သိရသည်။

No comments:

Post a Comment