Wednesday 1 August 2012

ATM Card အသုံးပြုလိုလျှင် .......


၁။ ATM စာရင်းဖွင့်ခြင်း -
  • ATM Card အတွက်  ငွေစာရင်း တစ်ခု ဖွင့်လှစ်ရပါမည်။ ၄င်းငွေစာရင်းသည် (လက်ရှိ ညွှန်ကြားချက်အရ) Current A/C အမျိုးအစား ဖြစ်ပါသည်။
  • ငွေကျပ် တစ်သောင်းမှ စဖွင့်နိုင်ပြီး  မှတ်ပုံတင်မူရင်းနှင့် လူကိုယ်တိုင် လာရောက်ဖွင့်လှစ်ရပါမည်။


၂။ Card အမျိုးအစား -
  • လက်ရှိ ထုတ်ပေးထားသော ATM Card များသည် Debit Card ဖြစ်ပါသည်။
၃။ ၀န်ဆောင်မှုများ -
  • Card ထဲမှ ငွေသား ထုတ်ယူနိုင်ခြင်း။
  • ငွေစာရင်းလက်ကျန် စစ်ဆေးသိရှိနိုင်ခြင်း။
  • Card တစ်ခုမှ Card တစ်ခုသို့ ငွေလွှဲနိုင်ခြင်း။
  • ၂၄နာရီပတ်လုံး ငွေထုတ်ယူနိုင်ခြင်း။
  • ကိုယ်ပိုင် PIN Code ပေးထားသဖြင့် လုံခြုံမှုရှိခြင်း။(၄င်း PIN Code ကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။)
၎။ အပ်ငွေစာရင်း နှင့် ATM Card -
  • AGD Bank တွင် Saving ဖွင့်ထားသူများ ATM Card အသုံးပြုလိုပါက Card A/C တစ်ခုထပ်ဖွင့်ရန် လက်မှတ် လာထိုးပေးရ ပါမည်။
  • ထိုအခါ ငွေစာရင်းနှစ်ခုကို Link လုပ်ပေးထားပါမည်။
  • Saving စာရင်းတစ်ခုထဲမှာသာ ငွေထည့်ရန် လိုအပ်ပါတယ်။
  • မိမိ၏ ငွေစာရင်းထဲမှ ATM A/C သို့ပြောင်းလဲလိုသော ပမာဏကို စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်။
  • Current A/C ဖြစ်ရမည်ဆိုသော  သက်ဆိုင်ရာ၏ သတ်မှတ်ချက်ကြောင့် ၄င်းပြောင်းထည့်ထားသော ငွေအပေါ်တွင် အတိုးမရပါ။
၅။ ATM စက် မရှိသော နေရာများအတွက် -
ငွေစုဘဏ်စာရင်း (Saving Account) ဖွင့်လှစ်ထားလျှင် AGD Bank ၏ ဘဏ်ခွဲများတွင် ထုတ်ယူငွေပမာဏ အပေါ်မူတည်၍ သတ်မှတ်ငွေလွှဲနှုန်းဖြင့် မိမိ၏ ငွေစာရင်းမှ ထုတ်ယူနိုင်ပါသည်။

၆။ ကဒ်ပျောက်သွားခဲ့သော် -
ကဒ် ပျောက်လျှင်ပျောက်ခြင်း၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (Card Center - 01 532321)
သို့ ချက်ခြင်း အကြောင်းကြားရန် လိုအပ်ပါသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် Card Center မှ ပျောက်ဆုံး
သွားသော ကဒ်နှင့် ပတ်သတ်၍ လိုအပ်သော ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။ နိုင်ငံခြားသားများအတွက် -
နိုင်ငံခြားသားများအနေဖြင့် ATM Card အသုံးပြုလိုပါက Current A/C ဖွင့်၍ ATM Card လျှောက်လို့ရပါသည်။

၈။ အသုံးပြုနိုင်သော နေရာများ -
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ၏ ၂၄နာရီ ATM ၀န်ဆောင်မှုကို
  • အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နေပြည်တော်ဘဏ်၊
  • ကမာရွတ်ဘဏ်ခွဲ၊
  • လမ်းမတော်ဘဏ်ခွဲ၊
  • မန္တလေးဘဏ်ခွဲ၊
  • ဘုရင့်နောင်ဘဏ်ခွဲ၊
  • ဖြူးဘဏ်ခွဲ
  • စိန်ဂေဟာစူပါစင်တာ
  • Junction Square Shopping Center
  • Junction Maw Tin
  • Junction Zawana Shopping Center များတွင် အသုံးပြုနိုင်ပါပြီ။
၉။ ထုတ်ယူနိုင်သော ငွေပမာဏ -
  • ATM စက်မှ တစ်ကြိမ် ငွေထုတ်ယူလျှင် အများဆုံး ကျပ်၂သိန်းအထိ ထုတ်ယူနိုင်မည် ဖြစ်ပြီး တစ်နေ့လျှင် ကျပ်၁၀သိန်းထိ ထုတ်ယူနိုင်ပါသည်။
  • ATM စက်များတွင် တစ်ထောင်တန်နှင့် ငါးထောင်တန်များ ကိုသာ ထုတ်ယူနိုင်ပါသည်။
၁၀။ ငွေထုတ်ယူခြင်းအတွက် သီးခြားဝန်ဆောင်ခ -
  • Card တစ်ခုမှ တစ်ခုသို့ ငွေလွှဲရာတွင် မြို့ တစ်မြို့ တည်းဖြစ်ပါက ငွေလွှဲခ ထပ်မံပေးရန် မလိုအပ်ပါ။
  • သတ်မှတ်နယ်ကျော်ပါက ကျပ်၁၀၀၀မှ ၁သိန်းအထိ ငွေလွှဲခ ၁၀၀ကျပ် ကောက်ခံပါသည်။ ၁သိန်းနှင့်အထက် ထုတ်ယူမှုများအတွက် ၁၀ပြားနှုန်း ကောက်ခံပါသည်။

၁၁။ အထူးသတိပြုရန် -
ATM Card ၏ ကိုယ်ပိုင်လျှို့ ဝှက်နံပါတ် ကို မည်သူ့ကိုမှ အသိမပေးရန် လိုအပ်ပါသည်။ ထိုနံပါတ်များ မမှတ်မိ/ မသိရှိ
ပါကလည်း ATM Card များ အသုံးပြုနိုင်မည် မဟုတ်ပါ။
ထို လျှို့ ဝှက်နံပါတ်များ ပေါက်ကြား၍ ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို စာရင်းပိုင်ရှင်မှ တာဝန် ယူရမည်သာ ဖြစ်ပါသည်။

*** အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ နေပြည်တော်ဘဏ်၊ ကမာရွတ်ဘဏ်ခွဲ၊ လမ်းမတော်ဘဏ်ခွဲနှင့်
မန္တလေးဘဏ်ခွဲများတွင် Saving Account ဖွင့်လှစ်ထားသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံး
မှတ်ပုံတင်မူရင်း၊ ငွေစုစာရင်း စာအုပ်များနှင့် တကွ ATM Card များအား အခမဲ့ လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်း ပါးအပ်ပါသည်။ ***


ref:AGD bank 's  FB

No comments:

Post a Comment