Wednesday 1 August 2012

ဆဲလ်ဖုန်း ရှစ်သန်းမှ သတင်းအချက်အလက်များ ခိုးယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ရဲတပ်ဖွဲ့ဖမ်းဆီး



တောင်ကိုရီးယားနိုင်ငံတွင် ဆဲလ်ဖုန်းကိုင်ဆောင်သူ ရှစ်သန်းခန့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း
အချက်အလက်များကို တရားမဝင်ခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးအား ၎င်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဖုန်းအတွင်းမှအချက်အလက်များကို ရှာဖွေဖော်ထုတ်နိုင်မည့် ပရိုဂရမ်များကို တီထွင်ခဲ့ပြီး ဖုန်းပိုင်ရှင်များ၏ အမည်များ၊ မှတ်ပုံတင် နံပါတ်များ၊ နေထိုင်ရာဒေသများနှင့် ဖုန်းထဲတွင်ပါဝင်သည့် အသေးစိတ်အချက် အလက်များကိုပါ ခိုးယူခဲ့ကြောင်း ဇူလိုင် ၃ဝ ရက်တွင် ဖော်ပြသည့် ရဲတပ်ဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။

၎င်းတို့သည် အဆိုပါသတင်းအချက်အလက်များကို ဆက်သွယ်ရေး ကုမ္ပဏီများသို့ ဒေါ်လာ ၈၇၇ဝဝဝ ခန့်ဖြင့် ရောင်းချခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။သို့ရာတွင် အဆိုပါအချက်
အလက်များကို တရားမဝင်ဖြန့်ဖြူးခဲ့သူများနှင့် ဝယ်ယူခဲ့သူ ခုနစ်ဦးကိုမူ ဖမ်းဆီးထိန်းသိမ်း
ထားခြင်းမျိုးမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူ များမှတ်တမ်းတွင် တရားဝင်မှတ်တမ်းတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြား ခဲ့သည်။

No comments:

Post a Comment