Wednesday 1 August 2012

ဖိလစ်ပိုင်တွင် ရေကြီးမှုများကြောင့် သေဆုံးသူ ဦးရေ တိုးလာနေ

အင်္ဂါနေ့က ဖိလစ်ပိုင် နိုင်ငံတွင် Saola တိုင်ဖွန်း ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် လည်ပင်းခန့် နက်သည့်ရေများ တက်လာခဲ့ကာ မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာလည်း ၈ ဦးအထိ ရှိသွားပြီ ဖြစ်ပြီး
 လူထောင်ပေါင်းများစွာမှာလည်း ပြင်းထန်သည့် မိုးရွာသွန်းမှုများနှင့် ရေကြီးမှုများကို ရင်ဆိုင်နေရသည်။

နိုင်ငံ အတွင်းတွင် တတိယမြောက် နေ့အဖြစ် ပြင်းထန်သည့် မိုးရွာသွန်းမှုကို ရင်ဆိုင်နေရကာ လူပေါင်း ၁၄၅၀၀၀ မှာလည်း နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း မြို့ပြ ကာကွယ်ရေး အကြီးအကဲ Benito Ramos မှ ပြောကြားခဲ့သည်။ ယခုလို မိုးရွာသွန်းမှုနှင့်အတူ ရေကြီးမှုများမှာ လေးရက်မှ ငါးရက် အထိ ကြာမြင့်နိုင်ကြောင်းနှင့် မိုးရွာသွန်းမှုမှာ ရပ်တန့်သွားပြီဟု ယူဆပါကြောင်း သို့ရာတွင် ရေကြီးမှုမှာ ဆက်လက် ရှိနေနိုင်ကြောင်းလည်း သိရသည်။ သေဆုံးသူ လေးဦးတွင် သုံးဦးမှာ ရေနစ် သေဆုံး ရခြင်း ဖြစ်ပြီး ၁ ဦးမှာ သစ်ပင် လဲကျပြီး သေဆုံးခဲ့ရကာ နောက် တစ်ဦးမှာ ဓါတ်လိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်

No comments:

Post a Comment