Wednesday 1 August 2012

ကမ္ဘာ့ဘဏ်အုပ်စုတစ်ခုဖြစ်သော နိုင်ငံစုံ ရင်းနှီးမြှုပ်နှံအာမခံအဖွဲ့အစည်းသို့ မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေး



ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ကမ္ဘာ့ဘဏ် အရှေ့အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Pamela Cox နှင့်အဖွဲ့တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက် ခဲ့ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီလက်ကျန် ရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယင်းကိစ္စရပ်များမတိုင်မီ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်မှ အကူအညီပေးမည့်အခြေအနေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာနိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍအား တိုးမြှင့်ဆောင်ရွက်ပေးရေး၊ ငွေရေးကြေးရေးဈေးကွက် ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးစားပေးဆောင်ရွက်ပေးရ မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့် ဂျပန်နိုင်ငံအစိုးရတို့ပူးတွဲချီးမြှင့်သည့် ပညာသင်ဆုအစီအစဉ်အရ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍမှ ပညာသင်ဦးရေ ပိုမိုတိုးမြှင့်ပေးအပ် ထားမှုများနှင့် ကမ္ဘာ့ဘဏ်၏ အုပ်စုတစ်ခုဖြစ်သော နိုင်ငံစုံရင်းနှီးမြှုပ်နှံ အာမခံအဖွဲ့အစည်း (Multilateral Investment Guarantee Agency-MIGA) သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment