Wednesday 1 August 2012

ပြုပြင်ပြောင်းလဲမှုမဟာဗျူဟာ နိုင်ငံတကာအခြေအနေနှင့်အညီ ရေးဆွဲ၊ တရုတ်၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့၏ ပြုပြင်ပြောင်းလဲမှု ရှင်းလင်း



ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် ၂၇ ရက် နံနက် ၁ဝ နာရီက အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင်
 ဒေါက်တာ ဇော်ဦးက ပြုပြင်ပြောင်းလဲမှုကို ရေးဆွဲချမှတ်ရာတွင် ရှေးဦးစွာ ပြုပြင်ပြောင်းလဲမှု မူဘောင် Reform Framework ကို ဌာနများမှ တင်ပြချက်အပေါ် မူတည်၍ နိုင်ငံတကာ ဆောင်ရွက်မှု အခြေအနေနှင့်အညီ ရေးဆွဲလျက်ရှိ ကြောင်း၊ မူဘောင်မှ မဟာဗျူဟာ၊ မဟာဗျူဟာမှ စီမံကိန်းနှင့် စီမံကိန်းပေါ် မူတည်၍ လုပ်ငန်းစဉ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ လူထုပါဝင်ရေးဆွဲခြင်း၊ မဟာဗျူဟာ ပူးပေါင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အချိန်တစ်ခုတွင် တစ်စုတည်းဖြစ်သွားပါက အော
င်မြင် မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ မလေးရှားနိုင်ငံ ပီနန်တက္ကသိုလ်မှ ပါမောက္ခ ဝင်ထိုင်ဝူး (Professor Wing Thye Woo) က ပြည်တွင်းအင်အားကို ကောင်းမွန်ခိုင်မာစေရန် အရင်ဆုံးပြင်ဆင်ရန်လိုအပ် ကြောင်း၊
 ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများ၏ ဈေးနှုန်းကို အစိုးရက ကြီးကြပ် ထိန်းချုပ်ထားရန်မှအပ
 ဈေးနှုန်းများကို ဈေးကွက်မှ သတ်မှတ်သည့် အဆင့်အထိ ပြုပြင်ပြောင်းလဲရန်ဖြစ်ကြောင်း၊ နိုင်ငံတော်က အရေးတကြီး အာရုံစိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများမှအပ အခြားထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်း များကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းရန် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွင် အချို့ကိစ္စရပ်များ၌
 မြန်မြန်ဆန်ဆန်၊ အချို့ကိစ္စရပ်များ၌ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဌာနတစ်ခု နှင့်တစ်ခု ဆက်စပ်ညှိနှိုင်းပေးမည့် Unit ရှိရန် အရေးကြီးကြောင်းနှင့် တရုတ်၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံ တို့၏ ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံ များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရ ဦးသောင်းလွင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံကိန်းဦးစီးမှူးများ ၁၄၅ ဦး တက်ရောက်ကြသည်။
 
 

No comments:

Post a Comment