Wednesday 1 August 2012

မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေ အပေါ် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ဆွေးနွေးမည်



မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေ များမှာ အရေးပေါ် အနေအထား  ဖြစ်နေပြီး မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သြဂုတ်လ ၄ရက်နေ.တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ စုံစမ်း သိရှိ ရသည်။
ယခုဖြစ်နေသည့် ရာသီဥတုအခြေအနေများသည့် မြန်မာနိုင်ငံ၏ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ အပေါ် ထိခိုက်လာနိုင်သည့် အတွက်ကြောင့် လက်ရှိ ရာသီဥတုကို သုံးသပ်သည့် ဆွေးနွေး ဟောပြောပွဲ တစ်ခုကို ကျင်းပရန် စီစဉ် ရခြင်း ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ ဆက်လက် သိရှိရ သည်။

အဆိုပါ ဆွေးနွေး ဟောပြောပွဲတွင် လက်ရှိ ကာလ အညာဒေသတွင် ဖြစ်နေသော မိုးရွာသွန်းမှု အခြေအနေများ၊ လာမည့် သီးနှံ စိုက်သိမ်းချိန်နှင့် ဆောင်းသီးနှံ စိုက်ပျိုးချိန် ဖြစ်သော မိုးနှောင်းမိုးလွန် ကာလများတွင် မိုးကောင်းနိုင်သည့် အပေါ် တောင်သူများ နစ်နာ ဆုံးရှုံးမူ မဖြစ်စေရန် ကြိုတင် ပြင်ဆင် ထားနိုင်ရန် အတွက် ဆွေးနွေး ဟောပြောသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ ထပ်မံ သိရှိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင် အသင်းတို.က ပူးပေါင်း၍ နှစ်ပတ်လျှင် တစ်ကြိမ်နှုန်း ဘာသာရပ် ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲများကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပလေ့ ရှိသည်။

ref:thevoiceweekly

No comments:

Post a Comment