Wednesday 1 August 2012

စစ်သင်္ဘော ၅၁ စင်းနှင့် ရေငုပ်သင်္ဘော ၂၄ စင်း ၂ဝ၂ဝ နောက်ဆုံးထား ရုရှားတည်ဆောက် လျက်ရှိ



ရုရှားနိုင်ငံသည် စစ်သင်္ဘော ၅၁ စင်းနှင့် ဘိုရီအမျိုးအစား ရေငုပ်သင်္ဘောရှစ်စင်းအပါအဝင် ရေငုပ်သင်္ဘော ၂၄ စင်းကို ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံးထား၍ ရေတပ်တွင်အသုံး ပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင် က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံမြောက်ပိုင်းရှိ ဆက်ဗ်မက်ရှ် သင်္ဘောကျင်းတွင် စတုတ္ထမြောက်မျိုးဆက် ဘိုရီရေငုပ်သင်္ဘော
စတင် ဆောက်လုပ်သည့် အထိမ်းအမှတ် အခမ်းအနားတွင် ပူတင်က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဘိုရီအမျိုးအစား ရေငုပ်သင်္ဘောရှစ်စင်းကို အရည်အသွေးမြင့် မားစွာဖြင့် အချိန်မီပြီးစီးရန် တည် ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ 

အဆိုပါ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ အတွက် အစိုးရအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃၆ ဒသမ ၇ ဘီလီယံကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ရုရှားနိုင်ငံသည် ၂ဝဝ၈ ခုနှစ်တွင် 
စတင်ခဲ့သည့် လက်နက်ပြန်လည်တပ် ဆင်ရေးအစီအစဉ်အရ ၂ဝ၂ဝ ပြည့် နှစ်မတိုင်မီအထိ အမေရိကန်ဒေါ်လာ ၆၈ဝ ဘီလီယံခန့်သုံးစွဲသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment