Monday 30 July 2012

ကျနော်တို့ရဲ့ နာရီတလုံး ရပ်တန့်သွားခဲ့ရင်


ငယ်ငယ် ဆယ်တန်းစာမေးပွဲ အောင်ခဲ့တုန်းက ဖေဖေက သူပတ်နေတဲ့ လက်ပတ်နာရီလေးကို ဆုချခဲ့ဖူးပါတယ်၊လခစားဝန်ထမ်းမို့ အသစ်ဝယ်ပေးဖို့ ခက်ခဲလွန်းလို့ ကိုယ်တိုင်ပတ်နေတဲ့နာရီလေး ကျနော့်အတွက် ဖေဖေဆုချတာ နားလည်ခဲ့တာနဲ့အတူ အမြတ်တနိုးဝတ်ဆင်ဖြစ်ပါတယ်၊
ဟောင်းပေမဲ့ စက်အမျိုးအစားကောင်းလို့ အချိန်တော်တော်မှန်တဲ့ နာရီလေးပါ၊
တက္ကသိုလ်ကျောင်းသားဘဝရဲ့နေ့ရက်တွေကို နာရီလေးနဲ့အတူ ဖြတ်သန်းခဲ့တာပေါ့ဗျာ၊

ဒါပေမဲ့ နှစ်တွေ ကြာလာတော့ နာရီလေးလဲ ဇရာရဲ့သဘောကို ပြလာပါပြီ၊တမီးနစ်၊ နှစ်မီးနစ် နဲ့
တဖြေးဖြေးနောက်ကျခြင်းနဲ့အတူ နာရီပြင်ဆရာဆီ ပို့ပြီးသုံးလာရပါတော့တယ်၊
တနေ့နာရီလေး ရပ်တန့်သွားတော့ သူ့ကို ကျနော့ သေတ္တာလေးရဲ့ ချောင်ကျကျ နေရာလေးတခုမှာ ထာဝရအနားယူခွင့် ပေးလိုက်ရတာပေါ့ဗျာ။

ပျက်စီးခြင်းဆိုတာ အကြောင်းအရာပေါင်းစုံကြောင့် ရုတ်တရက်ဖြစ်ပျက်သွားတတ်သလို၊ တဖြေးဖြေး အခြေအနေတွေ စုတည်လားပြီး တချိန်မှာ ထိုးရပ်သွားသလိုလဲ ဖြစ်တတ်ပါတယ်။

xxxx xxxx xxxx

ပြောချင်တာက ကျနော်တို့ကမ္ဘာရဲ့ ဂေဟစနစ်ဟာလဲ နာရီတလုံးနဲ့ ဆင်ဆင်တူလို့ပါ၊
ကမ္ဘာ့ဂေဟစနစ်ဟာ ပူနွေးမှုဖြစ်စဉ်နဲ့အတူ လက္ခဏာတွေပြလာပါပြီ၊

သတင်းဓါတ်ပုံလေးတွေကြည့်ပြီး စဉ်းစားကြည့်ကြရအောင်


Shades of pink represent melted ice in satellite pictures of Greenland taken July 8 (left) and 12.
Illustration courtesy Nicolo E. DiGirolamo and Jesse Allen, NASA

After just a few days of intense melting this month, nearly the entire of the surface of Greenland's massive ice sheet had turned to slush, NASA images showthe fastest thaw rate since satellites began keeping score 30 years ago.

July ၈ ရက်နေ့က NASA ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဂရင်းလန်ကျွန်းရဲ့ ရေခဲပြင်အရည်ပျော်မှုပုံရိပ်တွေပါ၊

Torrential rains in Rangoon have caused flash floods and disrupted transportation in several areas of the former capital, according to local residents.(2007)

Flooding at Begu(2011)

Flooding at Mandalay(2011)
Flooding at Yangon(2012)
Flooding at Yangon(27/07/2012)
မနေ့တနေ့ကပါဗျာ
Flooding at Thailand(2011)
Flooding at Thailand(2011)
Flooding at China(2011)
Flooding at China(2011)

လက်လှမ်းမီသလောက်က သတင်းဓါတ်ပုံတွေပါ၊
ကမ္ဘာအနှံ့အများကြီးဖြစ်ပျက်သွားတာတွေရှိနေပါတယ်၊

xxxx  xxxx  xxxx

ပြောင်းပြန်သက်ရောက်မှုတွေလဲ ကမ္ဘာအနှံရှိနေပါတယ်၊သတင်းဓါတ်ပုံလေးတွေကြည့်ပြီး စဉ်းစားကြည့်ကြရအောင် ..........
in Mato Grasso, Photograph by Rodrigo Baleia, LatinContent/Getty Images
A boat rests amid debris in Manaus on September 15 2009
CHINA-DROUGHT
 A floating restaurant is stranded in a branch of the Yangtze River in Chongqing Municipality, March 21, 2010. A severe drought across a large swathe of southwest China is now affecting more than 50 million people, and forecasters see no signs of it abating in the short term, state media said on Friday. REUTERS/Stringer (CHINA - Tags: ENVIRONMENT SOCIETY IMAGES OF THE DAY) CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA X01984


Lake Lanier, Georgia drought
March 4th 2007 (left), February 11th 2008 (right). Montage by Brian Hursey
"Alarming" Amazon Drought—River Hits New Low
Photograph by Rodrigo Baleia, LatinContent/Getty Images
A boat squeezes through a narrow channel near Manaus on November 5.
Desperate for food, some residents have scooped up rare manatees from shallow rivers, Reuters reported.

Myanmar
In this file photo taken on Sunday, April. 25, 2010, Myanmar villagers carry water in plastic containers in Dedaye Cyclone Nargis ripped through Myanmar two years ago. Hundreds of millions of dollars in international aid still are needed to help Myanmar's people recover and rebuild from Cyclone Nargis two years ago, the United Nations said Friday. (AP Photo/Khin Maung Win) AP2010
Exceptional drought in Inle Lake, April 2010. View from Viewpoint Restaurant in Nyaung Shwe.
WATER, MYANMAR. Near Kyauk Padaung - rural central Myanmar. Water is gathered from wells dug out of dry river beds during the summer months. Photographer :BAGAN MAUNG
ကမ္ဘာအနှံ့အပြားမှာလဲ ဖြစ်ပျက်လာနေတာ စာဖတ်သူတို့လဲသိကြမှာပါ၊

ရေလွမ်းမိုးမှုနဲ့ရေရှားပါးမှု (Flooding and Drought) သစ်တောပြုန်းတီးမှု ကမ္ဘာမြေပူနွေးလာမျှုနှင့်
ဆက်စပ်နေပါတယ်။သစ်ပင်တောတောင်တွေ ပျက်စီးလာတဲ့အခါ မိုးရေစီးဆင်းမှုကို မတားဆီးနိုင်တော့ပဲ မြေလွာတိုက်စားစီးဆင်းစေပါတယ်၊ရေစီးနဲ့အတူ ပါဝင်လာတဲ့ နုန်းသဲ အနယ်အနှစ်တွေကို ချောင်းတွေ၊ မြစ်တွေကြမ်းပြင်မှာပို့ချပြီး မြစ်ကြမ်းပြင်ကို တိမ်ကောစေပါတယ်၊
လူလုပ်ရေကာတာတချို့ဟာလဲ မြစ်ရေစီးကို နှေးကွေးသွားစေပါတယ်၊နှေးကွေးသွားတဲ့မြစ်ရေဟာ
အနယ်အနှစ်ကိုပိုပို့ချစေတော့တာပါပဲ၊

မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာပြင်၊ လက္မများများနဲ့ ရုတ်တရက်ရွာသွန်းတဲ့မိုး၊ တိမ်ကောလာတဲ့မြစ်ကြမ်းပြင် စတဲ့အခြေအနေတွေ ပေါင်းစုံလာရင် ရေလွမ်းမိုးမှုတွေ ဖြစ်လာတတ်ပါတယ်၊

နွေရာသီရောက်ပြန်တော့လဲ သစ်ပင်တောတောင်တွေ ပျက်စီးသွားတဲ့နေရာတွေမှာ စိမ့်စမ်းတွေလဲ ခမ်းခြောက်ကုန်ပါပြီ၊ ရွာသွန်းခဲ့တဲ့ မိုးရေကို သစ်ပင်တွေမရှိရင် မြေလွှာဟာထိမ်းသိမ်းနိုင်စွမ်း မရှိပါဘူး၊
(images via: WhyFiles and PNAS)
Qori Kalis glacier in the Peruvian Andes is retreating at a faster rate than at any time in the past 50 centuries. It’s estimated that the glacier will vanish entirely within the next 5 years. Qori Kalis, the world’s largest tropical glacier, is one of many ice tongues extending down from the Quelccaya Ice Cap, the largest body of ice in the tropics.

ကမ္ဘာပူနွေးမှုဖြစ်လာတာနဲ့အတူ မြေအောက်စိမ့်ရေထုတ်ပေးနေတဲ့ တောင်တန်းကြီးတွေရဲ့ Ice Cap ဧရိယာတဖြေးဖြေး နဲပါးလာပါပြီ၊အပေါ်ကပုံမှာလိုပဲ ဟိမဝန္တာတောင်တန်းတွေပေါ်က Ice Cap
 တွေလဲအရည်ပျော်ပြီး ဧရိယာနဲလာတာ သိပ္ပံပညာရှင်တွေ သတိပေးနေကြပါပြီ၊အဝေးကြီးမှာကွာ
ငါတို့နဲ့ ဘာဆိုင်လို့လဲပြောစရာရှိပါတယ်၊Ice Caps တွေဟာ ကျနော်တို့သောက်သုံးနေတဲ့
 မြေအောက်ရေထုတ်လုပ်ပေးနေတဲ့နေရာတွေပါ၊ဒီအရာတွေဟာ ကျနော်တို့ကမ္ဘာမြေမှာ
ပုံမှန်လည်ပတ်နေတဲ့ ဂေဟစနစ်တွေပါ၊
xxxx  xxxx  xxxx

စခဲ့တုန်းက နာရီလေးတလုံးအကြောင်းပြောခဲ့တာပါ၊
ကျနော့်နာရီလေး ရပ်သွားတော့ နာရီအသစ်လေးတလုံးပြန်ဝယ်ပတ်ခဲ့ရပါတယ်၊
ကျနော်တို့အားလုံးအမှီပြုနေရတဲ့ ကမ္ဘာ့နာရီတွေ မှားယွင်းလာပြီဆိုရင်....
တနေ့ပျက်စီးသွားပြီဆိုရင်.....
ကျနော်တို့ပြန်ဝယ်အစားထိုးစရာမရှိပါဘူး၊

xxxx xxxx xxxx

ကျနော်တို့တတွေ ရေလွှမ်းမိုးမှု၊ ရေရှားပါးမှုဖြစ်တဲ့အခါ အမြန်အကူအညီတွေ ဝိုင်းဝန်းကြတာ ဝန်းမြောက်မိပါတယ်၊
နဲနဲ ပိုပြီးရှေ့ကိုစဉ်းစားကြည့်ကြရအောင်ဗျာ

မုန်တိုင်းတွေဝင်တဲ့နေရာ၊ ရေလွမ်းမိုးတဲ့ နေရာတွေမှာ နားခိုနိုင်မဲ့ Shelter တွေ ဆောက်ကြရင်ကောင်းမလား၊
သောက်သုံးရေ ရှားပါးလေ့ရှိတဲ့နေရာတွေမှာ သောက်သုံးရေကန်တွေ ဆောက်ကြဖို့မသင့်ဘူးလား၊
ဒါအစိုးရကလုပ်ပေးရမဲ့အရာတွေလို့ ပြောရင် ပြောကြမယ်၊
အစိုးရက လုပ်မပေးနိုင်သေးရင်ကော၊ကမ္ဘာ့နာရီတွေကတော့ ချို့ယွင်းတဲ့လက္ခဏာပြလို့လာနေပါပြီ၊

Lucifer
29/07/2012

မှတ်ချက်။ ။ ဓါတ်ပုံများကို Internet သတင်းနဲ့ဆောင်းပါးများမှယူပါတယ်။

ref: Lucifer from FB














No comments:

Post a Comment