Monday 30 July 2012

Android ဖုန်းများအတွက် ပထမဦးဆုံးသော မြန်မာစာ SMS ဆော့ဖ်ဝဲလ်ကိုဖြန့်ချီမည်

သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်မည့် နည်းပညာဆိုင်ရာပြပွဲ၌ Android ဖုန်းများအတွက် ပထမဦးဆုံးသော မြန်မာစာ SMS ဆော့ဖ်ဝဲလ်ကိုဖြန့်ချီသွားမည်ဟု အဆိုပါဆော့ဖ်ဝဲလ်ကို
 ရေးသားခဲ့သူကိုတင်မျိုးဟန်ကပြောသည်။ ““SMS ပို့ချင်သူကတော့ဆော့ဖ်ဝဲလ်ရှိရမယ်။ SMS လက်ခံသူကတော့ ဆော့ဖ်ဝဲလ်မရှိလည်း Zawgyi Font ရှိတာနဲ့လက်ခံပြီးဖက်လို့ရတယ်။

ထူးခြားချက်တစ်ခုအပိုပါတာကတော့ ဆော့ဖ်ဝဲလ်ထည့်ထားရင် ဂျီမေးလ်ကို Offline အနေနဲ့ဖက်လို့ရမယ်။ အဓိကကတော့ ဂျီမေးလ်စနစ်ပူးတွဲပါဝင်လာ ခြင်းမရှိတဲ့ Huawei ဟန်းဆက်တွေအတွက်ပါ””ဟု
ကိုတင်မျိုးဟန် ကဆိုသည်။ အဆိုပါဆော့ဖ်ဝဲလ်ကို SM3 မှ ထုတ်လုပ်ဖြန့်ချိခြင်းဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၇၅၀၀ ကျပ်သက်မှတ်ထားကြောင်းသိရသည်။ မိုဘိုင်းမြန်မာစာ SMS စနစ်သည် ယခင်က
 Java ဖုန်းများနှင့်Symbian ဖုန်းများတွင်သာအသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး Android အတွက်ယခုမှ
သာထုတ်လုပ်ဖြန့်ချီခြင်းဖြစ်သည်။

ref:IJ

No comments:

Post a Comment