Monday 30 July 2012

စဥ့်ကူးမင်းခေါင်းလောင်းအား ခေါင်းလောင်းထိုးခွင့် မပြုတော့



ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း
 ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။



 ရွှေတိဂုံစေတီတ်ာတွင် ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိသည့် အနက် ကြီးမားသည့် ခေါင်းလောင်းမှာ
 နှစ်လုံးသာရှိပြီး စဥ့်ကူးမင်း ခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတို့ဖြစ်ကြောင်း သိရသည်။ စဥ့်ကူးမင်းခေါင်းလောင်းမှာ ရွှေတိဂုံစေတီတော်ရှိ သက်တမ်းအကြာဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး အရွယ်အစားအားဖြင့်မူ ဒုတိယအကြီးဆုံးဖြစ်ကာ အလေးချိန်မှာ ကြေး ၂၄ တန်ရှိကြောင်း သိရှိရသည်။ သာယာဝတီမင်းခေါင်း လောင်းမှာမူ ပထမအကြီးဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန် အားဖြင့် ကြေး ၄၂ တန်ရှိကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ref:EMG

No comments:

Post a Comment