Monday 30 July 2012

Windows 8 Start Screen တွင် ပျောက်သွားသည့် Internet Explorer (သို့) Metro IE ကို ပြန်လည်အသုံးပြုနိုင်ရန် ပြုလုပ်ခြင်း (How To)



Windows 8 အသုံးပြုသူအများစု လတ်တလောကြုံတွေ့နေရတဲ့ ပြဿနာကတော့ Windows 8 Start Screen ကနေ Internet Explorer tile ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ အသုံးပြုသူ အချို့ကတော့ Start Screen မှာရှိတဲ့ IE tile ကိုနှိပ်လိုက်တဲ့အခါမှာ Metro IE ပေါ်မလာတဲ့ ပြဿနာနဲ့ကြုံတွေ့နေကြပါတယ်။

အဆိုပါ ပြဿနာဟာ အခြား web browser များဖြစ်တဲ့ Mozilla Firefox, Google Chrome, Opera စတဲ့ Windows 8 မှာအသုံးပြုတဲ့ browser အသစ်ကို default အနေနဲ့ ထည့်သွင်းအသုံးပြုတဲ့အတွက် Start Screen ကနေ IE ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် Intenert Explorer ကို default web browser အဖြစ် ပြုလုပ်ပုံကို ဖော်ပြလိုက်ပါတယ်။

(၁) Win+Q ကိုနှိပ်ပြီး Search box မှာ Internet Explorer ဟု ရိုက်ထည့်ပြီး enter ကိုနှိပ်ပါ။

(၂) Internet Explorer ပေါ်လာတဲ့အခါမှာ Tools -> Internet Options သို့သွားပါ။ Programs tab သို့သွားပြီး Set associations ခလုတ်ကို နှိပ်ပါ။

(၃) Select all ကို အမှန်ခြစ်လုပ်ပြီး option အားလုံးကို enable လုပ်ပါ။

(၄) အထက်ပါ နည်းလမ်းအတိုင်းပြုလုပ်ပြီးလို့ မရသေးဘူးဆိုရင် Control Panel -> Default Programs -> Set program access and computer defaults သို့သွားပါ။ IE ကို default browser အနေနဲ့ သတ်မှတ်ပြီး ပြီဆိုရင် Start Screen ကနေ IE tile ကို နှိပ်လိုက်တဲ့အခါမှာ Metro IE ပေါ်လာတာကို တွေ့ရပါမယ်။

သတိပြုရမယ့်အချက်ကတော့ Metro IE ဟာ အနည်းဆုံး 1024x768 screen resolution နဲ့သာ အလုပ်လုပ်ပါ တယ်။ ဒါကြောင့် Start Screen က tile ကိုနှိပ်ရာမှာ Metro IE တက်မလာတဲ့အခါ screen resolution ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။
 
 ref:IJ

No comments:

Post a Comment