Monday 30 July 2012

"မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) ညီလာခံ ကျင်းပမည်"



မြန်မာနိုင်ငံ သတင်းစာဆရာအသင်း Myanmar Journalists Association - MJA
(ရန်ကုန်တိုင်းဒေသကြီး) ညီလာခံနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၂ခုနှစ်
 သြဂုတ် ၄ ရက် နေ့လယ် ၁နာရီမှ ညနေ ၄နာရီအတွင်း ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း
 ORCHID ဟိုတယ်ခန်းမတွင် ကျင်းပမည်ဖြစ်ပါသဖြင့် MJA အသင်းဝင် မှတ်ပုံတင်စာရင်း
ပေးသွင်းထားပြီးသူ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများအားလုံး တက်ရောက်ကြပါရန် MJA
ရန်ကုန်တိုင်းဒေသကြီး ညီလာခံ ကျင်းပရေးကော်မတီက ဖိတ်ကြားထားပါသည်။
ဖိတ်စာများကို အမြန်ဖြန့်ဝေရေးကိုယ်စားလှယ်ဖြင့် ပေးပို့ထားပါသည်။အကြောင်းကြောင်းကြောင့်
ဖိတ်စာမရောက်သည့်တိုင်အောင် မိမိ၏မှတ်ပုံတင်ဖြင့် လာရောက် သတင်းပို့တက်ရောက်နိုင်ပါသည်။

အမှုဆောင်အဖြစ်ဝင်ရောက်ရွေးချယ်ခံရန် ဆန္ဒရှိသူများသည် ကြိုတင်အမည်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ ဖုန်း ၀၉၄၂၁၀၉၄၆၅၉ သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ref:popularnews

No comments:

Post a Comment