Monday 30 July 2012

ပေးသင့်ပေးထိုက်သည့်အခွန်အခများ ထမ်းဆောင်သွားရမည် ဟုအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဥက္ကဋ္ဌ ပြော



ရန်ကုန်၊ဇူလိုင်(YPI)

အိမ်ခြံမြေ၀န်ဆောင်မှုများအတွက် ပေးသင့်ပေးထိုက်သည့် အခွန်အခများကို ထမ်းဆောင်သွားရမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ယနေ့ မွန်းလွဲပိုင်းက  မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းရုံး တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ၀င်ရောက်ရေးဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားသည်။



"'ဒီမိုကရေစီအစိုးရလက်ထက်မှာ နိုင်ငံတော်ကိုပေးသင့် ပေးထိုက်တဲ့ အခွန်အခ တွေကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်"ဟု  ဦးခင်မောင်သန်းက ပြောကြားလိုက်သည်။

အိမ်ခြံမြေအသင်းဖြစ်ပေါ်လာရေးအတွက် ၂၀၀၆ ခုနှစ်မှစတင်ကြိုးစားခဲ့သော်လည်း အကြောင်းကိစ္စအရပ်ရပ်ကြောင့် အဆင်မပြေမှုများရှိခဲ့ကြောင်း ။၂၀၀၉ ဒီဇင်ဘာလအတွင်းတွင်  ဆက်လက်တင်ပြလာရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မှတ်ချက်တစ်ခုကြောင့် အရာမထင်ခဲ့ဘဲ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းတင်ပြရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ဘဏ္ဏာအခွန် ၀န်ကြီးဌာန၏ သဘောထားပါလိုအပ်ကြောင်းတောင်းခံရာ ဘဏ္ဏာအခွန်ဝန်ကြီးဌာနမှ လက်ခံကြိုဆိုခဲ့ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံအိမ်ခြံမြေအသင်းအနေဖြင့် Real Estate Marketing သင်ရိုးများရေးဆွဲပြီး မကြာမှီလပိုင်းအတွင် အသင်းဝင်များသို့ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးသွားမည်ဖြစ် သည့်အပြင် အသင်းဝင်များအား
လည်း မြန်မာနိုင်ငံ အိမ်ခြံမြေ အသင်းမှ အသင်းဝင် စမတ်ကဒ်ပြားများကို လည်းတာဝန်ယူ ထုတ်ပေးသွားမည်ဖြစ်သည်ဟုလည်း လည်းဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအား ယာယီအမှုဆောင်ကော်မတီ ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး မန္တလေး မှအသင်းဝင် အဆိုပြုသူ ၇၂၀ နှင့် ရန်ကုန်မှ အဆိုပြုသူ ၁၆၀ စုစုပေါင်း ၈၈၀ ရရှိထားပြီး အသင်းဝင်များဆက်လက်လက်ခံလျှက်ရှိသည်။

 ယမန်နှစ် ဒီဇင်ဘာလက ဒဂုံမြို့သစ်မြောက်ပိုင်း ၇၊ ၈ လမ်းဆုံတွင် တွေ့ရသည့် မြေကွက် အရောင်းအ၀ယ် ဈေးကွက်၊ ( ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်သည့် အလားအလာ၊ စီးပွားရေး ဖြေလျော့မှုများနှင့် နိုင်ငံတကာနှင့်ဆက်ဆံရေး တိုးတက်လာခြင်းက မြန်မာ့စီးပွားရေး အလားအလာအပေါ် အကောင်းမြင်မှု တိုးများလာပြီး လွန်ခဲ့သည့် ၂ နှစ်တာဝန်းကျင်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အိမ်ခြံမြေ ဈေးများ မြင့်တက်လာခဲ့သည်။ 

ref:YPI

No comments:

Post a Comment