Monday 30 July 2012

ဆီဆိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရဲကင်းမှ ဒုတိယရဲအုပ်ကျော်စိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက မောင်ဝ(ခ)စိုင်းကျော် ဟန် ၃၂ နှစ်(ဘ)ဦးလုံး ဝိရအောင်သုခရပ်ကွက် ဆိုက်ခေါင်ကျေးရွာ ဆီဆိုင်မြို့နယ်နေသူနှင့် ဇနီးဖြစ်သူ မနန်းအုန်းခင် ၃၁ နှစ်(ဘ)ဦးမိုးစက်တို့ နေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ အုတ်နှင့်သစ်သားကြားတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား အပြား ၃၈ဝဝဝ တန်ဖိုးငွေကျပ် ၁၅၂ဝဝဝဝဝဝ ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စိတ် ကြွရူးသွပ်ဆေးပြားများလက်ဝယ်ထားရှိသူ မောင်ဝ(ခ)စိုင်းကျော်ဟန်နှင့်
 ဇနီးဖြစ်သူ မနန်းအုန်းခင်တို့နှစ်ဦးအား ဒုတိယရဲအုပ်ကျော်စိုးနိုင်က တရားလိုပြုလုပ်တိုင်တန်းရာ ဇူလိုင် ၂၄ ရက်က ဘန်းယဉ်ရဲစခန်းမှ မယ(ပ)၂၂/၂ဝ၁၂၊ မူး/ စိတ် ၁၅/၁၉(က)/၂၁ အရ အမှု ဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment