Monday 30 July 2012

အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ ယနေ့အထိအမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီထုတ်ပြန်



ယနေ့အချိန်အထိ အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ အမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟုပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ထုတ်ပြန်လိုက်သည်။

“မီဒီယာတွေကလည်းထောက်ပြကြတယ်လေ မဏ္ဍိုင်သုံးခုရှိတဲ့နေရာမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက အပြောင်းအလဲတွေလုပ်နေပေမယ့် အခုအချိန်အထိ တရားစီရင်ရေးနဲ့ အစိုးရဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေတုန်းပဲလို့ထောက်ပြကြတယ်။ ကျွန်တော်တို့လည်းအဲဒီလိုပဲမြင်ပါတယ် “ဟု တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြောသည်။ယင်းကော်မတီ၏
ထုတ်ပြန်ချက်ထဲတွင် အဂတိလိုက်စားမှုများကိုစုံစမ်း၍ ပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်နိုင်အောင်
 ဖော်ထုတ်ရေးသားမှုများပြုလုပ်ရန် သတင်းမီဒီယာများအားတိုက်တွန်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(က) ပါပြဌာန်းချက်များနှင့်အညီ ထုတ်ဖော်ရေးသားသင့်ကြောင်းထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်၌လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုဖွဲ့စည်း၍ ၀န်ကြီးဌာနများ ၀န်ထမ်းအဖွဲ့အစည်းများအားလုံး အကျူံးဝင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင် ဥပဒေ(မူကြမ်း) ကိုရေးဆွဲတင်ပြထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးလေးခုဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊
ဥပဒေပြုရေးမဏ္ဍိုင် နှင့် ယင်းမဏ္ဍိုင်ကြီး သုံးခုကိုစောင့်ကြည့်ထိန်းကျောင်းပေးရမည့် စတုတ္ထမဏ္ဍိုင် (သတင်းမီဒီယာ )တို့မှာ အပြန်အလှန်တစ်ခုနှင့်တစ်ခု ထိန်းကျောင်းရမည်ဖြစ်သော်လည်း ယနေ့အချိန်အထိ အဂတိလိုက်စားမှုများ ကိုအမြစ်ပြတ်စေရန် လုပ်ဆောင်နိုင်ခြင်းအရှိသေးကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ၏ပြောကြားချက်အရသိရသည်။ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့်
ဥပဒေရေးရာကော်မတီ ကို ၂၀၁၁ခုနှစ်နိုဝင်ဘာလတွင်ဖွဲ့စည်းခဲ့ပြီးယနေ့အချိန်အထိ တရားမျှတမှုမရှိသော 
စီရင်စီရင်ချက်များချမှတ်ခံရသည်ဟုယူဆသူများကကော်မတီသို့တိုင်စာများပေးပို့လျက်ရှိကြောင်းသိရသည်။
ကော်မတီသည်ရောက်ရှိလာသော တိုင်စာအမှုတွဲများအားလေ့လာစိစစ်၍ အချက်အလက်ပြည့်စုံသော အမှုတွဲများကို ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ သက်ဆိုင်ရာ ဌာနအသီးသီး နှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်အသီးသီးသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ယနေ့အထိ လွှဲပြောင်းပေးပြီးသော တိုင်စာအမှုတွဲပေါင်း လေးရာကျော်ရှိကြောင်းသိရသည်။ ယင်းတိုင်စာများအနက် တရားလွှတ်တော်အသီးသီးမှ ပြန်လည်စိစစ်ပြီးသောအမှုတွဲ တစ်ရာကျော် ကိုကော်မတီသြို့ပန်လည်ပေးပို့ခဲ့ကြောင်းသိရသည်။

ref:messenger

No comments:

Post a Comment