Monday 30 July 2012

Cisco စာမေးပွဲကို ပြည်တွင်း၌ ဖြေဆိုခွင့်ရပ်နားထားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အခတ်တွေ့နေ

VUE ကုမ္ပဏီမှ စစ်ဆေးပေးနေသည့် Cisco စာမေးပွဲကို ပြည်တွင်း၌ ဖြေဆိုခွင့်ရပ်နားလိုက်သည့်အတွက် စာမေးပွဲဆိုလိုသော ကျောင်းသား၊ ကျောင်းသူများ အခတ်အခဲကြုံတွေ့နေရပြီး အချို့ သော
ကျောင်းသားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက်ဖြေဆိုကြရန် စဉ်းစားလာခဲ့ကြသည်ဟု MST ကွန်ပျူတာသင်တန်းကျောင်းမှ ဦးအောင်ဇော်မြင့်ကပြောသည်။ Cisco စာမေးပွဲများသည် ၂၀၀၈ ခုနှစ်ဧပြီလမှစတင်၍ မြန်မာနိုင်ငံ၌ ဖြေဆိုရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မေလအတွင်း၌
 ဖြေဆိုခွင့်များပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ 

“VUE ကနေပြီး Cisco ဖြေလို့ရအောင် ကြိုးစားနေတယ်။စာချုပ်ချုပ်ဆိုတဲ့အဆင့်ကိုရောက်ပြီးမှ
 ပိတ်ဆို့မှုတွေရှိတဲ့အတွက် ဖြေဆိုခွင့်မပြုနိုင်သေးဘူးလို့ တစ်ဖက်ကပြန်ပြောနေတယ်။ ဒါပေမယ့်လည်း အမေရိကန်က ပိတ်ဆို့မှု တွေကိုတရားဝင်ဖယ်ရှားလာပြီဆိုတော့ မကြာခင်မှာဖြေလို့ရမှာပါ”” ဟု VUE ကုမ္ပဏီနှင့် ချိတ်ဆက်နိုင်ရန်ကြိုးစားနေသည့် Myanmar Knowledge Exam Center မှ တာဝန်ရှိသူကပြောသည်။

“Cisco ဖြေလို့မရတာကြာပြီ။ ဒါက Network သမားတွေအတွက်တော်တော်ထိခိုက်တယ်။ တစ်ချို့ဆိုရင် မဖြစ်မနေဖြေမှရမယ့်လူတွေရှိတယ်။ လေ့လာပြီးဖြေစရာမရှိတော့ နိုင်ငံခြားထွက်ဖြေရမလိုတွေရှိတယ်။
အဆိုးရွားဆုံးကတော့ ဒါနဲ့ပတ်သက်ပြီး ဘာသတင်းအတိ အကျမှမရသေးတာပဲ””ဟု ဦးအောင်ဇော်မြင့်ကဆိုသည်။ VUE မှစစ်ဆေးပေးသည့် Cisco စာမေးပွဲများကို ယခင်က Myanmar Inspriations Exam Center ၌ ဖြေဆိုရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ၌ ဖြေဆိုခွင့်ရပ်နားထားကြောင်းသိရသည်။ ““ပိတ်ဆို့မှုတွေ ကြောင့်ဖြေလို့မရဘူးဆိုတာလုံးဝ မဟုတ်ဘူး။ နောက်နှစ်ပတ်လောက်ဆိုရင် ပြန်ဖြေလို့ရပြီ။ တစ်ဖက်မှာ Center အတွက် Update လုပ်နေလို့ဖြေလို့မရခဲ့တာပါ””ဟု Myanmar Inspriations မှ မန်နေးဂျင်းဒါရိုက်တာ ကိုကျော်သူက ပြောသည်။ VUE ကုမ္ပဏီမှ စာမေးပွဲအမျိုးအစားပေါင်း ၅၀ ကျော် ၆၀ ခန့်ဖြေဆိုရရှိနိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် Cisco, GMAT, Adobe, AutoCad, Novel အစရှိသည့် ဘာသာရပ်များကိုသာ ဖြေဆိုသူများပြားကြောင်းသိရသည်။ နိုင်ငံပေါင်း ၁၆၅ နိုင်ငံ၌ရုံးခွဲများ ဖွင့်လှစ်ထားသည့် VUE ကုမ္ပဏီသည်ကမ္ဘာပေါ်၌ Online Exam Center ပေါင်း ၅၀၀၀ ခန့်နှင့် ချိတ်ဆက်ထားကြောင်းသိရသည်။

ref:IJ

No comments:

Post a Comment