Monday 30 July 2012

ဒမတ်စကတ် တိုက်ပွဲများတွင် အနိုင်ရရှိနေကြောင်း ဆီးရီးယား အစိုးရကြေငြာ

ဒမတ်စကက်မြို့တော်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်သူများနှင့် တိုက်ပွဲများတွင် အစိုးရတပ်ဖွဲ့များက အောင်ပွဲရရှိနေကြောင်း ဆီးရီးယားအစိုးရက ကြေညာလိုက်သည်။

ထိုအတောအတွင်း ဆီးရီးယား၏ အကြီးဆုံးနှင့် စီးပွားရေးအချက်အချာဖြစ်သော အေလက်ပိုမြို့ကိုမူ ထိန်းချုပ်နိုင်ရေးအတွက် ဆီးရီးယားစစ်တပ်မှာ ရုန်းကန်နေရပြီး အဆိုပါမြို့တွင် တိုက်ပွဲများ 
 ပြင်းထန်နေကြောင်း သိရသည်။

                                                                                   

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးမှာ အီရန်နိုင်ငံသို့ ရောက်ရှိနေပြီး အီရန်အစိုးရ၏ အထောက်အပံ့ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း RT News က ပြောကြားသည်။ ပုံတွင် အေလက်ပိုမြို့ တိုက်ပွဲအတွင်း ပျက်စီးသွားသော အစိုးရတပ်ဖွဲ့၏ တင့်ကားတစ်စီးရှေ့တွင် မြို့ခံ ကလေးငယ်တစ်ဦးကို တွေ့ရသည်။


ref:planet

No comments:

Post a Comment