Monday 30 July 2012

အင်ဒိုနီးရှား သံအမတ် နှင့် ပြည်ထောင်စု ၀န်ကြီး အမေး အဖြေ



စကားဝါလမ်း၊နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင်ယနေ့ပြုလုပ်သောရခိုင်အရေးနှင့်ပတ်သက်သည့်သတင်းစာရှင်း
လင်းပွဲတွင်မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး၏မေးခွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့
အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီ၏အဖြေကိုဖေါ်ပြလိုက်ပါသည်။


         (ဓာတ်ပုံအညွှန်းစာ- အင်ဒိုနီးရှာသံအမတ်ကြီး၏မေးခွန်းကိုပြန်လည်ဖြေကြားနေသည့်ပြည်ထောင်စုဝန်ကြီးဦးခင်ရီ)
အင်ဒိုနီးရှားသံအမတ်(မေး)။ ။ အခင်းဖြစ်ပွားရာမှာရရှိတဲ့သတင်းက တချို့နေရာတွေမှာလွှဲနေတယ်
 ဖြေရှင်းချက်ပေးနိုင်ရင်ကောင်းမယ် ။ မြန်မာဘက်ကသမ္မတဖြေတဲ့အထဲကတစ်ချက်က ရိုဟင်ဂျာကိုလူမျိုးမဟုတ်ဘူးဆိုပြီးပြောတယ် ။ရိုဟင်ဂျာတွေက လွတ်လပ်ရေးစရပြီးကတည်းက
 မြန်မာပြည်မှာနေထိုင်ခဲ့တယ်လိုသိရတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသိချင်တယ် ။
ပြည်ထောင်စုဝန်ကြီးဦးခင်ရီ(ဖြေ) ။ ။ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်မှာ ပထမဆုံးဗြိတိသျှ မြန်မာ first war ဖြစ်တယ် ။ ရခိုင်ပြည်နယ်ဟာဗြိတိသျှကိုလိုနီလက်အောက်ကျရောက်သွားတယ် အဲ့ဒီတော့ လယ်ယာလုပ်ငန်းတွေအတွက် ကာယလုပ်သားတွေစသည်ဖြင့် လိုအပ်ချက်တွေကို အဲ့တုန်းကတစ်ဖက်နိုင်ငံမှာရှိတဲ့ ဘဂါင်္လီလူမျိုး ကျွန်တော်တို့နိုင်ငံကိုအတားအဆီးမဲ့ဝင်လာခဲ့ချိန်ဖြစ်တယ်။
ကျွန်တော်တို့ဆီမှာတောက်လျှောက်ဗြိတိသျှလက်ထက်ကရှိခဲ့တဲ့သန်းခေါင်စာရင်း ၁၉၇၃ ကကောက်ခဲ့တဲ့သန်းခေါင်စာရင်း ၁၉၈၃ ကကောက်ခဲ့တဲ့နောက်ဆုံးသန်းခေါင်စာရင်းအရရော ကျွန်တော်တို့မှာဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လူမျိုးစုထဲမှာ
တရားဝင်ဖော်ပြထားတာ ဘယ်နေရာမှာမှမရှိပါဘူး။ဘင်္ဂါလီလူမျိုးသာလျင်ဖော်ပြခြင်းရှိတယ် ၊

ကျွန်တော်တို့မှာ လူမျိုးစုကြီး ၈ စုရှိပါတယ် ရှမ်း ၊ ကရင် ၊ ကချင် ၊ ကယား ၊ မွန် ၊ မြန်မာ ၊ ရခိုင် ၊ ချင်း + ethnic group ပေါင်း ၁၀၀ ကျော် ၊ ၁၃၅မျိုးပေါ့ အဲ့ဒီဟာသာလျှင်တရားဝင်လူမျိုးဖြစ်ပါတယ် ။ အဲ့ဒီထဲမှာရော ခုကျွန်တော်ပြောတဲ့ဗြိတိသျှလက်ထက်သန်းခေါင်စာရင်းမှာရော ၇၃ ၊၈၃ စာရင်းမှာဘယ်တုန်းကမှရိုဟင်ဂျာဆိုတာမရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုး ၁၀၁ပါးမှာ ပါဝင်တဲ့လူမျိုးမဟုတ်ဘူး ။ကျွန်တော်တို့နိုင်ငံမှာမရှိပါဘူးလို့ဖြေကြားချင်တယ်။
 

ref: messenger

No comments:

Post a Comment