Monday 30 July 2012

မစ္စတာကင်တားနား ရခိုင်ပြည်နယ်သွားမည်



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဇူလိုင်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု၎င်းကသတင်းထောက်များသို့ ယနေ့ပြောကြားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့များကိုပါ သွားရောက်လေ့လာမည်ဟု မစ္စတာကင်တားနားက ပြောသည်။
မစ္စတာကင်တားနားသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက် ညနေကရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်တွင် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ကာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊
 ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် အဖွဲ့အစည်း ၇ ခုနှင့် တွေ့ဆုံရန်
ရှိသည်ဟု သတင်းရရှိသည်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဇူလိုင် ၃၀ တွင် နိုင်ငံတကာမှ သံတမန်များ၊ INGO များ၊ ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းထောက်များကို ခေါ်ယူ၍ တရားဝင်သတင်းထုတ်ပြန်သည်။ ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတကာမှ သံတမန်များကို ရခိုင်ပြည်နယ်သို့ လိုက်လံပို့ဆောင်၍ လက်ရှိအခြေအနေများ
 လေ့လာစေမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ref:7daynews

No comments:

Post a Comment