Friday, 10 July 2015

ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကေ အင်န်ယူသဘောတူ

အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ်ကို ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရေး နိုင်ငံ တော်သမ္မတ၏ သဘောထားကိုက ရင်အမျိုးသားအစည်းအရုံး (KNU) က သဘောတူညီကြောင်း ပြောကြား လိုက်သည်။

သိန်းနီမြို့နယ်တွင် SSPP/SSA အဖွဲ့နှင့် TNLA အဖွဲ့တို့ ပူးပေါင်းပြီး ဒေသခံ တိုင်းရင်းသားများထံမှ လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ

SSPP/SSA နှင့် TNLA ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စု၊ လွယ်ငေါင်းကျေးရွာသို့ ဇူလိုင်လ ၈ ရက်နေ့တွင်ရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများထံမှ လူသစ် ၈ ဦးနှင့် ဆက်ကြေးငွေများအား အတင်းအကြပ်ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရ ပါသည်။

ဒဂုံစီးတီးစီမံကိန်းရပ်စဲပြီးနောက် အခန်းငှားရမ်းသူများနှင့် ရင်းနှီးမြှုပ်နှံ သူများ အတွက် အစိုးရနှင့်အသေးစိတ်ဆွေးနွေးနေ သဘောတူညီမှုအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဟုဆို

Photo Caption: ဒဂုံစီးတီးစီမံကိန်းရပ်စဲပြီးနောက် စီမံကိန်းဆောက်လုပ် မည့်နေရာတွင်ကြော်ငြာထားသည့်ဆိုင်းဘုတ်များကို ဖြုတ်သိမ်းနေစဉ်
Photo: ရဲနောင်(ဖယ်ခုံ)။
ဒဂုံစီးတီးစီမံ ကိန်းရပ်စဲပြီးနောက်အခန်းငှားရမ်းသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရနှင့် အသေးစိတ်ဆွေးနွေးလျက်ရှိပြီး သဘောတူညီမှုအတိုင်း ဆက် လက်ဆောင်ရွက်သွားမည်ဟုသိရသည်။

၉၁၁ ကို အကြောင်းမဲ့ခေါ်ယူသည့် အမျိုးသမီး ဖမ်းဆီးဒဏ်ရိုက်ခံရ

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်က အမျိုးသမီးတဦးဟာ အရေးပေါ်နံပါတ် ၉၁၁ ကို အကြောင်းမဲ့ ခေါ်တဲ့အတွက် သက်ဆိုင်ရာက ဖမ်းဆီးခဲ့တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

လုံခြုံရေးနှင့် စီးပွားရေး အခြေအနေကြောင့် မောင်တောဒေသခံ အချို့ ပြောင်းရွှေ့နေ ထိုင်မှုများလာ

မောင်တော နယ်စပ်ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ကျေးရွာအချို့ ရှိ ဒေသ ခံရခိုင်တိုင်း ရင်းသားများမှာ မူရင်းဒေသကို စွန့် ခွာကာ အခြားမြို့နယ်ဒေသ များ သို့ ပြောင်းရွှေ့နေထိုင်မှု များပြားလာ ကြောင်း သိရှိရသည်။

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင် ကုမ္ပဏီက သိမ်းယူထားသည့် တောင်ယာကုန်းများပေါ်တွင် တောင်ငူမြို့ဒေသခံ မူလပိုင်ရှင်များက ခြံစည်းရိုးခတ်ပြီး ပိုင်ဆိုင်မှုပြုလုပ်

ကောင်းမြန်မာအောင် ကုမ္ပဏီက လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့ ထုံးဘိုကျေးရွာ တောင်ယာစိုက်ပျိုး မြေများပေါ်တွင် ဒေသခံ ၆၀ ခန့်က ၎င်းတို့၏ပိုင်ဆိုင်သော မြေများအဖြစ် ခြံစည်းရိုးခတ်ကာရံမှုများ ပြုလုပ်နေစဉ်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇူလိုင် ၉ ရက်က CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်ဆိုင်သည့်  “ကောင်းမြန်မာအောင်” ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရယူထားသည့် တောင်ငူမြို့နယ် ထုံးဘိုကျေးရွာ တောင်ယာစိုက်ပျိုး မြေများပေါ်တွင် ဒေသခံအင်အား ၆၀ ခန့်က ၎င်းတို့၏ ပိုင်ဆိုင်သောမြေများအဖြစ် ခြံစည်းရိုးခတ် ကာရံမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အထောက်အထားမပါသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှင့် ဖိလစ်ပိုင်နိုင်ငံသူ ဘူးသီးတောင်မြို့တွင် ဖမ်းမိ

အထောက်အထား တစ်စုံတစ်ရာမပါသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား တစ်ဦးနှင့် ဖိလစ် ပိုင်နိုင်ငံသူ တစ်ဦးတို့ကို ဘူးသီး တောင်မြို့ အမြန်ရေယာဉ်ဆိပ် ကမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာပြည်မြောက်ဖျားမြေခွေးများကြားက သနားစရာမီးအိမ်ရှင်မလေးများ အပိုင်း (၁)

လက်ရှိအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အား လက်မှတ်ရေးထိုးရန် ကြန့်ကြာနေစေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် KIA အဖွဲ့သည် ထိပ်ဆုံးကဖြစ်ကြောင်း ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ၊ တိုင်းရင်းသား ညီလာခံများရှိထုတ်ပြန်ကြေညာချက်များက သက်သေပြလျက်ရှိပါသည်။ KIA အဖွဲ့သည် အစိုးရအဆက်ဆက်နှင့် အကြိမ်ကြိမ် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့သော်လည်း တကယ်တမ်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးရန် ၎င်းတို့ အတွက် ရည်ရွယ်ချက်မရှိခဲ့ဘဲ ၀မ်ပေါင်နိုင်ငံအဖြစ် သီးခြား ခွဲထွက်လိုသော ရည်ရွယ်ချက်သာ ထားရှိခဲ့ပါသည်။ သို့ဖြစ်၍ ခေတ်အဆက်ဆက်ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလများတွင် မဖြစ်နိုင်သည့် ခွဲထွက်ရေးတောင်း ဆိုချက်များတောင်းဆိုကာ ၎င်းတို့အဖွဲ့အစည်း လူအင်အား၊ လက်နက်အင်အား၊ စီးပွားရေးအင်အားတောင့်တင်းရန်အတွက်သာ ဆောင်ရွက်ခဲ့ ကြောင်း တွေ့ရှိရပါသည်။

သတ်မှတ်ထားသည့် လစာထက် လျှော့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်အလုပ်ထွက်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ North Shore Group စက်ရုံအလုပ်သမားများကို အလုပ်ခန့်စဉ်က သဘောတူ ထားသည့် လစာထက် လျှော့ပေါ့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်က ဇူလိုင် ၉ ရက်တွင် အလုပ်မှ နုတ်ထွက်လိုက်ကြ သည်။

ကြေးနီရေကရားထဲ ရေထည့်သောက်ခြင်း၏ကောင်းကျိုး

ခေတ်မီရေသန့်စက်တွေ၊ ရေစစ်ပစ္စည်းတွေသုံးနေပြီဖြစ်တဲ့ ယနေ့ ခေတ်မှာ ကြေးနီရေကရားထဲ ရေထည့်သောက်တဲ့ အလေ့အထက ခေတ်နောက်ကျနေပြီလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ သို့ ပေမဲ့လည်း ကြေးနီရေကရားဟာ သဘာဝရေသန့်စင်စက်ဆိုရင် လည်း မမှားပါဘူး။ ကြေးနီရေကရားထဲမှာ တစ်ည ဒါမှမဟုတ် အနည်းဆုံး လေးနာရီလောက်ထည့်ထားပြီးမှ သောက်တာ ပိုပြီး အကျိုးများတယ်လို့ ဆိုပါတယ်။

စင်ကာပူရောက် မြန်မာများအတွက် အိမ်ခြံမြေ အရောင်းပြပွဲ ပြုလုပ်မည်

ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ရည် ရွယ်၍ စင်ကာပူနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ် အိမ်ခြံမြေအရောင်း ပြပွဲကို နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လူစုံတက်စုံ ဖျော်ဖြေမယ့် အိုင်စီရဲ့ မိုးရာသီရော့ခ်ဂီတပွဲ

 အိုင်းရင်းခရော့စ်အဖွဲ့၏ မိုးရာသီရော့ခ် ဂီတပွဲတော်ကို ဩဂုတ် ၁ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်နှင့် DKBA တစ်ပတ်အတွင်း တိုက်ပွဲ(၂၉)ကြိမ် ဖြစ်ပွား

ကရင်ပြည်နယ်ရှိ အာရှ လမ်းမကြီးတွင် တပ်စွဲထားမှုနှင့် ပတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တစ်ပတ်အတွင်း တိုက်ပွဲ(၂၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ တပ်မတော်ပိုင် မြ၀တီသတင်းဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။

လေဖိအားနည်းရပ်ဝန်း မရှိတော့သော်လည်း မုတ်သုံလေကြောင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းမှာ အိန္ဒိယကမ်းခြေဘက်သို့ ၀င် ရောက်သွားပြီဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေဆဲ ဖြစ်သောကြောင့် နေရာကွက် မိုးကြီးမည့် ဒေသများရှိနေသေး သည်ဟု မိုး/ဇလဌာနမှ သတိပေး ထားသည်။

မျက်နှာက အမွေးအမှင်တွေကို ဖယ်ရှားနိုင်တဲ့ သဘာဝနည်းလမ်းတွေ

ထူထဲနက်မှောင်တဲ့ ဆံပင်တွေပိုင် ဆိုင်တာဟာ ကောင်းတဲ့အချက် ဖြစ်ပေမယ့် အပေါ်နှုတ်ခမ်း၊ နားနဲ့ နှာခေါင်းစတဲ့ မျက်နှာပေါ်ကနေ ရာတွေမှာဆိုရင်တော့ ပြဿနာ ရှိလာပါပြီ။ ပုံမှန်ဆိုရင်တော့ မျက်နှာမှာ အမွေးအမှင်ထူထူထဲ ထဲပေါက်လေ့မရှိပေမယ့် မျိုးရိုး ဗီဇနဲ့ ဟော်မုန်းကြောင့် အမွေးထူ တွေရှိနေရင် အန္တရာယ်ကင်းကင်း ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက် နည်းလမ်းလေးတွေဖော်ပြပေး လိုက်ပါတယ်။

တက္ကသိုလ် ၀င်ခွင့်အတွက် မိမိနှစ်သက်ရာ တက္ကသိုလ်များသို့ လျှောက်ထားခွင့်ပြု

ရန်ကုန်− လာမည့်တက္ကသိုလ် ၀င် ခွင့်အတွက် မိမိနှစ်သက်ရာ တက္က သိုလ်များသို့ လျှောက်ထားခွင့်ပြု လိုက်ပြီး နယ်မြေကန့်သတ်ချက်  ကို ပယ်ဖျက်လိုက်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ် တစ်ဦးက ပြောသည်။

ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့တွင် မြန်မာပါဝင်လာ

မြန်မာနိုင်ငံသည် ဓာတု လက်နက်များဆိုင်ရာ သဘောတူ ညီချက်ကို အတည်ပြုလက်မှတ် ရေးထိုးလိုက်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့(OPCW) ၏ အမှတ်စဉ်(၁၉၁)မြောက် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာတော့မည်ဟု OPCW က ဇူလိုင် ၉ ရက်တွင်ကြေညာသည်။

သွေးကင်ဆာရောဂါရှင် ပရိသတ်တစ်ဦးကို ဒေါ်လာငါးသောင်းလှူဒါန်းတဲ့ တေလာဆွစ်ဖ်

အမေရိကန် အဆိုတော်တေလာဆွစ်ဖ်သည် သွေးကင်ဆာရောဂါဖြစ်ပွားနေ သော ပရိသတ်တစ်ဦးအား အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်း ခဲ့သည်။

ဗြိတိန်က လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေါင် ၈၂ သန်း ထောက်ပံ့မည်

လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အနေဖြင့် မြန်မာနိုင်ငံကို ဗြိတိန် နိုင်ငံက ယခုနှစ်အတွင်း ပေါင် ၈၂ သန်း ထောက်ပံ့ရန် လျာထား ကြောင်း ဗြိတိန်အစိုးရ၏ နိုင်ငံတ ကာဖွံ့ဖြိုးရေးဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

ပင်လယ်ပြင်တွင် တရားမ၀င် ကုန်သွယ်မှုများ စတင်ဖမ်းဆီးမည်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ တရားမ၀င်ကုန်သွယ် မှု တားဆီးရေးအဖွဲ့ (Mobile Team) နှင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့ပင် လယ်ပြင်တွင် တရားမ၀င်ကုန်သွယ် မှုများနှင့် မှောင်ခို ပစ္စည်းများကိုစတင်ဖမ်းဆီးမည်ဟု သတင်းရရှိသည်။