Tuesday, 28 April 2015

မိချောင်းကန် သပိတ်စခန်းမှ ၁၄ဦး ငါးကြိမ်မြောက်ရုံးချိန်း တွင်ကျောက်တံတား အုပ်ချုပ်ရေးမှူးကို စစ်ဆေး

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်မှ သိမ်းဆည်းမြေ များပြန်ရရေးအတွက် ၁၁ လကြာ သပိတ် စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့၍ တရားစွဲဆို ခံထားရသည့် မိကျောင်း ကန်ဒေသခံ ၁၄ဦးကို ဧပြီလ၂၈ရက်က ငါးကြိမ်မြောက် ရုံးချိန်း ကိုကျောက် တံတားနှင့် လသာ တရားရုံးနှစ်ခု တွင်ပြုလုပ် ခဲ့သည်ဟု တရားစွဲခံရသူ ကိုမောင်မောင် ကပြောသည်။

“၀” ဒေသက မူးယစ်ရာဇာတွေ ဘာအကျိုးကို မျှော်ကိုးပြီး တိုင်းရင်း သားညီလာခံလုပ်ခွင့်ပေးတာလဲ ?

လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ မသက်ဆိုင်တဲ့ အရေးကိစ္စတွေကို ကြည်ဖြူစွာ ဆောင်ရွက်ပေးတယ်ဆိုရင် သူ့အတွက် အကျိုးတစ်ခုခုရလို့သာ ဖြစ်ပါတယ်။ ဒါဟာ ပုထုဇဉ်တွေ ရဲ့ ဖြစ်လေ့ဖြစ်ထနိယာမ တစ်ခုပါ။ အခု“၀”ဒေသ၊ ပန်ဆန်းမှာ စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ “၀” ဒေသက မူးယစ်ရာဇာ တွေ ကိုယ်နဲ့မဆိုင်တဲ့ တိုင်းရင်းသားညီလာခံကို သဘောတူ ကြည်ဖြူစွာ လက်ခံကျင်းပပေးတာ ထူးဆန်းတာတော့ အမှန်ပါပဲ။

အမေရိကန်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မူးယစ်ရာဇာတွေ “၀” ဒေသမှာ မူးယစ်ဆေးဝါးများ တန်ချီ ထုတ်နေ

လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက ထိုင်း - မြန်မာ နယ်စပ်မှာ “၀” ဒေသထုတ် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၈) သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီးရမိတဲ့သတင်း အွန်လိုင်းမှာ ဟိုးလေးတကျော် ပျံ့နှံ့လာတာတွေ့ရပါတယ်။ တစ်နေရာတည်းမှာ ဖမ်းမိတာတောင် စိတ်ကြွဆေးပြား ၈ သိန်းဆိုတော့ “၀” ဒေသတစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင် တန်ချီထုတ်လုပ် ဖြန့်ဖြူးနေတယ်လို့ ဆိုနိုင်ပါတယ်။

နီပေါငလျင် တွင်နိုင်ငံလူဦးရေ ၏လေးပုံတစ်ပုံဘေး ဒုက္ခကြုံ၊ တစ်သန်းခွဲ နီးပါး အစားအစာ အကူအညီ လိုအပ်နေ

နီပေါငလျင်ဘေးဒုက္ခကြုံတွေ့နေရသူပေါင်းသည် နိုင်ငံ့လူ့ဦးရေ၏လေးပုံ တစ်ပုံကျော်ရှိပြီး ရှစ်သန်းရှိနေ ကြောင်း ကမ္ဘာကုလသမဂ္ဂ ကပြောသည်။

မေဒေးအထိမ်းအမှတ် ပုသိမ်တွင် အားကစားပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူဦးရေ သုံးသိန်းနီးပါးခန့်ရှိခဲ့

မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်နိုင်ငံကူးလက် မှတ်အသစ် လျှောက် ထား သူ အရေ အတွက်မှာ နှစ်စဉ်မြင့် တက်လျက်ရှိပြီး လွန်ခဲ့သည့်၂၀၁၄ ခုနှစ်က နိုင်ငံကူး လက်မှတ်အသစ်လျှောက်ထား သူဦး ရေ မှာ သုံးသိန်းနီးပါး ခန့်ရှိကြောင်း နိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ သိ ရသည်။

ဝါးတန်းဆိပ်ကမ်းအနီးတွင် နစ်မြုပ်သွားသည့် ကျောက်စရစ်တင် တွန်း သင်္ဘောကို ပြန်လည်ဆယ်ယူနေ


ဝါးတန်းဆိပ် ကမ်းအနီး နစ်မြုပ်ခဲ့သည့်ကျောက် စရစ်တင်တွန်းသင်္ဘောကို ရေကြောင်း လမ်းရှင်းလင်းစေ ရန် ဆယ်ယူမှုများပြု လုပ်နေပြီဖြစ်ကြောင်း ရေကြောင်းဦးစီး ဌာနမှ သိရသည်။

နိုင်ငံတစ်ဝန်း မိုးများဆက်လက်ရွာသွန်းနိုင် မိုးရွာသွန်းရင်း မုတ်သုံဝင်ချိန်သို့ ရောက်သွားနိုင်ဟုဆို

ယခုရက်ပိုင်း အတွင်း နိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်း ရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ပြီး၊ မိုး ရွာရင်းမုတ်သုံ ဝင်ချိန်သို့ ရောက်ရှိ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

မြန်မာ-တရုတ် နယ်စပ်ငြိမ်းချမ်းရေး မပျက်ပြားစေရန် ထိန်းသိမ်းနေဟု တရုတ်သမ္မတ ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံသည် နယ်စပ်ဒေသ ငြိမ်းချမ်းရေး မပျက်ပြားစေရန် ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

တစ်နေ့နေ့တွင် လီဗာပူးလ် အသင်း အမှတ်ပေး ချန်ပီယံ ပြန်ဖြစ်လာမည်ဟု ရော့ဂျာယုံကြည်

အမှတ်ပေး ချန်ပီယံဆုနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေမှုကို လီဗာပူးလ် အဆုံးသတ်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း အသင်းမန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားသွားခဲ့သည်။

(၂၆)ကြိမ်မြောက်အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေး၌ အာဆီယံ အနေဖြင့် ပြင်ပဆက်ဆံရေးကို တိုးချဲ့ ရာ တွင် အာဆီယံ ၏ ရည်မှန်းချက် များကို အထောက်အကူပြုမှုနှင့် အာဆီယံ၏ ထိတွေ့ နိုင်စွမ်းအားနှင့် ကိုက်ညီ မည့် တိုးချဲ့မှုများကို ဆောင်ရွက်သွားရန်

asean-suumitဧပြီ ၂၇ ရက်က မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံ ခေါင်းဆောင် များကို တွေ့ရစဉ်။  ဓာတ်ပုံ - ပြန်/ဆက်
အာဆီ ယံအနေဖြင့် ပြင်ပဆက်ဆံရေးကို တိုးချဲ့ရာတွင် အာဆီယံ၏ ရည်မှန်း ချက်များကို အထောက် အကူပြုမှု နှင့် အာဆီယံ၏ ထိတွေ့နိုင်စွမ်း အားနှင့် ကိုက်ညီမည့် တိုးချဲ့မှု များ ကို ဆောင်ရွက်သွားရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က အကြံပြုဆွေး နွေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဧပြီ ၂ရ ရက် နံနက် ၉ နာရီ ခွဲတွင် မလေးရှားနိုင်ငံ ကွာလာလမ် ပူမြို့၌ ကွာလာလမ်ပူ ကွန်ဗင်းရှင်း စင်တာ၌ကျင်းပသည့် (၂၆) ကြိမ် မြောက် အာဆီယံ ထိပ် သီး အစည်း အဝေးဖွင့်ပွဲအခမ်း အနားနှင့် မျက်နှာ စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ မျက်နှာစုံညီအစည်းအဝေးတွင် ယင်းကဲ့သို့ အကြံပြု ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

မူလတန်းအဆင့် ကျောင်းသားတိုင်း ကျောင်းစိမ်းအင်္ကျီများ ဇွန်လကုန် စပေးမည်

ပညာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှ မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းလခနှင့် ပြဌာန်း စာအုပ်များ အခမဲ့သတ်မှတ်ပေးထားသည့်အပြင် ကျောင်းစိမ်းဝတ်စုံ တစ်စုံစီကို လာမည့် ဇွန်လကုန်တွင် စပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့အချို့ နီပေါကဲ့သို့ အင်အားပြင်း ငလျင်ကြီး အန္တရာယ်ကို သတိပြုရန်လိုဟုဆို

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့အချို့မှာ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကဲ့သို့ မြေငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိသည့် အတွက် သတိပြုနေထိုင်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။

NLD ပါတီ အောင်နိုင်ရေး အတွက် မေလဆန်းတွင် သင်တန်းပေးမည်

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီဝင်များကို မေလဆန်းတွင် သင်တန်းပေး သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မှ တိုင်းအလုပ် အမှုဆောင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။ သင်တန်းမှာ မဲစာရင်းကို ပြည်သူလူထု စောင့်ကြည့်ဖို့ အတွက် ဘယ်လို ဆော်သြရ မယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ တွေမှာ ဆောင်ရန် ရှောင်ရန်တွေကို သိဖို့ပါ ဟု ဦးတင်ထွဋ်ဦးက ပြောသည်။

ရုရှားသင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ခဲ့သည့် မြန်မာသင်္ဘောသား ၄၂ဦး၏ မိသားစုဝင်များနှင့် ကုမ္ပဏီများ ဧပြီ ၃ဝရက်တွင်တွေ့မည်

မြန်မာသင်္ဘောသားများကို ရုရှားဘက်ကပေးသော နစ်နာကြေးအပြင် မြန်မာသင်္ဘောကုမ္ပဏီများ ဘက်က လည်း ထပ်ပေးရမည်ဟုဆို
ရုရှားငါးဖမ်း သင်္ဘောတိမ်းမှောက်ရာတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား သင်္ဘော သား ၄၂ဦး၏ မိသားစုဝင် များနှင့် ယင်းတို့ကို ပို့ဆောင်ခဲ့သည့်ကုမ္ပဏီများ ဧပြီ ၃ဝရက်တွင် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း သိရ သည်။

နီပေါ ငလျင်ဘေးသင့်သူတွေ ၈ သန်း ရှိနေပြီ

နီပေါနိုင်ငံမှာ ဧပြီ၂၅ ရက်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရတဲ့သူ ၈ သန်းထိ ရှိသွားပြီလို့ ကုလသမ္မဂ က ပြောကြားလိုက်ပါတယ်။ 

မိုးလေဝသသတိပေးချက်များကို မိုဘိုင်းဖုန်းများသို့ အခမဲ့ SMS ပေးပို့နိုင်ရန် လုပ်ဆောင်နေသော် လည်း ငွေကြေးပိုင်း အခက်အခဲဖြစ်နေဟုဆို

မိုးလေဝသဆိုင်ရာ သတိပေးချက်များကို မိုဘိုင်းဖုန်းများ သို့ SMS စနစ်ဖြင့် အခမဲ့ပေးပို့ပြီး သတိပေးနိုင်ရန် လုပ်ဆောင်နေသော်လည်း ငွေကြေးပိုင်းမှာ အဓိကအခက် အခဲဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

ဝင်းစိန်တောရ ဆရာတော် ရုပ်ကလာပ်ကို အမြဲတမ်း ပူဇော်ခံထားမည်

မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာရှိ အတောင် ၄၀၀ နှင့် ၆၀၀ ပြည့် လျောင်းတော်မူ ဘုရားများကို ဦးစီးတည်ထားကိုးကွယ်ခဲ့သည့် ဝင်းစိန်တောရ ဆရာတော်၏ ရုပ်ကလာပ်အား အမြဲတမ်း ပူဇော်ခံထားသွားမည်ဟု ဝင်းစိန်တောရကျောင်းထံမှ သိရသည်။

၂၀၁၅တွင် ဧရာဝတီကို ကရင့်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ကို ဖလုံ/စဝေါ် တို့က အဓိကထားပြိုင်မည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ဧရာဝတီတိုင်းတွင် ကရင်ပြည်သူ့ပါတီနှင့် ကရင်ပြည်နယ်ကို ဖလုံ/ စဝေါ် ပါတီတို့က အဓိကထား ယှဉ်ပြိုင်ကြမည်ဟု ပါတီတာဝန်ရှိသူများက ဧပြီ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကြေးအိုးတွင် ပိုးကောင်ပါမှု YKKO တောင်းပန်

YKKO ကြေးအိုးတွင် ပိုးကောင်ပါဝင်နေကြောင်း အင်တာနက် လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ပြီးကာ ဝေဖန်မှုများ ထွက်ပေါ်လာပြီနောက် YKKO က ဧပြီ ၂၇ ရက်တွင် ပြန်လည်တောင်းပန်လိုက်သည်။