Sunday, 1 February 2015

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအပြည့်ဖြင့် ရဲရင့်စွာ လုပ်ကိုင်ရန် ကေအင်န်ယူဥက္ကဋ္ဌပြော

ပြောင်းလဲလာသည့် နိုင်ငံရေးအခင်းအကျင်းအပေါ် တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းတွင် ယုံကြည်မှု အပြည့်ဖြင့် ရဲရင့်စွာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ရန် (၆၆) နှစ်မြောက် ကရင်အမျိုးသား တော် လှန်ရေး နေ့တွင် ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပြောသည်။

ဧရာဝတီဘဏ်တွင် အပ်နှံငွေပေါင်း ကျပ် ၁ဒသမ ၅ ထရီလီယံရှိ

ဧရာဝတီဘဏ်ဖွင့်လှစ် ပြီး နှစ်အနည်းငယ်အတွင်း ငွေ အပ်နှံသူများ၏ ယုံကြည်မှုများရရှိ လာသောကြောင့် လက်ရှိတွင် ဘဏ်အပ်ငွေပေါင်း ၁ဒသမ ၅ထ ရီလီယံ(ဘီလီယံပေါင်း ၁,၅၀၀ ကျပ်)ရှိလာပြီဖြစ်ကြောင်း သ တင်းရရှိသည်။

သန်းခေါင်စာရင်းထုတ်ပြန်ရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထက် ပိုများလာနိုင်

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး တိုင်းရင်း သားအရေအတွက် မူလရှိသည့် ၁၃၅ မျိုးထက်ပိုများလာရန်ရှိ ကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ပြောသည်။

ယခုနှစ်ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်အစိုးရ ကြီးမှူးကျင်းပပေးမည်



လာမည့် ဗိုလ်ချုပ်မွေးနေ့တွင် ကလေးများနေ့ အခမ်းအနားကျင်းပရန် အစိုးရက ဇန်န၀ါရီ ၃၀ ရက်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ − moi)

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခင်နှစ်များတွင် အစိုးရ ကကြီးမှူးကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင်နိုင်ငံအနှံ့၌ ကျင်းပပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဒုတိယ​မြောက် ဂျပန်​ဓားစာခံ ကို ခေါင်း​ဖြတ်သတ်​တဲ့ ဗီ​ဒီ​ယို IS တွေ ထု​တ်ပြန်


အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို ကို ခေါင်းဖြတ် သတ်လိုက်တာ ကို ရိုက်ပြ ထားတာ လို့ ယူဆရ တဲ့ ဗီဒီယို ထုတ်ပြန် လိုက်ပါ တယ်။

Saturday, 31 January 2015

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေချိန်တွင် အစိုးရ အရာရှိများ မိမိကိုယ်မိမိ သတ်သေမှုများဖြစ်ပေါ်နေမှုကို တရုတ်စုံစမ်း


အစိုးရအရာရှိတချို့သည် အဂတိလိုက်စားမှုဖြိုခွင်းမှုမှ လွတ်မြောက်စေရန် မိမိကိုယ်မိမိသေကြောင်း ကြံစည်မှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လာ ပြီးနောက် အရာရှိများကြား ပုံမှန် မဟုတ်သော သေဆုံးမှုများ နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရုတ်အာဏာရကွန်မြူနစ်ပါတီက အမိန့်ပေးခဲ့ကြောင်း ဇန်နဝါရီ ၂၉ရက်က အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်ဟု CNA သတင်းများ အရ သိရသည်။

ခေါင်းလျှော်ဖို့ အဆင်မပြေ၊ အချိန်မရှိတော့တဲ့အခါ သင့်ရဲ့ဆံပင်ကို ပြင်ဆင်သွားနိုင်မယ့် နည်းလမ်း (၅) သွယ်


ခေါင်းမလျှော်ရသေးလို့ ဆံပင်တွေက ညစ်ပတ်နေတယ်လို့ ခံစားနေရပါသလား။ ဒီလိုအချိန်မျိုး အပြင် ထွက်ဖို့ပါ ကြုံလာရတဲ့အခါ ဆံပင်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုပြီး ခေါင်းမစားရလေအောင် အကြံ ကောင်း လေးတွေ ပေးချင်ပါတယ်။

စောလူးမင်းကျောက်စာတွင် ရေးထိုးထားသော ဘာသာစကား များကို အတည်ပြုနိုင်ခြင်း မရှိသေးဟုဆို


စောလူးမင်းကျောက်စာတွင် ရေးထိုးထားသော ဘာသာစကားများကို ပညာရှင်များ လေ့လာရာ၌ ကွဲလွဲ ချက်များ ဖြစ်ပေါ် နေသောကြောင့် ယခုအချိန်ထိရေး ထိုးထားသည့် ဘာသာစကားကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပနိုင်ရေး အစိုးရဝန်ကြီးဌာနများသို့ ဖိတ်စာပို့ထားသော်လည်း တုံ့ပြန် မှုမရသေးဟုဆို


ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် အစိုးရဝန်ကြီးဌာနများသို့ ဖိတ်စာပို့ထားသော်လည်း တုံ့ပြန် မှုမရသေးကြောင်း ရာပြည့်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ (နတ်မောက်)မှ ဥက္ကဋ္ဌ ဦးဝင်းမော်က ဇန်န၀ါရီ ၃၀ ရက်က ပြောကြားလိုက်သည်။

အတိတ်၏အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် မန်းစည်ပင်မှ စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိ

Photo: အတိတ်၏အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် မန်းစည်ပင်မှ စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိ
Saturday, January 31, 2015

မန္တလေး မြို့တော်ကို အစိမ်းရောင်မြို့တော် (Green City) အဖြစ် တည်ဆောက် ရာတွင် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သည့် မြို့ပြဖွံ့ဖြိုးမှုထိန်းသိမ်းရေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာ၌ အချိုး ကျဆောင်ရွက် နိုင်ရေးအတွက် ရေရှည်စီမံကိန်းရေးဆွဲလုပ်ဆောင် လျက်ရှိ ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဒြပ်ရှိ/ ဒြပ်မဲ့အမွေအနှစ်စသည် ဖြင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ သဘာဝ အမွေအနှစ်အဖြစ် မန္တလေးမြို့တွင် အောင်ပင်လယ်ကန်၊ တက်သေးအင်း (မန္တလေးကန်တော်ကြီး)နှင့် တောင်သမန်အင်းတို့တည်ရှိပြီး လူမှုရေးအစဉ်အလာ အလေ့အထများ၊ ရိုးရာဓလေ့များ၊ ပွဲတော်များ၊ ရိုးရာလက်မှုပညာရပ် များနှင့် ပါးစပ်ရာဇဝင်နှင့်ဖော်ပြ ချက်များ၊ ဘာသာစကားများသည် ဒြပ်မဲ့အမွေအနှစ်အဖြစ် တည်ရှိနေ ဆဲဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အမျိုး သားယဉ်ကျေးမှုဇုန်များတွင် ပါရှိ သည့် ရှေးဟောင်းအဆောက် အ အုံ ဒြပ်ရှိအမွေအနှစ်အဖြစ် ပြည် ကြီး တံခွန်မြို့နယ်တွင် ခြောက်ခု၊ ချမ်း အေးသာစံမြို့နယ်တွင် ခြောက်ခု၊ မဟာအောင်မြေမြို့နယ်တွင် ၁၀ ခု၊ အောင်မြေသာစံမြို့နယ်တွင် ၃၁ ခု၊ ချမ်းမြသာစည်မြို့နယ်တွင် ၁၁ ခုနှင့် အမရပူရမြို့နယ်တွင် ၂၀ စုစုပေါင်း ၈၄ခုတည်ရှိသည်။

''မန္တလေးမြို့တော်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်ဘုရားများ ၏ ဂေါပကအဖွဲ့များ လိုက်နာရန် စည်းကမ်းချက် ၁၂ရပ်၊ အဆောက်အအုံများ၊ ဘုရားပရိဝုဏ်များအ တွင်း ဘုရားနယ်မြေ၊ နယ်နိမိတ်နှင့် သက်ဆိုင် သည့် ဈေးဆိုင်များလိုက် နာရန် စည်ကမ်းချက် ၁၀ ချက်အပြင် ယဉ်ကျေးမှု အမွေအနှစ်အ ဆောက်အအုံများအနီးတွင် အဆောက်အအုံအသစ် တည်
ဆောက် ခြင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်သော စည်းကမ်း ချက်များသတ်မှတ်ရန် လုပ်ဆောင်လျက်ရှိပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်ဟူ သည် ''အတိတ်၏ အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ်၊ အနာဂတ်အတွက် အင်အားဖြစ်ရာ မန္တလေးမြို့ရှိဒြပ် ရှိယဉ်ကျေးမှု အမွေအနှစ်များက မြို့တော်၏ ဂုဏ်ကို တင့်တယ်ဝင့်ထည်စေပြီး ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များက မြို့တော်သူ၊ မြို့တော်သားများ၏ ဂုဏ်ကို ပြ သဖော်ဆောင် နေခြင်းဖြစ်၍ ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ် များကို ထိန်းသိမ်းစောင့် ရှောက်သင့်ပေသည်။

AXE
Democracytoday
မန္တလေး မြို့တော်ကို အစိမ်းရောင်မြို့တော် (Green City) အဖြစ် တည်ဆောက် ရာတွင် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သည့် မြို့ပြဖွံ့ဖြိုးမှုထိန်းသိမ်းရေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာ၌ အချိုး ကျဆောင်ရွက် နိုင်ရေးအတွက် ရေရှည်စီမံကိန်းရေးဆွဲလုပ်ဆောင် လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

တရားမဝင်လမ်းကြောင်းမှ ထွက်ပြေးသည့် နိုင်ငံခြားသား များကို နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်

မန္တလေးတိုင်းဒေသကြီးအတွင်း ဗီဇာသက် တမ်း ကျော်လွန်နေထိုင်သော်လည်း ငွေကြေးပေးဆောင်မှု မရှိဘဲ တရားမ ဝင်လမ်းကြောင်းမှ ထွက်ပြေးသွား သည့် နိုင်ငံခြားသားများကို နောက် တစ်ကြိမ် ပြန်လည် ဝင်ရောက်ခွင့်ပြု တော့မည်မဟုတ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင် ရေး ဦးစီးဌာနမှ သိရသည်။

ဘူးသီးတောင်ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးထားသူသုံးဦးကို ပုဒ်မ နှစ်ခု ဖြင့် တရားစွဲဆိုထား၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရပါက ဥပဒေနှင့် အညီ ဆက်လက်တရားစွဲမည်

၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ရက်က ဘူးသီးတောင်မြို့နယ် ထွေ/ အုပ်ရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ဖမ်း ဆီးထားသူ ဘင်္ဂါလီသုံးဦးကို ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားရာ အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရပါက ပေါက်ကွဲ စေတတ်သော အရာဝတ္ထုများအက် ဥပဒေဖြင့် ဆက်လက်တရားစွဲဆို သွားမည်ဖြစ်ကြောင်း ခရိုင်ဥပဒေရုံး မှ သိရသည်။

မိုးပျံပူဖောင်းဖြင့် ပစိဖိတ်သမုဒ္ဒရာကိုကျော်ဖြတ်သူများ စံချိန်ချိုးရန် ရည်ရွယ်


Albuquerque မှ ထရွိုင်ဘရက်ဒ်လီနှင့် ရုရှားမှ လီယိုနစ်တုယာအေးဗ် တို့သည် ဓာတ်ငွေ့ဖြည့် မိုးပျံ ပူဖောင်း စီး၍ ပစိဖိတ်သမုဒ္ဒရာ ကို ကျော်ဖြတ်ကြသည်။ သူတို့သည် Eaglesဟုသာ အမည်ပေးထား သည့် မိုးပျံပူဖောင်းနှစ်လုံးဖြင့် ပစိဖိတ်သမုဒ္ဒ ရာကို ဖြတ်ကျော်ကြခြင်းဖြစ်သည်။

2NE1က CLဟာ ကိုရီးယားနိုင်ငံရဲ့ အမိုက်ဆုံး အနုပညာရှင်လို့ အမေရိကန် ရက်ပ်ပါပရိုဂျူဆာ Bobby Brackin က ဖွင့်ဟ


အမေရိကန် ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ Bobby Brackin နဲ့ မကြာခင်က ပြုလုပ်တဲ့ Vice မဂ္ဂဇင်းရဲ့ အင်တာ ဗျူးတစ်ခုမှာ သူက 2NE1က CL အကြောင်း ပြောသွားသလို သူမဟာ နောက်ထပ် ရော့ခ်အဖွဲ့ Florence and the Machine နဲ့ အလုပ် တွဲလုပ်ဦးမှာ ဖြစ်တဲ့အကြောင်း ကိုပြောပြသွားပါတယ်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီကြောင့် နစ်နာခဲ့သူများ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်မည်

ဆောက်လုပ်ရေး လောကတွင် နှစ်၂၀ ကျော် အောင်မြင်မှု ရရှိပြီးနောက် ကျပ်သိန်းပေါင်း သောင်းချီသော ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ငွေကြေးနစ်နာသူများက ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့တော်ရှိ ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်၌ ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်ဆန္ဒထုတ်ဖော်မည့် လတရားလွှတ်တော်ရှေ့နေ ရောဘတ် စန်းအောင် က ပြောကြားသည်။

ပါကစ္စတန်တွင် ပက်ရှ်ဝါစာသင်ကျောင်း တိုက်ခိုက်ခံရပြီးနောက် ဆရာ၊ ဆရာမများကို သေနတ်ကိုင်ခွင့်ပြု


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ စာသင်ကျောင်းအား တာလီဘန် စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစိုးရက အနောက်မြောက်ပိုင်း ဒေသရှိ ဆရာ၊ ဆရာမများကို သေနတ်ပစ် သင်တန်း များပေးကာ သေနတ်ကိုင်ဆောင်ခွင့် ပြုလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံတွင် မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပလိုကြောင်း ကမ်းလှမ်း

 Miss Universe 2015  ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပပေးရန် မယ် စကြ၀ဠာ အဖွဲ့အစည်းဘက်မှ ကမ်းလှမ်းခဲ့ကြောင်း Miss Universe Myanmarအဖွဲ့အစည်း၏ NationalDirector ဒေါ်စိုးယုဝေက ပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအား ဟန့်တားချေဖျက်၍မရကြောင်း သူရဦးရွှေမန်းပြော

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်း ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ဆုံးဖြတ် ထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဟန့်တားချေဖျက်လို့ မရကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ ၇၆ဝတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ရန် စီမံထားရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

Photo: ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ ၇၆ဝတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ရန် စီမံထားရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား
Saturday, January 31, 2015

ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ဆေးဝါးကုသမှု အစီအစဉ် ဆောင်ရွက်ပေးမည့် ဆေးရုံများအနေဖြင့် ဗဟိုအဆင့် ပြည်သူ့ဆေး ရုံကြီး ၉၀၊ တိုင်း/ပြည် နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၇ရုံ၊ ခရိုင်အဆင့် ပြည် သူ့ဆေးရုံ ၂၉ရုံ၊ မြို့ နယ်အဆင့် ပြည်သူ့ဆေးရုံ ၅၂ရုံနဲ့ တိုက်နယ်ဆေးရုံ ၅၅၂ရုံကို ဆောင် ရွက်ရန်စီမံ ထားရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဇန်နဝါရီ ၂၉ရက်တွင် ကျင်းပသည့် ပထမအ ကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်းနှင့် ၂၀၁၅ခု နှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းနှင့် ပတ် သက်ပြီး ရှင်းလင်းတင်ပြရာတွင် ပြော ကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ''ဓာတ်ခွဲမှုအားလုံးကို အခ မဲ့ဆောင်ရွက်ပေးခြင်း၊ ဓာတ်မှန်နဲ့ ရော ဂါရှာဖွေခြင်းအားလုံးကို CT စကရင် MRI ကင်မရာအပါအဝင် အားလုံး အခမဲ့ဆောင်ရွက်ပေးမှာဖြစ်ပြီး ဆေး ဝါးများအခမဲ့ပေးခြင်း၊ ရေရှည်သုံးစွဲ ရမယ့်ဆေးဝါးများ၊ ဥပမာ နှလုံး၊ သွေး တိုး၊ ဆီးချို၊ ကင်ဆာရောဂါများအ တွက် စဉ်ဆက်မပြတ် ဆေးဝါးများ ထုတ်ပေးခြင်း၊ ခွဲစိတ်ကုသမှုအားလုံး ကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်း အမျိုးသမီးများ မီးဖွားခြင်းနဲ့ မွေးကင်း စကလေးများ ပြုစုခြင်းအပါအဝင် အထူးကုသမှု များ၊ ကျောက်ကပ်ဆေး ခြင်းများကို အခမဲ့ဆောင်ရွက်နိုင် အောင် စီစဉ်လျက်ရှိပါတယ်။ ထို့အ ပြင် သွားနုတ်ခြင်း၊ သွားကျောက်ခြစ် ခြင်းနဲ့ သွားဖာခြင်းများကို အခမဲ့ ဆောင်ရွက်ပေးရန်ဖြစ်ပြီး အကျုံးမ ဝင်သော ကုသခြင်းများကိုလဲ သတ် မှတ်ထားရှိပါတယ်။ သွားစိုက်ခြင်း၊ ကော်စမက် တစ်ထရီးမင့် အလှဆိုင် ရာကုသမှုများ၊ အစားအသောက်နဲ့ ခရီးစရိတ်များကို လူနာစောင့်အတွင်း စရိတ်နဲ့ အထူးခန်းအတွင်းစရိတ်များကိုတော့ ကျခံခြင်းရှိမှာမဟုတ် ကြောင်း တင်ပြအပ်ပါတယ်'' ဟု လွှတ်တော်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံများတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ပေးရာတွင် လုပ်ငန်းစီမံချက်များ ချမှတ်ထားမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ''ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ထိုသို့ဆောင် ရွက်မှုအတွက် ရန်ပုံငွေသုံးစွဲရာ တွင် အချိုးအစားအတိုင်း အကျိုးရှိရှိ ဖော်ဆောင်ရန် ချမှတ်ထားတဲ့အချက် များကတော့ ထိရောက်မှုရှိရေး၊ အ ကျိုးရှိရှိအသုံးပြုရေး၊ ကဏ္ဍအလိုက်၊ ဒေသအ လိုက် မျှတစွာအသုံးပြုရေး တို့ဖြစ်ပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဓိကလုပ် ငန်းဖြစ်တဲ့ ဆေးဝါးကုသမှုကို အကောင်အထည်ဖော်ဆောင်ရာမှာ ပြည်သူတွေရဲ့ ဝန် ဆောင်မှုပေးနိုင်ရန်အတွက် သတ်မှတ်ထားတဲ့ အချက်သုံးချက် နဲ့ ပြည့် စုံအောင် ရေရှည်အနေဖြင့်ထားရှိကြောင်း တင်ပြလိုပါတယ်'' ဟု ဆက် လက်ပြောကြားခဲ့သည်။

MO
Democracytoday
ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ဆေးဝါးကုသမှု အစီအစဉ် ဆောင်ရွက်ပေးမည့် ဆေးရုံများအနေဖြင့် ဗဟိုအဆင့် ပြည်သူ့ဆေး ရုံကြီး ၉၀၊ တိုင်း/ပြည် နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၇ရုံ၊ ခရိုင်အဆင့် ပြည် သူ့ဆေးရုံ ၂၉ရုံ၊ မြို့ နယ်အဆင့် ပြည်သူ့ဆေးရုံ ၅၂ရုံနဲ့ တိုက်နယ်ဆေးရုံ ၅၅၂ရုံကို ဆောင် ရွက်ရန်စီမံ ထားရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဇန်နဝါရီ ၂၉ရက်တွင် ကျင်းပသည့် ပထမအ ကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်းနှင့် ၂၀၁၅ခု နှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာဥပဒေကြမ်းနှင့် ပတ် သက်ပြီး ရှင်းလင်းတင်ပြရာတွင် ပြော ကြားခဲ့သည်။

မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများ စတင်ပို့လွှတ်

Photo: မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများ စတင်ပို့လွှတ်
Saturday, January 31, 2015

မြန်မာ- တရုတ်ရေနံ စိမ်းပိုက်လိုင်းမှ ရေနံစိမ်းများကို ဇန်န၀ါရီ ၃၀ ရက်မှ စတင်၍ တရားဝင်ပို့လွှတ်သည်။

၇၇၀ ကီလိုမီတာ (မိုင် ၄၈၀) ရှည်လျားသော ရေနံစိမ်းပိုက်လိုင်းသည် မဒေး ကျွန်းမှ တစ်ဆင့်တိုင်းနှင့် ပြည် နယ်လေးခုကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ ပေးပို့မည်ဖြစ်သည်။

နှစ်စဉ်ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့ဆောင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဒေသအချို့ကို ခွဲဝေ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းဌာနက သတင်းထုတ် ပြန်သည်။

အဆိုပါစီမံကိန်းကို မြန်မာ အစိုးရနှင့် တရုတ်နိုင်ငံ CNPC ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရှိသည်။ မြန်မာအစိုးရက ယင်းပ မာဏ၏ ထက်ဝက်နီးပါးဖြစ်သောအမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၄ဘီလီယံ ပါဝင်ရင်းနှီးမြှုပ်နှံ ရန် သဘောတူထားသည်ဟု ဆိုသည်။

ထိုရေနံစိမ်းပိုက်လိုင်းစီမံ ကိန်းကြောင့် ကမ္ဘာ့ထိပ်တန်းရေနံ စိမ်းဝယ်ယူသူ တရုတ်နိုင်ငံသည် မလက္ကာရေလက်ကြားမှ တစ်ဆင့်ရေနံသယ်ယူပို့ဆောင် နေရခြင်း ကို လျော့ကျသွားစေမည်ဖြစ် သည်။

7Day DAILY
မြန်မာ- တရုတ်ရေနံ စိမ်းပိုက်လိုင်းမှ ရေနံစိမ်းများကို ဇန်န၀ါရီ ၃၀ ရက်မှစတင်၍  တရားဝင်ပို့လွှတ်သည်။