Sunday 1 February 2015

ယခုနှစ်ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်အစိုးရ ကြီးမှူးကျင်းပပေးမည်



လာမည့် ဗိုလ်ချုပ်မွေးနေ့တွင် ကလေးများနေ့ အခမ်းအနားကျင်းပရန် အစိုးရက ဇန်န၀ါရီ ၃၀ ရက်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ − moi)

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခင်နှစ်များတွင် အစိုးရ ကကြီးမှူးကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင်နိုင်ငံအနှံ့၌ ကျင်းပပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံကလေးများနေ့ အဖြစ်သတ်မှတ်ထားသည့် ဗိုလ် ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်း ရှိ မြို့များ၌ အထိမ်းအမှတ်အခမ်း အနားများ ကျင်းပသွားမည်ဖြစ်ကြောင်း လူမှု ၀န်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၁၃ ရက်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေး များနေ့ဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့များ၌ အထိမ်းအမှတ်အခမ်း အနားများ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံကလေးများနေ့ကျင်းပရေး စီမံချက်ကို တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ ဖြန့်ဝေထားပြီး ဖြစ် ကြောင်း မြန်မာနိုင်ငံကလေးများ နေ့အခမ်းအနားကျင်းပရေး ဦး စီးကော်မတီနာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ် အုန်းခင်က ပြောကြားခဲ့ကြောင်း မြန်မာ အစိုးရပိုင် သတင်း ဌာနများက သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်သည် မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ကျယ်ကျယ် ပြန့်ပြန့်ကျင်းပ နိုင်ခဲ့ခြင်းမရှိပေ။

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာ နိုင်ငံကလေးများနေ့အဖြစ် သတ် မှတ်ထားသော်လည်း ပြည်ထောင်စုအစိုးရက အခမ်းအနားများ ဦးဆောင်ကျင်းပလေ့မရှိသောကြောင့် အများပြည်သူများမသိရှိကြကြောင်း ဒေါ်အောင် ဆန်း စု ကြည်က ဝေဖန်ခဲ့သည်။

‘‘ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တယ်ဆို တာက ကလေးတွေက ဖေဖေနဲ့ ပတ်သက်လို့ ကောင်းတဲ့ အရည် အချင်းတွေ အားကျအောင်၊ ဒီလို အရည်အချင်းတွေမွေးပြီး ကြိုး စားရအောင်ဆိုပြီး သတ်မှတ်ထား တာပါ’’ဟု ပျဉ်းမနားမြို့တွင် ဇန် န၀ါရီ ၁၇ ရက်က ပြုလုပ်သော ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့်လူထု ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် အစိုးရက ဦးစီးကာ စကားရည်လုပွဲ၊ ဟော ပြောပွဲ၊ ဆွေးနွေးပွဲစသည့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁ ရက် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲများ တွင် ဆုရရှိသူ များကို ဖေဖော်ဝါရီ ၁၃ ရက်၌ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment