Sunday 1 February 2015

သန်းခေါင်စာရင်းထုတ်ပြန်ရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထက် ပိုများလာနိုင်

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး တိုင်းရင်း သားအရေအတွက် မူလရှိသည့် ၁၃၅ မျိုးထက်ပိုများလာရန်ရှိ ကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ပြောသည်။

ပိုများလာရခြင်းမှာ မူလတွင်မပါဝင်ခဲ့သော တိုင်းရင်းသားပါဝင်လာခြင်း၊ ရှိရင်းစွဲနာမည်အပြင် အခြား နာမည်ပြောင်း လဲခြင်းနှင့် မူလနာမည်ကို စာလုံးပေါင်းသတ်ပုံပြောင်းလဲခြင်းတို့ ကြောင့် ဖြစ်သည်ဟု ၎င်းကဆက် ပြောသည်။

‘‘အရင် ၁၃၅ မျိုးထက် လျော့သွားစရာကို မရှိဘူး။ ထပ် တိုးလာဖို့ပဲ ရှိတယ်။ ဥပမာ ရှမ်းနီ ဆိုရင် အရင်ကတိုင်းလိုင်လို့ခေါ် ပေမယ့် အခု ရှမ်းနီလို့ပြောတဲ့ သူတွေလည်း ရှိတယ်။ ချင်းမှာ ဆိုလည်း ခမီကနေ ခူမီးပြောင်းတဲ့ သူတွေ ရှိတယ်။ ဒါတွေက တိုင်း ရင်းသားအရေအတွက် ပိုများလာ စေတာ။ ပျောက်ကွယ်သွားတဲ့ လူ မျိုးမရှိဘူး’’ဟု ဦးမြင့်ကြိုင်က ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကို ၂၀၁၅ မေလတွင် ထုတ်ပြန် မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၇၅ ရာခိုင်နှုန်းခန့် လုပ်ငန်းစဉ်များ ပြီးစီးနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။ ထိုသို့ ထုတ်ပြန်ရာတွင် တိုင်းရင်းသား လူမျိုးအရေအ တွက်ကို ထုတ်ပြန်မည်မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လွှတ်တော်၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်များ၊ လူဦး ရေဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးပြီးမှထုတ်ပြန်မည်ဟု ဦးမြင့် ကြိုင်က ပြောသည်။

‘‘တိုင်းရင်းသားအရေအ တွက် နည်းခြင်း၊ များခြင်းထက် အမှန်တကယ်ရှိတဲ့ တိုင်းရင်းသား တွေကို အသိအမှတ်ပြုသင့်တယ်။ သူတို့တည်ရှိမှုကိုလည်း လျစ်လျူ  ရှုလို့မရဘူး။ ဥပဒေအရ တကယ် တည်ရှိတဲ့ တိုင်းရင်းသားတွေကို လက်ခံရမယ်’’ဟု ကမန်တိုင်းရင်း သားဖွံ့ဖြိုးတိုးတက်ရေးပါတီ အ ထွေထွေ အတွင်းရေးမှူးဦးတင် လှိုင်ဝင်းက ပြောသည်။

လက်ရှိတိုင်းရင်းသား ၁၃၅ မျိုးကို တိုင်းရင်းသာများအနေ ဖြင့် လက်မခံထားကြောင်း ၁၃၅ မျိုးတွင် လူမျိုးနာမည် ထပ်နေ ခြင်းများပါဝင်နေသဖြင့် သေချာ ဆွေးနွေးပြီးမှ အစိုးရအနေဖြင့် ထုတ်ပြန်ပေးသင့်သည်ဟု ရှမ်းနီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါ တီ အတွင်းရေးမှူး(ဟောင်း)ဦးစောဝင်းထွန်းက ပြောသည်။

‘‘အစိုးရ ထုတ်ပြန်မယ်။ တရားဝင်ဖြစ်သွားမယ်။ အရင် တုန်းကလည်း သူတို့သဘောအ တိုင်းလုပ်ခဲ့လို့ ဘယ်သူမှလက် မခံနိုင်တဲ့ အရေအတွက် ထွက် လာတာ။ အခုတော့ တိုင်းရင်း သား သဘောထားကို လက်ခံသင့် တယ်’’ ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးလူဦးရေစာ ရင်းမှ မူလထုတ်ပြန်ထားသည့် ၅၁ သန်းထက် အနည်းငယ်သာ ပြောင်းလဲမည်ဟု ပြည်သူ့အင် အားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမြင့်ကြိုင်က ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကို လွတ်လပ်ရေးရပြီး နောက် ၁၉၇၃ ခုနှစ်တွင် တစ် ကြိမ်နှင့် ၁၉၈၃ ခုနှစ်တစ်ကြိမ် ကောက်ယူခဲ့ပြီး တစ်နိုင်ငံလုံး ကောက်ယူနို င်ခြင်း မရှိခဲ့ပေ။ ယခုသန်းခေါင်စာရင်းသည် နှစ် ပေါင်း သုံးဆယ်အတွင်း ပထမ ဦးဆုံးကောက်ယူ မှု ဖြစ်သည်။ တိုင်းရင်းသား ၁၃၅ မျိုးသည် ၁၉၈၃ခုနှစ်သန်းခေါင် စာရင်း တွင် အခြေခံထားခြင်းဖြစ်ပြီး  ထိုအရေအတွက်ကို တိုင်းရင်းသားများ က လက်မခံဘဲ ကန့်ကွက်မှုများ ရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment