Sunday 1 February 2015

ဧရာဝတီဘဏ်တွင် အပ်နှံငွေပေါင်း ကျပ် ၁ဒသမ ၅ ထရီလီယံရှိ

ဧရာဝတီဘဏ်ဖွင့်လှစ် ပြီး နှစ်အနည်းငယ်အတွင်း ငွေ အပ်နှံသူများ၏ ယုံကြည်မှုများရရှိ လာသောကြောင့် လက်ရှိတွင် ဘဏ်အပ်ငွေပေါင်း ၁ဒသမ ၅ထ ရီလီယံ(ဘီလီယံပေါင်း ၁,၅၀၀ ကျပ်)ရှိလာပြီဖြစ်ကြောင်း သ တင်းရရှိသည်။

‘‘ကျွန်တော်တို့ ဘဏ်ကို ငွေအပ်သူတွေအနေနဲ့ ယုံကြည်မှုပို အားကောင်းလာတဲ့အတွက် ပြီးခဲ့ တဲ့နှစ်ပိုင်း ကစပြီး ဘဏ်အပ်ငွေ သိသိသာသာတိုးတက်လာခဲ့တာ ကြောင့်အခုလို ၁ဒသမ၅ထရီလီ ယံအထိရှိလာခဲ့ တာဖြစ်ပါတယ်’’ ဟု ဧရာဝတီဘဏ်မှ Dupty မန် နေဂျင်းဒါရိုက်တာဦးမင်းဝင့်ဦးက ပြောသည်။

ဧရာဝတီဘဏ်စတင်ဖွင့် လှစ်ပြီး ငါးနှစ်အတွင်း ယခုကဲ့သို့ အပ်ငွေတိုးတက်လာခြင်းဖြစ်ပြီး ယခုအခါ ဘဏ် ခွဲ ပေါင်းတစ်ရာ ကျော်၊ ဘဏ်ဝန်ထမ်းပေါင်းလေး ထောင်ခန့်အား အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်းသတင်း ရရှိသည်။

‘‘လက်ရှိမှာ ကျွန်တော်တို့ ဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းဝန် ဆောင်မှုတွေ တိုးချဲ့ဖို့အတွက် နိုင်ငံတစ်ဝန်းမှာ ဘဏ်ခွဲပေါင်း တစ်ရာလောက်ထပ်ပြီးတိုးချဲ့ သွားဖို့ရှိပါတယ်’’ဟု ဦးမင်းဝင့်ဦး ကဖြည့်စွက်ပြောကြားသည်။

ဧရာဝတီဘဏ်အနေဖြင့် နိုင်ငံတစ်ဝန်း၌ ဘဏ်ခွဲပေါင်း ၁၀၃ ခုအထိ ဖွင့်လှစ်ထားပြီးဘဏ်ဝန် ဆောင်မှု လုပ်ငန်းကို အင်တာနက် ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်တို့ ဖြင့်တွဲဖက်ကာ ၀န်ဆောင်မှုပေး လျက်ရှိသည်။

ဝန်ဆောင်မှုအသစ်အနေ ဖြင့် ဘဏ်စာရင်းထဲမှ ငွေအ ပြောင်းအလဲပြုလုပ်တိုင်း မိုဘိုင်း ဖုန်းထဲသို့ SMS ပေးပို့၍ အသိပေး မည့် AYA SMS Alarmကို မိတ် ဆက်လိုက်ကြောင်း  သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment