Monday, 7 July 2014

အနောက်နိုင်ငံလုပ် တန်ဖိုးကြီး လက်ပတ်နာရီ ဝတ်ဆင်ခဲ့သဖြင့် ISIS ခေါင်းဆောင် လှောင်ပြောင်ခံနေရ

Photo: အနောက်နိုင်ငံလုပ် တန်ဖိုးကြီး လက်ပတ်နာရီ ဝတ်ဆင်ခဲ့သဖြင့် ISIS ခေါင်းဆောင် လှောင်ပြောင်ခံနေရ
Monday, July 7, 2014 

အနောက်နိုင်ငံများကို ပြင်းထန်စွာ ရှုတ်ချဝေဖန်နေစဉ် အနောက်နိုင်ငံထုတ် တန်ဖိုးကြီး လက်ပတ်နာရီတစ်လုံး ဝတ်ဆင်ထားသည့် ISIS အဖွဲ့ခေါင်းဆောင်မှာ Social Media များပေါ်တွင် လှောင်ပြောင်မှုများနှင့် ကြုံနေရသည်။

ဆီးရီးယားနှင့် အီရတ်တို့မှ နယ်မြေအများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲထူထောင်ကြောင်း ကြေညာထားသည့် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီသည် ပုန်းလျှိုးကွယ်လျှိုး ရှိနေရာမှ ယခုအခါ လူမြင်သူမြင် ထွက်ပေါ်လာပြီ ဖြစ်သည်။

မိမိကိုယ်ကိုယ် ကမ္ဘာပေါ်ရှိ မွတ်လဆင် (၁.၂)ဘီလျံ၏ ကိုယ်စားပြုရာ နိုင်ငံခေါင်းဆောင် အနေဖြင့် ကြေညာထားသည့် ဘဂ္ဂဒက်ဒီသည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မိုဆူးလ်ရှိ ဗလီကြီးတွင် (၂၁)မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပြီး ယင်းကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတွင် ၎င်း၏လက်၌ Rolex သို့မဟုတ် Sekonda အမျိုးအစား လက်ပတ်နာရီတစ်လုံး ပတ်ထားသည်ကို တွေ့ရသည်။ အဆိုပါ နာရီတစ်လုံး၏ ပျမ်းမျှတန်ဖိုးသည် ပေါင်စတာလင် (၄၀၀၀)မျှထိ ရှိနေသည်။

ဘဂ္ဂဒက်ဒီက မိန့်ခွန်းအတွင်းတွင် ၎င်းသည် မွတ်ဆလင်တို့ကို ဦးဆောင်မည့် စစ်မှန်သော ခေါင်းဆောင်အဖြစ် ရည်ညွှန်းထားသည်။ ထို့အပြင် မွတ်ဆလင်ကမ္ဘာအတွက် မိမိသည် ဂုဏ်ကျက်သရေ၊ ခွန်အား၊ မှန်ကန်မှုနှင့် ဦးဆောင်နိုင်စွမ်းတို့ကို ဆောင်ယူပေးမည်ဟုလည်း ပြောကြားထားသေးသည်။

“ကျုပ်ဟာ ခင်ဗျားတို့ကို လွှမ်းမိုးဦးဆောင်မယ့် ဝါလီ(ခေါင်းဆောင်)ပဲ။ ကျုပ်ဟာ ခင်ဗျားတို့ အားလုံးထက် သာတဲ့ အကောင်းဆုံး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်က မှန်တယ်ဆိုတာ မြင်လာရင် ကျုပ်ကို ထောက်ခံကူညီပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ ခင်ဗျားတို့ထက် ပိုသာလွန်နေတာမျိုး၊ ခင်ဗျားတို့ထက် ပိုပြီးစင်ကြယ်နေတာမျိုးတော့ မဟုတ်ပါဘူး”ဟုလည်း ယခင်အမည် ISISမှ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲထားသည့် အဖွဲ့ခေါင်းဆောင်က ဆိုသည်။

၎င်းက အနောက်တိုင်း လွှမ်းမိုးမှုများကို တွန်းလှန်က အစ္စလာမ်မစ် ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်မှုမျိုးကို လက်ခံကြရန်လည်း တိုက်တွန်းခဲ့သည်။ “ဘုရားသခင်က မူဂျာဒေဟင် ညီအစ်ကိုတော်တွေအတွက် အချိန်အကြာကြီး စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ရတဲ့ အောင်ပွဲကို ပေးသနားခဲ့ပြီ။ ဒါကြောင့် ခုချိန်မှာ အစ္စာလမ်မစ် နိုင်ငံတော် ထူထောင်ပြီး Caliph(ဘာသာရေးအရ ခေါင်းဆောင်သူ) တစ်ဦးကို တင်မြှောက်နိုင်ခဲ့ပြီ။ ဒါဟာ ရာစုနှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့တဲ့ တာဝန်ကို မွတ်ဆလင်တွေ ကျေပြွန်အောင် ထမ်းဆောင်နိုင်ခဲ့တာပဲ”ဟုလည်း ဘဂ္ဂဒက်ဒီက ပြောကြားခဲ့သည်။

ကိုယ်ပျောက်ရှိတ်ခ်ဆိုသော အမည်ဖြင့် နာမည်ကြီးခဲ့သည့် ဘဂ္ဂဒက်ဒီ လူလုံးထွက်ပြလာမှုသည် စိတ်ဝင်စားစရာ အခြေအနေ တစ်ရပ်ဖြစ်သော်လည်း Social Media များတွင် ၎င်း၏လက်မှ နာရီအကြောင်းက ပိုမို၍ လူပြောများနေခဲ့သည်။ အချို့ကလည်း အဆိုပါ နာရီသည် Omega Seamaster ဖြစ်နိုင်ကြောင်း ဆိုသည်။ Omega လက်ပတ်နာရီများကို James Bond ဇာတ်ကားများတွင် (၁၉၉၅)နှစ်ကတည်းက အစဉ်တစိုက် အသုံးပြုလာခဲ့ဖူးသည်။

Twitter ပေါ်တွင် လူတစ်ဦးက “Caliph ကြီး ဘဂ္ဂဒက်ဒီရဲ့ ရယ်စရာ အကောင်းဆုံး ကိစ္စက သူ့မှာ အရမ်းသိသာထင်ရှားတဲ့ လက်ပတ်နာရီ ကောင်းကောင်းတစ်လုံး ရှိနေတာပါပဲ။ ပြီးတော့သူက ခုလက်ရှိ ထောင်စုနှစ်က ဘာလဲဆိုတာ ပြောနိုင်သားပဲ”ဟု ရေးသားခဲ့သည်။ အခြားတစ်ဦးကလည်း “ကျွန်တော်တို့ရဲ့ Caliph ကြီးကို ကောင်းချီးပေးပါတယ်။ သူက ဆွစ်ဇာလန်လုပ် လက်ပတ်နာရီ တစ်လုံးလည်း ပတ်ထားသေးတယ်။ ဘာတံဆိပ်လဲ၊ ဘယ်ကုမ္ပဏီက လုပ်သလဲဆိုတာတော့ သိချင်မိသား”ဟု အရွှန်းဖောက်ခဲ့သည်။

ဘဂ္ဂဒက်ဒီသည် သိုသိပ်လျှို့ဝှက်လွန်းပြီး လုံခြုံရေးကို ဂရုစိုက်သည့် အနေဖြင့် ၎င်း၏ လက်ထောက်များနှင့် တွေ့ဆုံချိန်တွင်ပင် မျက်နှာဖုံး စွပ်ထားတတ်သူအဖြစ် ထင်ရှားခဲ့သည်။ ဘဂ္ဂဒက်ဒီနှင့် ပတ်သက်သည့် အချက်အလက်များမှာ လူသိနည်းလှပြီး အီရတ်တွင် အယ်လ်ကေးဒါး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဖူးကြောင်းလည်း သိရှိရသည်။

_Ref: Dailymail
7Day DAILY
အနောက်နိုင်ငံများကို ပြင်းထန်စွာ ရှုတ်ချဝေဖန်နေစဉ် အနောက်နိုင်ငံထုတ် တန်ဖိုးကြီး လက်ပတ်နာရီ တစ်လုံး ဝတ်ဆင်ထားသည့် ISIS အဖွဲ့ခေါင်းဆောင်မှာ Social Media များပေါ်တွင် လှောင်ပြောင်မှုများနှင့် ကြုံနေရသည်။

လူ့အခွင့်အရေးဆုငွေ ကန်ဒေါ်လာတစ်သောင်းကို နိုင်ငံရေး အကျဉ်း သားထောက်ပံ့ငွေအဖြစ် အသုံးပြုမည်

ရန်ကုန်၊ ဇူလိုင် ၄- ကွယ်လွန်ပြီးဖြစ်သည့် ဟံသာဝတီဦးဝင်းတင်ရရှိခဲ့သည့် လူ့အခွင့် အရေးဆုမှ ဆုအဖြစ် ရရှိသည့်ငွေ အမေရိ ကန်ဒေါ်လာ တစ်သောင်းကို နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ပေးရေး အတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံကိုဦးတည်နေတဲ့ Typhoon Neoguri

Photo: ဂျပန်နိုင်ငံကိုဦးတည်နေတဲ့ Typhoon Neoguri
Monday, July 7, 2014 

အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ မုန်တိုင်းတွေဟာ အဖြစ်နည်းလာပြီး အရေအတွက် လျော့ကျလာတတ်တယ်။ အဲဖြစ်ရင်တော့ အားကောင်း တတ်တယ်လို့ ကျွန်တောပြောခဲ့ဘူးပါတယ်။ အခု ဒါဟာ သာဓက တစ်ခုပါဘဲ။ 

နာဆာအာကာသယာဉ်မှူး Reid Wiseman က နိုင်ငံတကာအာကာသစခန်းမှ 
(၅-၇-၂၀၁၄)ရက် (Eastern Daylight Time-EDT) ည(၇)နာရီအချိန်တွင် ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၊ အရှေ့ဖက်ကမ်း လွန်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်း Neoguri ကိုရိုက်ယူပေးထားခဲ့ တဲ့ ပုံပါတယ်။ 

တိုင်ဖွန်းမုန်တိုင်း Neoguri ဟာ အင်အား Category IV အဆင့်ရှိနေပြီး လေတိုက်နှုန်း140 mph ရှိနေပါတယ်။
(မြန်မာနိုင်ငံကိုတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ အင်အားတူအဆင့်ဖြစ်ပါတယ်။)

 ဒေါက်တာထွန်းလွင်
အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ မုန်တိုင်းတွေဟာ အဖြစ်နည်းလာပြီး အရေအတွက် လျော့ကျလာတတ်တယ်။ အဲဖြစ်ရင်တော့ အားကောင်း တတ်တယ်လို့ ကျွန်တောပြောခဲ့ဘူးပါတယ်။ အခု ဒါဟာ သာဓက တစ်ခု ပါဘဲ။

နည်းပြသစ် Louis van Gaal လက်အောက်မှာ ၃-၄-၃ ကစားကွက်နဲ့  ကစားသွားမယ့် မန်ချက်စတာယူနိုက်တက်အသင်း

Photo: နည်းပြသစ် Louis van Gaal လက်အောက်မှာ ၃-၄-၃ ကစားကွက်နဲ့  ကစားသွားမယ့် မန်ချက်စတာယူနိုက်တက်အသင်း
Monday, July 7, 2014

လက်ရှိ ဟော်လန်နည်းပြဟာ သူ ကမ္ဘာ့ဖလားမှာသုံးခဲ့တဲ့ ကစားကွက်ဟာ အိုးထရက်ဖို့ ဒ်မှာလည်း အလုပ်ဖြစ် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ဗဟိုနောက်ခံလူ ကောင်းတစ်ယောက် ရှာတွေ့ နိုင်ပါ့မလား။

Louis van Gaal ဟာ အိုးထရက်ဖို့ ဒ်က အမည်မဖော်တဲ့ သူ့ ဝန်ထမ်းတွေ ကို ဒီ ၃-၄-၃ နည်းစနစ်ကို အမြဲတမ်း အသုံးပြုသွားဖို့ ရည်ရွယ် ထားကြောင်း ပြော ကြားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Van Gaal ဟာ လက်ရှိကျင်းပနေတဲ့ ဘရာဇီးကမ္ဘာ့ဖလားမှာလည်း ဒီ နည်းစနစ်နဲ့ ပွဲထွက်ခဲ့ပြီး အခုဆိုရင် ဆီမီး ဖိုင်နယ်အဆင့်ကိုပါ တက်လှမ်းနိုင် ခဲ့ပြီဖြစ်ပါတယ်။ ဒီကစားကွက်ဟာ မန်ယူအတွက် ရှေ့ ဆက်မယ့် အကောင်းဆုံး နည်းဗျူဟာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ယူရဲ့ ဗဟိုနောက်ခံလူ Vidic နဲ့ Ferdinand ဒီနွေရာသီ အသင်းက ထွက်ရှိမှုကြောင့် မန်ယူအသင်းဟာ နည်းစနစ်နဲ့ ကိုက်ညီမယ့် ဗဟိုနောက်ခံ လူ အများအပြား ခေါ်ယူဖို့ လိုနေပါပြီ။

မန်ယူဟာ ဒီ ကစားကွက်အတွက် အာဆင်နယ် ဗဟိုနောက်ခံလူ Thomas Vermaelen ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။

Ref: Mirror.co.uk
Trend Myanmar
လက်ရှိ ဟော်လန်နည်းပြဟာ သူ ကမ္ဘာ့ဖလားမှာသုံးခဲ့တဲ့ ကစားကွက်ဟာ အိုးထရက်ဖို့ ဒ်မှာလည်း အလုပ်ဖြစ် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ဗဟိုနောက်ခံ လူ ကောင်း တစ်ယောက် ရှာတွေ့ နိုင်ပါ့မလား။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရေနံတင် ယာဉ်အစီး(၄၀၀)

Photo: မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရေနံတင် ယာဉ်အစီး(၄၀၀)
Monday, July 7, 2014

အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ
ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေဆုံးမှုရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အာဖဂန်တာဝန်ရှိသူတစ်ဦးကတော့ ကာဘူးလ်မြို့အပြင်ဘက်မှာ ရပ်နားထားတဲ့ လောင်စာတင်ကား အနည်းဆုံး(၄၀၀)လောက် မီးလောင်တဲ့အထဲမှာ ပါသွားခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။ တာလီဘန်ဘက်က ပြောခွင့်ရပုဂ်္ဂိုလ်တစ်ဦးကတော့ သူတို့ဟာ နိုင်ငံခြားတပ်တွေကို ထောက်ပံ့နေတဲ့ လောင်စာယာဉ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နေတိုးလောင်စာတင်ယာဉ်တွေကို တိုက်ခိုက်ခံရတာဟာ ပါကစ္စတန်မှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အာဖဂန်နစ္စတန်မှာတော့ ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလဲ ကာဘူးလ်မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးစစ်အရာရှိ ရှစ်ဦးသေဆုံးခဲ့ပါတယ်။ အာဖဂန်နစ္စတန်ဟာ ရွေးကောက်ပွဲရဲ့ရလဒ်ကတော့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး မဲလိမ်မှုအရေအတွက် အလွန်များပြား နေတာကြောင့် ရွေးကောက်ပွဲကော် မရှင်က ပြန်လည်ရေတွက်မှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4
အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေ ဆုံးမှု ရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက် ခိုက်ခံရတာ ဖြစ်ပါတယ်။

မြန်မာ့လေကြောင်းဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့စေလွှတ်မည်

မြန်မာ့လေကြောင်းမှ ဇူလိုင်နောက်ဆုံးပတ်မှ သြဂုတ်ဒုတိယပတ်အတွင်း အရာထမ်း၊ အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ တက်ရောက်ရန်အတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်မည်ဖြစ် သည် ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်)ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ရွှေဖြူဟိုတယ်တွင် သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သူ နာရီပိုင်း အတွင်း ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၄- မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၄လမ်းရှိ ရွှေဖြူဟို တယ်တွင် ဇွန် ၄ ရက် နံနက် ၁ နာရီခန့်က သေနတ်ဟုယူဆရသောအရာဖြင့် ပစ် ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အီဂျစ်တရားရုံးက မူစလင်ညီနောင်များအဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ်တစ်သက်ချမှတ်

အီဂျစ်တရားရုံးတစ်ရုံးက မူစလင်ညီနောင်များအဖွဲ့ခေါင်းဆောင် မိုဟာမက်ဘာဒီနှင့် အဖွဲ့ဝင်(၃၆)ဦး ကို ထောင် ဒဏ် တစ်သက်တစ်ကျွန်းချမှတ် လိုက်ပြီး နောက်ထပ် (၁၀)ဦးကို သေဒဏ်ချရန် အတည်ပြု လိုက်ပြီဖြစ်သည်။ "ဘာဒီကိုဆန္ဒပြမှုတွေမှာပါဝင်မှုနဲ့ ဇူလိုင်လ(၅)ရက်နေ့ က ပြစ်ဒဏ်ချမှတ်ခဲ့ တာပါ။ ဖြုတ် ချခံခဲ့ရတဲ့ သမ္မတဟောင်းမိုဟာမက်မော်စီကို အားပေးထောက်ခံနေတဲ့ မူစလင်ညီနောင်များ အဖွဲ့ကို ဖြိုခွင်းခဲ့မှုအတွင်းဘာဒီဟာတခြားပြစ်မှု(၂)ခုနဲ့ သေဒဏ်(၂)ကြိမ်ချမှတ်ခံထားရသူလ ည်းဖြစ် ပါတယ်။

ရန်ကုန်ပြင်ပမှာ ထပ်မံတိုးချဲ့သွားမည့် ရွှေ့လျားပညာရေး


စာသင်ကြားရမယ့်အရွယ်မှာ လုပ်ငန်းခွင်ဝင်ရောက်နေရတဲ့ ကလေးတွေအတွက် ပညာ သင်ကြားပေးနေ တဲ့ ရွှေ့လျားပညာရေးစနစ်ကို ရန်ကုန်မြို့မှာသာမက အခြားနယ်မြေတွေမှာလည်း ထပ်မံတိုးချဲ့သွားမယ်လို့ သိရပါတယ်။

ပူတာအိုက လာတဲ့ သဘာဝစစ်စစ် Grapefruit ဖျော်ရည်နဲ့ယို

 Photo: ပူတာအိုက လာတဲ့ သဘာဝစစ်စစ် Grapefruit ဖျော်ရည်နဲ့ယို
Monday, July 7, 2014 

ဓာတုဆေးတွေ၊ နည်းပညာတွေနဲ့ မွမ်းမံထားတဲ့ သစ်သီးတွေ၊ အစားအစာတွေ တမိုးလုံးဖျောက်ဆိပ် ဖြစ်နေချိန်မှာ ကချင်ပြည်နယ် ပူတာအိုရဲ့ ထွက်ကုန် Grapefruit ကနေ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ အော်ဂဲနစ် အစားအစာတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။

စီးပွားဖြစ်စိုက်ခင်းတွေရဲ့ ပုံစံအတိုင်း ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ မသုံးပဲ မိရိုးဖလာအတိုင်း ရဝမ်တိုင်းရင်းသားတွေ စိုက်ပျိုးတဲ့စိုက်ခင်းတွေကနေ ထွက်ရှိလာတဲ့ Grapefruit သီးတွေကနေ ထုတ်လုပ်ထားတဲ့ Grapefruit Juice နဲ့ ယိုပါ။ အခုလို သဘာဝစစ်စစ် သစ်သီးတွေ ရှားပါးလာလို့ ဒီလို အော်ဂဲနစ်ပစ္စည်းတွေ ထုတ်ဖို့ စိတ်ကူးရလာတယ်လို့ မေရီဆန်းက ပြောပါတယ်။

ဖျော်ရည်နဲ့ ယိုကို ထုတ်လုပ်တာ ၂နှစ်လောက်ရှိပြီး မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးကနေ အခုတော့ ဈေးကွက်ဝယ်လိုအားများလာလို့ ထုတ်လုပ်ရေးမှာ အခက်အခဲရှိပေမယ့် သဘာဝစစ်စစ် ဖျော်ရည်နဲ့ ယိုရဲ့ အရည်အသွေးကိုပဲ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ထုတ်ကုန်တွေက ရာနှုန်းပြည့် သဘာဝစစ်စစ်ပါလို့ ပြောပါတယ်။

ပူတာအိုမှာပေါက်တဲ့ Grapefruit မျိုးရင်းဟာ ပူတာအိုနဲ့ ရာသီဥတုတူတဲ့ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားမှာ ထွက်ရှိတဲ့ မျိုးရင်းဖြစ်ပြီး ၁၉၃၃မှာ အမေရိကန်ခရစ်ယာန် သာသနာပြု Morse Family က Grapefruit ကို ကိုင်းကူးတဲ့စနစ်နဲ့ မျိုးပွားပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်နဲ့ မုံရွာ၊ ဟုမ္မလင်း ဒေသတွေမှာ ပေါက်ပေမယ့် ပူတာအိုက Grapefruit က အကောင်းဆုံးလို့ ဆိုပါတယ်။

အခုတော့ ပူတာအိုက Grapefruit ဖျော်ရည်နဲ့ ယိုစုံဟာ ရန်ကုန်စီးတီးမတ်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ ပူတာအိုဒေသခံတွေက အသက်ရှည်ဆေးလို့ တင်စားနေတဲ့ Grapefruit ဟာ သွေးတိုးကျစေပြီး နှလုံးနဲ့ အစာအိမ်အတွက် အထောက်အပံ့ဖြစ်သလို ဗီတာမင်စီပါဝင်လို့ အသားအရေလှပဖို့လည်း သုံးနိုင်သလို ကိုယ်အလေးချိန်လျှော့ဖို့လည်း သုံးစွဲနိုင်တယ်လို့ ပြောပါတယ်။

Kamayut Media
ဓာတုဆေးတွေ၊ နည်းပညာတွေနဲ့ မွမ်းမံထားတဲ့ သစ်သီးတွေ၊ အစားအစာတွေ တမိုးလုံးဖျောက် ဆိပ် ဖြ စ်နေ ချိန်မှာ ကချင်ပြည်နယ် ပူတာအိုရဲ့ ထွက်ကုန် Grapefruit ကနေ သဘာဝအတိုင်း ထုတ်လုပ်ထား တဲ့ အော်ဂဲနစ် အစားအစာတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။

မဟာသန္တိသုခကျောင်းတိုက်အမှု တရားလိုဖြစ်သူကို မေးမြန်းဆဲဖြစ်ပြီး ဇူလိုင် ၁၈ တွင် ထပ်မံရုံးထုတ်မည်

မဟာသန္တိသုခကျောင်း တိုက်အမှု တတိယအကြိမ် တရားရုံးချိန်းတွင် တရားလိုဖြစ်သူ ရန်ကုန်တိုင်းသာသ နာရေးဦးစီးမှူး ဦးစိန်မော်ကိုဆက်လက် မေးမြန်းဆဲဖြစ်ပြီး စတုတ္ထအကြိမ် ရုံးချိန်းကို ဇူလိုင် ၁၈ ရက်တွင် ပြု လုပ်မည်ဖြစ် ကြောင်း သိရသည်။

မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ရပ်ကြရန် ဗုဒ္ဓဘာသာဝင်များအား ဘုန်းတော်ကြီး ဒလိုင်းလားမား ပန်ကြား

မြန်မာနိုင်ငံနှင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မူစလင်များအပေါ် ဆန့်ကျင်အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဇူလိုင် ၆ရက်က ထပ်မံ မေတ္တာရပ်ခံခဲ့သည်။ သူ၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနား၌ သောင်းနှင့်ချီသော ပရိသတ်အား ပြောကြားခဲ့သည့် သြဝါဒ စကားထဲတွင် ထည့်သွင်းပန်ကြားခဲ့ခြင်း ဖြစ်သည်။အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကျင်းပခဲ့သော မွေးနေ့ပွဲသို့ တက်ရောက်လာခဲ့ကြသူ ပရိသတ်များထဲတွင် ဟောလိဝု(ဒ်) ရုပ်ရှင်ကြယ်ပွင့် ရစ်ချတ်ဂီယာ (Richard Gere) လည်း ပါဝင်သည်။ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ကြသော ထိုနိုင်ငံနှစ်ခုလုံးတွင် လူနည်းစုမျာြး ဖစ်ကြသော မူစလင်များအား ပစ်မှတ်ထား၍ အကြမ်းဖက်ကြခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။“အဲဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရာဇဝတ်မှု မကျူးလွန်မိသေးခင်မှာ ဗုဒ္ဓရဲ့ရုပ်ပုံတော်ကို အာရုံပြုကြဖို့ ပန်ကြားချင်ပါတယ်” ဟု တိဘက်၏ ပြည်ပရောက် စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်က ဟိမဝန္တာ တောင်တန်းဒေသ လဲ (Leh) မြို့ဆင်ခြေဖုံးတွင် ပြုလုပ်သည့် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။

တရုတ်နိုင်ငံတွင် အင်တာနက်လောင်းကစားသမားများအား အပြစ်ပေး

တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့တရားရုံးတစ်ရုံးက အင်တာနက် လောင်းကစားသမား(၆၈)ဦး ကို ထောင်ဒဏ် အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Monday, July 7, 2014  

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအား အသင့်အတင့် ရှိနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ် တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပါမယ်။ 
 
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင် ပါတယ်။ နေပြည်တော် နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပါမယ်။ 

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအား အသင့်အတင့် ရှိနေ ပါ တယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ် တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီး နဲ့ ပြည် နယ် တို့မှာ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပါမယ်။

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း

Photo: ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
Monday, July 7, 2014 

ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ မနက်မိုး လင်းအိပ်ရာထချိန် ကနေ စပြီး နှစ်နာရီ သုံးနာရီ ခြား တစ်ခါ တစ်ဖန်ခွက်စီ သောက်ပေးရင်ဘာမှ အပန်းမကြီးဘဲ အကျိုး အများကြီးရနိုင်ပါတယ်။

ဆီးကျောက်တည်ရောဂါ ဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာ ရေသောက်တဲ့ အလေ့အထ နည်းတာတွေ့ရပါတယ်။ အထူးသဖြင့် နွေရာသီ လိုအခါမျိုး မှာ ချွေးထွက် များတဲ့အတွက် ရေပို သောက်သင့်ပါ တယ်။ ရေသောက် နည်းရင် ဆီးက နည်း လာပြီး ဖြစ်လာပါမယ်။ အဲဒီအခါမှာ ဆီး မှာ ပါဝင်နေ တဲ့ ပစ္စည်းတွေဖြစ်တဲ့ Calcium တို့ Oxalate လို Phosphate စသည့် သတ္တု ဓာတ် တွေဟာ ဆက်လက် ပျော်ဝင်နိုင်ခြင်း မရှိလို့ အနည်းကျလာပါမယ်။ အဲဒီ အနည်ကနေ တစ် ဆင့် တဖြည်းဖြည်း စုစည်းလာမယ်။ မာလာမယ်။ ပြီးတော့ ဆီးကျောက်အဖြစ် ပြောင်းသွားပါ မယ်။

ရိုးရိုးသောက်ရေဟာ များများသောက်ဖို့ အတွက် အကောင်းဆုံးဖြစ် ပါတယ်။ သောက် ရေဆိုတာ သောက်ရေသန့် ဖြစ်စေ၊ ကျိုချက်ထား တဲ့ရေဖြစ်စေကောင်းပါတယ်။

အချို့တောင်ပေါ်ဒေသတွေမှာ ရှိတဲ့ တွင်း ရေတွေမှာ Calcium လို့ခေါ်တဲ့ ထုံးဓာတ်တွေ အလွန် များပြားစွာ ပါတဲ့ အတွက် ဒီလိုရေမျိုးကို အစိမ်း မသောက်သင့်ပါဘူး။ ဒီရေကို ကျိုချက် လိုက်ရင် ပျော်ဝင်နေတဲ့ ထုံးဓာတ်တွေ ဟာ အောက်ကို အနည် ကျလာမှာ ဖြစ်ပါတယ်။ ဒါကို အအေး ခံ၊ ရေစစ်နဲ့ စစ်ပြီး သောက်ရင် ကောင်း ပါတယ်။ ဘယ်ဒေသ က ရေ မဆို အစိမ်းမသောက် ဘဲ ကျိုချက်သောက်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

နောက်တစ်ခုက ဖျော်ရည်တွေပါ။ သဘာဝ သစ်သီး ဖျော်ရည်တွေဖြစ်တဲ့ သံပရာရည်တို့၊ နာနတ်ရည်တို့၊ သင်္ဘောသီးဖျော်ရည်တို့၊ ဖရဲသီး ဖျော်ရည် တို့ဟာ အင်မတန် ကောင်းပါတယ်။ ပြောစရာရှိတာက ဒီဖျော် ရည်တွေသောက် ရင် သကြားမထည့်ဘဲ ဒီ အတိုင်းသောက်ရင် အကောင်း ဆုံးဖြစ်ပါတယ်။ အချိုကြိုက်လို့ ထည့် ချင်ရင်တောင် အတတ်နိုင် ဆုံး အနည်းဆုံးသာ ထည့်သင့် ပါတယ်။ သကြားများများစားရင် သွေး ချို၊ ဆီးချိုရောဂါဖြစ်နိုင်တဲ့အပြင် ဆီးကျောက်တည် ခြင်း ကိုပါ ဖြစ်စေနိုင် လို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သဘာဝနည်းနဲ့ မဟုတ်ဘဲ ပြုလုပ်ထားတဲ့ အချိုရည်တွေ ၊ အဲဒီ အချိုရည် အများစု ဟာ Refined Sugar လို့ခေါ် တဲ့ Glucose တို့ Sucrose တို့နဲ့ ရေဖျော်ထား တာဖြစ်ပြီး အရောင် အနံ့ကိုတော့ Chemical တွေနဲ့ ပြုလုပ်ထားလေ့ ရှိပါတယ်။ ဒီအချိုရည် တွေမှာ NaHCO3 (ဆိုဒီယမ် ဘိုင် ကာဗွန်နိတ်) လို့ခေါ်တဲ့ ဆိုဒါတွေပါမယ်။ ကြာကြာခံအောင် Preservative တွေထည့်ထားမယ်။ အဆိုးဆုံးက Phosphoric Acid တွေ ဖြစ်ပြီး ဒါတွေ အားလုံးဟာ ဆီးကျောက်တည်ခြင်း ကို အားပေးပါတယ်။ အချိုရည်သောက်တိုင်း သောက်တိုင်း ဆီးထဲမှာ ပါတဲ့ Calcium တွေ Oxalate တွေ စွန့်ထုတ်မှုများ လာတဲ့အတွက် ဆီးကျောက် တည်ဖို့ အခွင့် အလမ်းများပါတယ်။ ဒါ့ကြောင့် ဆီးကျောက် မတည်စေ ချင်ရင်တော့ အချိုရည်တွေကို တစ်ခါ တစ်ရံမှသာ သောက်သင့် ပါတယ်။ တတ်နိုင်သမျှ ရှောင်ကြဉ်နိုင်ရင် ဆီးကျောက်တည်ရောဂါ သာမ က ဆီးချိုရောဂါကိုပါ ကာကွယ်ရာရောက်ပါ တယ်။

ကော်ဖီတို့၊ လက်ဖက်ရည်တို့ကိုလည်း များ များမသောက်သင့်ပါဘူး။ တစ်နေ့ သုံးခွက် ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီက ပိုဆိုးပါ တယ်။ ကော်ဖီမှုန့် ဆိုတာ ကော်ဖီအစေ့ကို တိုက်ရိုက် အမှုန့်ကြိတ် ထား တာ ဖြစ်ပါတယ်။ ကော်ဖီစေ့ကို ဓာတ်ခွဲကြည့်ရင် Purine alkaloid တွေများ စွာ ပါဝင်ပါတယ်။ Purine အုပ်စုမှာပါတဲ့ Caffeine ဓာတ်ဟာ အနည်း ငယ်သောက်ရင် ဥပမာ တစ် ခွက်နှစ်ခွက်သောက်ရင် စိတ်ကိုကြည်လင် လန်းဆန်းတက်ကြွစေတော့ ကောင်းပါတယ်။ ဒါပေမဲ့ များများသောက်ခဲ့ရင် Caffeine ဓာတ် ဟာ ဆီး ကျောက်တည်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် ပညာရှင် အများစုက တစ်နေ့သုံးခွက် အထိပဲ သောက်သင့် တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်လည်း အလားတူပါပဲ။

ကွမ်းယာနဲ့ ပတ်သက်လို့ ကွမ်းယာထဲမှာ ပါတဲ့ ထုံးတွေဟာ Inorganic Calcium တွေ ဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ ကွမ်းယာ စားခြင်းဟာ လူကို ဘယ်လိုမှ အကျိုးမပြု နိုင်ပါဘူး။ ပါလာတဲ့ Calcium တွေ ဟာ ဆီး ကျောက်တည်ဖို့အတွက် အလွန်ပဲ အားပေးပါ တယ်။ မြန်မာနိုင်ငံမှာ ဆီးကျောက်တည်သူ အများစုဟာ ကွမ်းယာစားတဲ့ ဓလေ့ရှိကြောင်း တွေ့ ရပါတယ်။

အသားစားခြင်းနဲ့ ပတ်သက်လို့ ပြောရရင် အသားများများစားတဲ့ သူတွေမှာ ဆီးကျောက် တည်ရောဂါပိုဖြစ်လေ့ရှိပါတယ်။ အသားတွေရော၊ ဝမ်းတွင်း ကလီစာတွေဟာ ဆီးကျောက်တည်ခြင်း ကို အားပေးပါတယ်။ တော်ရုံသင့်ရုံ စားရုံနဲ့တော့ ပြဿနာ မရှိပါဘူး။ အလွန် အကျူးစားမှသာ ဖြစ် နိုင် တာဖြစ်ပါတယ်။ ပိုကောင်းတာကတော့ အသားငါးတွေ စားတိုင်း ဟင်းသီး ဟင်း ရွက်တွေနဲ့ တွဲစားရင်ပိုပြီးကောင်းပါတယ်။ အန္တရာယ်ကင်း ပြီး ဆီးကျောက် လည်းမတည်နိုင်တော့ဘူးပေါ့။

ဟင်းသီးဟင်းရွက်ပဲစားတဲ့ Vegetarian တွေဟာ ဆီးကျောက်တည်ရော ဂါဖြစ်ပွားလေ့ မရှိတာကို လေ့လာသိရှိရပါတယ်။ ဘာကြောင့် လဲဆိုတော့ ဟင်းသီးဟင်းရွက်ထဲမှာ ဆီးကျောက် မတည်အောင် ဟန့်တားပေးနိုင်တဲ့ သဘာဝ ဓာတ် ပစ္စည်းတွေ များစွာ ပါဝင်နေလို့ ဖြစ်ပါတယ်။ ဟင်းရွက်တွေ စိမ်းနေတာ Chlorophyll (ကလိုရို ဖီးလ်)ကြောင့် ဆိုတာ လူတိုင်း သိပြီး ဖြစ်ပါတယ်။ Chlorophyll ရဲ့ Molecular Structure ကို ကြည့်ရင် အလယ်မှာ Magnesium ပါဝင်ပါတယ်။ ဟင်းရွက်စိမ်းတွေ စားရင် Magnesium တွေ ရပါတယ်။ ဒီ Magnesium တွေဟာ Calcium တွေကို အူကနေ စုပ်ယူမှု ကိုရော ကျောက်ကပ် ကနေ စွန့်ထုတ် မှုကိုပါ ထိန်းချုပ်ပေးပါတယ်။ ဆိုလိုတာကတော့ Mg ++ တွေလုံလောက်အောင် ရှိရင် Ca ++ ဆီးထဲမှာ အနည်မကျနိုင်ပါဘူး။ အဲဒါကြောင့် ဟင်းသီး ဟင်းရွက်စိမ်းတွေဟာ ဆီး ကျောက်တည်ခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဒါ့အပြင် ပါဝင်တဲ့ Fibre တွေဟာ အူကနေ မလိုအပ်တဲ့ ပစ္စည်းတွေ စုပ်ယူမှု မရှိအောင် ဟန့် တားပေးတဲ့ အတွက် ဆီးကျောက် မတည်အောင် ကာကွယ်ပေးပြန် ပါတယ်။ ဒါကြောင့် Fibre လို့ ခေါ်တဲ့ အမျှင်ပါတဲ့ အစား အစာတွေ များ များစားခြင်းဟာ ဆီးကျောက်တည်ရောဂါကို ကာကွယ်နိုင်ရုံ မျှမက ဆီးချိုရောဂါ၊ အူကင်ဆာ ရောဂါကာကွယ်ရေး အထိပါ ထိရောက်မှုရှိပါ တယ်။

ဒါတင်မကပါဘူး။ ဟင်းသီးဟင်းရွက်မှာ ပါတဲ့ Vitamin (ဗီတာမင်) အချို့ဟာ လည်း ဆီးကျောက်မတည်အောင် ကာကွယ်ပေး ပါသေး တယ်။

ဥပမာ - Vitamin K ဆိုရင် ဆီးထဲမှာ Colloid လို့ခေါ်တဲ့ Glycoprotein တွေ တည် ဆောက်ရာမှာ အဓိက လိုအပ်ပါတယ်။ ဒီ Colloid တွေဟာ ဆီးအနည်မကျအောင် သတ္တုဓာတ်တွေကို အရည်ဘဝမှာ ရှိအောင် ဖျော်ပေးနိုင် တာကြောင့် ဖြစ်ပြီးသား ဆီးကျောက်တွေတောင် ပြန်ပျော် အောင် လုပ်နိုင်စွမ်းရှိပါတယ်။

အခြား ဗီတာမင်တွေအနေနဲ့ Vitamin B6၊ Vitamin A နဲ့ Vitamin C တို့ဟာလည်း ဆီး ကျောက်တည်ခြင်းကို ဟန့်တားပေး ပါသေးတယ်။ Vitamin B6 ကိုတော့ ဂျုံ၊ ပြောင်း၊ အသည်းနဲ့ Yeast ပါဝင်တဲ့ အစားအစာတွေကနေ ရနိုင်ပါ တယ်။

Vitamin B6 (ဗီတာမင်ဘီစစ်) ဟာ Magnesium (Mg++) ရဲ့ လုပ်ငန်းဆောင် တာ တွေကို ကောင်းအောင် လုပ်ပေးပါတယ်။ ပြီး တော့ Vitamin B6 ဟာ ဆီးထဲမှာ Calcium oxalate စွန့်ထုတ်မှု ကို လျော့ နည်းစေတဲ့ အတွက် ဆီးကျောက် မတည်အောင် ကာကွယ်ပေးပါ တယ်။

Vitamin A (ဗီတာမင်အေ) အနေနဲ့ ကတော့ သဘာဝမှာ B-Carotene (ဘီတာကရိုတင်း) အနေနဲ့ ရနိုင်ပါတယ်။ အဝါရောင် ရှိတဲ့ အသီး အနှံ တွေ ဖြစ် တဲ့ သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥဝါ တွေကနေ ပေါ များစွာ ရနိုင်ပါတယ်။ B-Carotene ကိုစားရင် ခန္ဓာကိုယ်ထဲမှာ Vitamin A အဖြစ် ပြောင်းလဲပါတယ်။ Vitamin A ချို့တဲ့ရင် ဆီးလမ်း ကြောင်းမှာရှိတဲ့ ဆဲလ် Cell လေးတွေဟာ ပျက် စီးပြီး ကွာကွာ ကျတတ်ပါတယ်။ ဒီဆဲလ်လေး တွေပေါ်မှာ ကျောက်တည်လေ့ ရှိတာမို့ Vitamin A မချို့တဲ့ ရလေအောင် B-Carotene ပါတဲ့ အဝါ ရောင် အသီးအနှံတွေကို မကြာခဏ စားပေးသင့် ပါတယ်။

Vitamin C (ဗီတာမင် စီ)လို့ ခေါ်တဲ့ အချဉ် ဓာတ်ဟာလည်း ပုံမှန် စားသောက် ရင် ဆီးထဲမှာ ရှိတဲ့ Ca++ (ကယ်လ်ဆီယမ်) တွေ PO4++ (ဖော့စဖိတ်)တွေကို ပျော်ဝင်စေနိုင်လို့ ဆီး ကျောက်မတည်အောင် ကာကွယ်ပေး ပါတယ်။ ယခု နောက်ပိုင်းမှာ ဆီးကျောက်တည်ရင် Vitamin C (ဗီတာမင်စီ) လိုအပ်ကြောင်း သိလာ ပါတယ်။ တစ်နေ့ကို 6g အထိ စိတ်ချလက်ချ စားနိုင် ပါတယ်။ အချို့ဆေးရုံတွေမှာဆိုရင် ဆီး ကျောက်တည်ရောဂါသည်တွေကို Vitamin C (ဗီတာမင်စီ) ဆေးပြားတွေ အပြင် Magnesium Citrate (မဂ္ဂနီဆီယမ်စီးထရိတ်) Potassium Citrate (ပိုတက်ဆီယမ်စီးထရိတ်) တို့ကိုပဲ တိုက်ကျွေးလေ့ရှိပါတယ်။

အိမ်သုံးဆား NaCl ဆိုဒီယမ်ကလိုရိုက် ပါ ဝင်တဲ့ (အငန်ဓာတ်) ဟာ လူတစ်ဦး အတွက် နေ့စဉ် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သင့်တင့်ရုံ နေ့စဉ်စားရင် အန္တရာယ်မရှိပါ။ ဒါပေမဲ့ နေ့စဉ်ရက်ဆက် များများ စားခဲ့ရင်တော့ သွေးတိုးရောဂါ အပြင် ဆီးကျောက်တည်ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ် 2.3 g (100 mmol) စားတိုင်းဆီးထဲမှာ Calcium ထုံးဓာတ် 40 mg (1mmol) ပိုမို စွန့်ထုတ်လေ့ ရှိတာမို့ အငန် ဓာတ်ဟာလည်း ဆီးကျောက်တည်ခြင်းကို အား ပေးတဲ့ ဓာတ်တစ်မျိုး လို့ပြောနိုင် ပါတယ်။ ဆီး ကျောက်တည်ရောဂါ ဖြစ်နေတဲ့သူဆိုရင်တော့ ဆရာဝန်တွေက သွေးတိုးရောဂါသည်တွေကို ကုသသလိုပဲ အငန်လျှော့စားခိုင်းပါတယ်။

ဒေါက်တာအောင်ဆန်းဝင်း
ရတီ ကျန်းမာရေးကဏ္ဍ (Yati Magazine)
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

အိုင်းရစ်အဆိုတော် ကာရိုးနှင့် လီဗာပူး ဂန္တဝင်ကစားသမား လန်ရက်ရှိတို့ ဒိတ်လုပ်တွဲနေ

အသက်၃ဝရှိပြီဖြစ်သည့် အိုင်းရစ်အဆိုတော် ကာရိုးအန်ထော်နီနှင့် လီဗာပူးအသင်း၏ ဝါရင့်ကစားသမား လန်ရက်ရှိနှင့် ဒိတ်လုပ်တွဲလျက် ရှိသည်ဟု daily mirror တွင်ရေးသား ထားသည်။

ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်မည့် ၅၂နှစ်မြောက် ကျောင်းသား လှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်း အနား ရန်ကုန်တက္ကသိုလ်၏ခွင့်ပြုချက်မရ

ရန်ကုန် တက္ကသိုလ်တွင်ပြုလုပ်မည့် ၅၂ နှစ် မြောက်ကျောင်းသား လှုပ်ရှားမှု သမိုင်း ပြန်လည်ဖော်ဆောင် သည့် အနေဖြင့် တက္ကသိုလ်အတွင်းသေဆုံးခဲ့သည့် ကျောင်းသားများအား အလေးပြု ကာလွမ်းသူ့ပန်းခွေ ချမည့် အစီအစဉ် အတွက် ရန်ကုန်တက္ကသိုလ်မှ တရား ဝင်ခွင့်ပြုချက်မရရှိကြောင်း ဗမာနိုင်ငံ လုံးဆိုင် ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဒီမိုကရေစီတူဒေးသို့ပြော သည်။

ဝမ်းပျက်ဝမ်းလျှောနှင့် အဆုတ်ရောင်ဖြစ်သည့် ကလေးများ၏ လေးပုံတစ်ပုံ အသက်ဆုံးရှုံးဟုဆို

မြန်မာနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် အဆုတ်ရောင် ရောဂါများကြောင့် ရောဂါဖြစ်သည့် ကလေး များ၏ လေးပုံတစ်ပုံခန့်မှာ နှစ်စဉ် အသက်ဆုံးရှုံးလျက် ရှိကြောင်း ဇူလိုင်လ ၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်သော မြန်မာနိုင်ငံနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိ ပညာေ ပး ဟောပြော ပွဲမှ သိရသည်။

ဝင်ဘယ်ဒန်ဖလားဗိုလ်စွဲပြီး ဂျိုကိုဗစ် ကမ္ဘာ့အဆင့်(၁)ဖြစ်လာ

 
ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်မှာ ၀င်ဘယ်ဒန်အိုးပင်း ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့်(၁)နေရာ ရယူနိုင်ခဲ့ကြောင်း သိရသည်။ All England Club ကွင်းတွင် ကျင်းပခဲ့သည့် ၀င်ဘယ်ဒန်အိုးပင်း အမျိုးသား ဗိုလ်လုပွဲတွင် ဆွစ်ဇာလန် တင်းနစ်သမား ရော်ဂျာဖက်ဒါရာကို ၆(၇)-၇(၉)၊ ၆-၄ ၊ ၇-၆(၄) ၊ ၅-၇ ၊ ၆-၄ ဖြင့် အနိုင်ရခဲ့ပြီးနောက် ဂျိုကိုဗစ်မှာ ကစားသမားဘ၀တစ်လျှောက် ဒုတိယမြောက် ၀င်ဘယ်ဒန်အိုးပင်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ကာ အပိုဆုအဖြစ် ကမ္ဘာ့အဆင့်(၁)နေရာ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

မှတ်ပုံတင်ကိုင် ဘင်္ဂါလီနှင့် ကမန်များကို ပြန်စစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို

Photo: မှတ်ပုံတင်ကိုင် ဘင်္ဂါလီနှင့် ကမန်များကို ပြန်စစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို
Monday, July 7, 2014 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများကို ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။

လက်ရှိ စတင် လုပ်ဆောင်နေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရာ၌ မြို့နယ်စစ်ဆေးရေး အဖွဲ့တွင် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူများကို စစ်ဆေးပေးရန် တောင်းဆိုပါက စစ်ဆေးပေးမည်ဟု ၎င်းက ပြောဆိုကြောင်း စစ်တွေမြို့မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည်ပြောဆိုသည်။

နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိလာပါက တိတိကျကျ ဖြစ်အောင် စိစစ်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဖြစ်ကြောင်း ဦးမောင်မောင်အုန်းက ပြောဆိုထားသည်။

“နိုင်ငံသားဖြစ်တဲ့သူကို နိုင်ငံသားပေးတာ ပြဿနာ မရှိဘူး။ နိုင်ငံသား မပေးသင့်တဲ့သူ တစ်ယောက်ကို နိုင်ငံသားပေးမိရင် နိုင်ငံနစ်နာတယ်။ မပေးသင့်တဲ့သူ တစ်ယောက်မှ မပေးရအောင် တိတိကျကျ လုပ်နေတယ်” ဟု ၎င်းက မီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်၍ ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်နေသည်။

The Voice Weekly
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများ ကို ပြန် လည် စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။