
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး အအေး လှိုင်းဖြတ်မှုကြောင့် ကြာသာပတေးနေ့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်းရှိ စီပူးလ် (Syedpur) မြို့တွင် အနိမ့်ဆုံးအပူချိန် ၃ ဒီဂရီ စဲစီးယပ်အထိကျဆင်းသွားသည်ဟု မိုးလေ၀သရုံးက ထုတ်ပြန်ချက် အရ သိရသည်။
၁၉၆၈ ခုနှစ် ဖေဖာဝါရီလတွင်း အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်ထိလျော့ကျသွားခဲ့ပြီးနောက်ပိုင်း ယခု ဖြစ် ရပ်သည် ဘင်္ဂလားဒေရှ့်သမိုင်း၌ အပူချိန် အနိမ့်ဆုံး လျော့နည်းခြင်းဖြစ်ကြောင်း မိုးလေ၀သဌာန ဒုတိယ တာဝန်ရှိသူ Shah Alam က ပြောကြား သည်။
အဆိုးရွားဆုံး အအေးလိုင်းဖြတ်ခဲ့မှုကြောင့် ဆင်းရဲသည့်ကျေးလက်ဒေသမှ လူပေါင်းများစွာသည် အနွေး ထည်မလုံလောက်မှု၊ အနွေးဓာတ် မရရှိမှုတို့နှင့်တွေ့ကြုံခဲ့ကြရသည်။
" ဒီလို ဆိုးရွားသည့် ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်မှုဆိုတာ မရှိခဲ့ဘူး။ လူအများအပြား အလုပ် ကိုတောင် မသွားနိုင်ခဲ့ကြဘူး။ အုပ်ချုပ် ရေးရုံးတွေရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၈၀ နီးပါးလောက် အအေးဒဏ်ကြောင့် ဖျားနာပြီး သေခဲ့တယ်လို့ သိရတယ်" ဟု Red Crescent အဖွဲ့ အစည်းမှ အထွေထွေ အတွင်းရေးမှူး အာဘူဘာကာက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်သည် အပူပိုင်းဇုန် နိုင်ငံဖြစ်ပြီး ပုံမှန်အားဖြင့် ဆောင်းရာသီ၌ အပူချိန် ၁၀ ဒီဂရီ စဲစီးယပ် ထိသာ လျော့နည်းခဲ့သည်။
Ref: AFP
The Myanma Age
No comments:
Post a Comment