Tuesday, 28 July 2015

သာယာဝတီ အကျဉ်းထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း

သာယာဝတီ အကျဉ်းထောင်တွင် ဆရာဝန်၊ ဆေးဝါးပစ္စည်း စသည့် လိုအပ်ချက်များရှိနေပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်သင့်ကြောင်း အဆိုပါ အကျဉ်းထောင်အတွင်းရှိ ဖမ်းဆီးခံကျောင်းသားများနှင့်တွေ့ဆုံရန် သွားရောက်စစ်ဆေးခဲ့သော မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်သည်။

အင်န်ဂျီအို ဥပဒေကို ဆန့်ကျင်ဆန္ဒပြသူ ၆ ဦးကို ကမ္ဘောဒီးယားရဲ ဖမ်းဆီး

ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့ အကျဉ်းသားဝတ်စုံဝတ်ထားသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ထိန်းသိမ်းစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အာဏာပိုင်များနှင့် လူ့အခွင့်အရေး အုပ်စုတစ်စု၏ ပြောကြားချက်အရ မကြာသေးမီက အစိုးရမဟုတ်သည့် အဖွဲ့အစည်း အင်န်ဂျီအိုများကို ထိန်းကွပ်သည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းမှုကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြသူ ၆ ဦးကို ကမ္ဘောဒီးယား အာဏာပိုင်များ က ဇူလိုင် ၂၆ ရက်က ခဏတာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ပြင်ပမှ NLD ကိုယ်စားလှယ်လောင်း လျှောက်ထားသူ (၄၀၀၀)နီးပါးရှိ

မြန်မာတစ်နိုင်ငံလုံးတွင် ပြင်ပမှ NLD လွှတ်တော် ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူ (၄၀၀၀)နီးပါးရှိနေကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဦးဟန်သာမြင့် က The Messenger Media သို့ ပြောသည်။

ရန်ကုန် အိမ်ခြံမြေဈေး စံနှုန်းသတ်မှတ်ချက် ထုတ်ပြန်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြေဈေးနှင့်တိုက်ခန်း ဈေးစံနှုန်း သတ်မှတ်ချက်များကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ကေဘယ်ကြိုး ခိုးယူသည့် လူငယ် (၆)ဦးအား ဖမ်းဆီးရမိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသုံး ကေဘယ်ကြိုးများနှင့် ၀ါယာကြိုးများကို ခိုးယူနေသူ လူငယ်ခြောက်ဦးအား ယခုလ (၂၆) ရက်နေ့၌ ခန္တီးမြို့နယ်တွင် ဖမ်းဆီး အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခေါင်းလောင်းတစ်လုံးနစ်မြုပ်နေသည့် သတင်းကြောင့် ရေငုပ်သမားများမှ ရှာဖွေလျက်ရှိ

မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာရှိ အော်ကြီးချောင်းအတွင်း ခေါင်းလောင်းတစ်လုံးနစ်မြုပ်နေသည့် သတင်းကြောင့် အဆိုပါ ကျေးရွာသားများနှင့် ရေငုပ်သမားများ ပူးပေါင်းကာ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။ အော်ကြီးချောင်းအတွင်း ဇူလိုင် ၂၅ ရက် နေ့လည်ပိုင်းမှစတင်ကာ ရေငုပ်သမား(၇)ဦးခန့်ဖြင့် ခေါင်းလောင်းရှိ သည်ဟု ယူဆရသည့်နေရာအား ရှာဖွေနေကြခြင်းဖြစ်ကာ အဆိုပါနေရာသို့ ဘုန်းတော်ကြီးများ၊ ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ စုစုပေါင်း(၅၀)ဦးခန့် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆိုမာလီ နာမည်ကျော်ဟိုတယ်ကို အယ်လ်ရှာဘတ် ဗုံးခွဲ၊ တရုတ်သံရုံးဝန်ထမ်း အပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံး


ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှုရှိ နာမည်ကျော် ဟိုတယ်တစ်ခုကို ဆိုမာလီ စစ်သွေးကြွ အယ်လ်ရှာဘတ်အုပ်စုက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးသွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးများပြီး ရေကြီးမှုကြောင့် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှု များပြား

တွင်းငယ်-မိုးမိတ် ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် တံတားပျက်စီးနေမှုကို မြင်တွေ့ရစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေ ကြီးခြင်းနှင့် တောင်ကျရေတိုက် စားမှုများဖြစ်ပေါ်ခဲ့ရာ လူသေ ဆုံး၊ ပျောက်ဆုံးမှုများ၊ နေအိမ်၊ လမ်းတံတားနှင့် စပါးစိုက်ဧက အများအပြား ပျက်စီးဆုံးရှုံးခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေဖြင့် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံနှစ်ခု တည်ဆောက်မည်

နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် နိုင်ငံတကာ အဆင့်မီ ကဇာတ်ရုံ (အနုပညာ ဗဟိုဌာန)နှစ်ခုကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ယခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ် ကြောင်း သတင်းရရှိသည်။

ပါတီဝင်နှစ်ဦးဖမ်းဆီးခံရ၍ ဆက်ဆံရေး တင်းမာမှုဖြေရှင်းရန် RCSS/SSA နှင့် တအာင်န်း (ပလောင်) နှစ်ဖက်ခေါင်းဆောင်များဆွေးနွေးမည်

ရှမ်းလက်နက်ကိုင်တပ် ဖွဲ့ RCSS/SSA က တအာင်န်း (ပလောင်)အမျိုးသားပါတီဝင် များအား ဖမ်းဆီးခဲ့ခြင်းကြောင့် ဆက်ဆံရေးတင်းမာခဲ့သည့် အ ခြေအနေကို ပြေလည်မှုရရှိရန် နှစ်ဖက်ခေါင်းဆောင်များ ရက် ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။

စင်ကာပူအဘွားအိုကို ကတ်ကြေးဖြင့် ထိုးသတ်သည့် မြန်မာအိမ်ဖော်အား ထောင်ဒဏ် ၁၃ နှစ်ချမှတ်

စင်ကာပူ - စင်ကာပူ တရားရုံး တစ်ခုသည် မြန်မာအိမ်ဖော်တစ် ဦးအား အလုပ်ရှင် ဖြစ်သူ၏ သက် ကြီးရွယ်အိုယောက္ခမကြီးကို ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှုအ တွက် ထောင်ဒဏ် ၁၃ နှစ်ကျခံ စေရန် အမိန့်ချမှတ်လိုက်သည်။

ကောလင်းတွင် ရေဘေးဒုက္ခအဆိုးရွားဆုံးကြုံနေပြီး ကျေးရွာအချို့သို့ ကယ်ဆယ်ရေးမရောက်နိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ရာဒေသများအ နက် ကောလင်းမြို့နယ်တွင် အ ဆိုးရွားဆုံးဖြစ်နေပြီး ကျေးရွာ ၈၈ ရွာ ရေနစ်မြှုပ်နေကာ အချို့ကျေး ရွာများသို့ ကယ်ဆယ်ရေးပစ္စည်း များ မပေးပို့နိုင်ဖြစ်နေကြောင်း သတင်းရရှိသည်။

အပစ်ရပ်လက်မှတ်ထိုးရာတွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရန် အစိုးရက ငြင်းဆန်နေဟု UNFC ထုတ်ပြန်

နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာမည်ဟုပြော ကြားနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အား လုံးပါဝင်လက်မှတ်ထိုးရန် အစိုး ရက အကြောင်းအမျိုးမျိုးပြ ငြင်း ပယ်နေကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC) က ဇူလိုင် ၂၇ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

တပ်ချုပ်၏ အိန္ဒိယခရီးစဉ်အတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် လက်နက်ဝယ်ယူရေး အဓိကဆွေးနွေးမည်

မြန်မာ- အိန္ဒိယစစ်ရေးပူပေါင်းမှုမြှင့်တင်ရန်နှင့်လက်နက်ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ်၊ အိန္ဒိယစစ် ဘက် အကြီးအကဲတို့ တွေ့ဆုံစဉ် အဓိကထား ဆွေးနွေးမည်ဖြစ် ကြောင်း အိန္ဒိယ သတင်းများက ဖော်ပြသည်။

သူရဦးရွှေမန်း လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင် တချို့ စာတင်

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
လက်ရှိ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းကို သူ့ရဲ့မူလ မဲဆန္ဒနယ်မြေဖြစ်တဲ့ နေပြည်တော်ရှိ ဇေယျာသီရိမြိုနယ် မဲဆန္ဒရှင် ၃ % ခန့်က လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို ဒီရက်ပိုင်းအတွင်း စာရေးသား တောင်းဆိုလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ခုလိုတောင်းဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဆက်အရေးယူနိုင်ဖို့ ဥပဒေမရှိသေးပေမယ့် ဒါဟာ တပ်မတော်အပါအဝင် အစိုးရ ထိပ်ပိုင်းနဲ့ အစိုးရပါတီအကြား အကွဲအပြဲဖြစ်ကို ပြလိုက်တာလို့ သုံးသပ်နေကြပါတယ်။ ဒီအခြေနေနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရဲထွန်းရဲ့အမြင်ကို ဦးဝင်းမင်းက မေးမြန်းတင်ပြ ထားပါတယ်။

ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ (၈)ဦးကို လက်နက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ကျော်သက်နှင့်စောဆန်းအောင် အဖွဲ့များ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြား စောင့်တပ် (BGF)တို့ပူးပေါင်း၍ နယ်မြေ ရှင်းလင်းမှုနှင့်အတူ ကေအင်န်ယူတပ်ရင်း (၁၇)မှလည်း ဟန်ချက်ညီရှင်းလင်းလျက်ရှိသည်။ ထိုသို့ဆောင်ရွက်စဉ် တရိတကောင်း ရှိ ကေအင်န်ယူ တပ်ရင်း ၁၇ မှ တပ်ဖွဲ့ဝင်များသည် ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦးအား လက်နက်မျိုးစုံ ၉လက်၊ ကျည်အိမ်မျိုးစုံ ၂၈ ခု၊ ကျည်မျိုးစုံ ၂၇၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁လုံးတို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ဇူလိုင် ၂၆ ရက်က မိဖညားကျေးရွာတွင် တပ်မတော် စစ်ကြောင်းများထံ လာရောက်အပ်နှံ ခဲ့သည်။

အောင်ဇေယျ တံတားပေါ်ရှိ ချစ်သူစုံတွဲထံမှ လုယက်ကာ မိန်းကလေးကို မုဒိမ်းကျင့်၊ယင်းအမှုကို စုံစမ်းထောက်လှမ်းသော နယ်ထိန်းရဲ အသတ်ခံရ

အင်းစိန်မြို့နယ် အောင်ဇေယျ တံတားပေါ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ ညက ချိန်းတွေ့နေသော ချစ်သူစုံတွဲထံမှ လုယက်ကာ မိန်းကလေးကို မုဒိမ်းကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုကို စုံစမ်းထောက်လှမ်းနေသော နယ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦး ကမ်းနားအနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာလမ်းရှိ လမင်းရိပ် လက်ဖက်ရည်ဆိုင်ရှေ့တွင် ဇူလိုင်လ ၂၆ ရက် ညနေ ၅ နာရီခွဲက အသတ်ခံရကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကမ္ဘာတွင် စိတ်ကြွဆေးပြား ပမာဏ ဒုတိယအများဆုံး ဖမ်းဆီးမှုအဖြစ် ဇေကမ္ဘာဝင်းတွင် ဖမ်းမိ

ကမ္ဘာတွင် ဒုတိယအများဆုံး၊ အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ပမာဏ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီက ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောကြားသည်။

သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းဖို့ တောင်းဆို

သူရ ဦးရွှေမန်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကနေ ပြန်လည် ရုပ်သိမ်းပေးဖို့ ဇေယျာသီရိ မြို့နယ်မဲ ဆန္ဒရှင် တချို့က လက်မှတ် ရေးထိုး တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့ မိုးကြီးနိုင်ပြီး နောက်ဆက်တွဲ ရုတ်တရက် ရေကြီး ရေလျှံမှုနှင့် မြေပြို တောင်ပြိုမှုများ ဖြစ်ပွားနိုင်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာ-အရာတော်-ရွှေဘို ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံ နေသည် ကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမိုးထွန်း၊ မုံရွာ) 
မြန်မာနိုင်ငံအထက်ပိုင်းရှိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး နောက်ဆက်တွဲအဖြစ် ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှု များ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။