Sunday, 17 May 2015

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ သေဒဏ်ချမှတ်ခံရ

၂၀၁၁ခုနှစ်က အစုလိုက်အပြုံလိုက်ထောင်ဖောက်မှုဖြင့် ဖြုတ်ချခံရသောသမ္မတဟောင်း မိုဟာမက်မော်စီ ကို အီဂျစ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်။ ခေါင်းဆောင်ဟောင်းမော်စီမှာ ၄င်းအာဏာရစဉ် ကာလက ဆန္ဒပြသူများကို ဖမ်းဆီးနှိပ်စက်ရန် အမိန့်ပေးမှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရပြီးဖြစ် သည်။ မော်စီ၏အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် မော်စီသည် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ တွင် စစ်တပ်၏ဖြုတ်ချခြင်းကို ခံခဲ့ရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပေါင်းလုပ်သင့်ဟု ဆို

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် တပြိုင်တည်းပေါင်းပြီး ပြုလုပ်သင့် သည်ဟု ခြောက်ပွင့်ဆိုင်တွင် ပါဝင်သည့် လွှတ်တော်တွင်းရှိ တိုင်းရင်းသားပါတီများ ခေါင်းဆောင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အများအော်သလို လိုက်မအော် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပုံစာ-  မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွပ် အ.ထ.က(၂) အားကစားကွင်းတွင် မေလ ၁၆ ရက် ညနေ ၄နာရီက လူထုတွေ့ဆုံပွဲ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို) 
အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး အချေအတင်ပြောနေကြသည့် အချိန်တွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အများအော်သကဲ့သို့ လိုက်အော်မည် မဟုတ်ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မော်လမြိုင်မြို့ လှိုင်အားကစားကွင်းတွင် မေ ၁၆ရက်က လူထုနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်အပြုအမူများကြောင့် စိုးရိမ်မိသည်ဟု ကယ်ရီ ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ။ (ဓာတ်ပုံ - ရိုက်တာ)
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ဧရိယာများတွင် တရုတ်၏ မြေယာဖော်ယူရေး စီမံကိန်းများ၏ နေရာ အကျယ်အဝန်း နှင့် ပတ်သက် ၍ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက  ပြောကြား လိုက်သည်။

၂၀၁၅ နွေရာသီကာလ အတွင်း ဂူးဂဲလ်၏ မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်မည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်က ၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့၏ မောင်းသူမဲ့ ကားများကို စတင် စမ်းသပ် မောင်းနှင်မည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။ ဂူးဂဲလ်၏ မောင်းသူမဲ့ကားများကို ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ လမ်းမများပေါ်တွင် ၂၀၁၅ ခုနှစ် နွေရာသီကာလ များအတွင်း စတင်စမ်းသပ် မောင်းနှင်သွားမည်ဟုလည်း သတင်းများက ဆိုသည်။

အလုပ်အကိုင်ရှားပါး၍ မြန်မာလူငယ်များ နိုင်ငံခြားထွက်ခွာနေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ သယံဇာတ ထွက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော်လည်း စနစ်တစ်ခု အားနည်းနေခြင်းကြောင့် မြန်မာနိုင်ငံရှိ လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေရကြောင်း မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

အင်ဒိုနီးရှားတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သား ၁၃၇ ဦး မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိမည်

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သားများအနက် ၁၃၇ ဦး မေလ ၁၇ ရက် ည ၇ နာရီခွဲခန့်တွင် MAI လေကြောင်း လိုင်းဖြင့် ရောက်ရှိမည်ဟု မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီး ကာကွယ် ရေး ဗဟိုအဖွဲ့ထံမှ သိရသည်။

Friday, 15 May 2015

ရွှေ့ပြောင်းနေထိုင်သူ ၄၀၀ နီးပါး ပါရှိသည့် လှေကို ပင်လယ်ဘက်သို့ ထိုင်းရေတပ် ဆွဲထုတ်ပေး


 ဘင်္ဂါလီ ၄၀၀ ဝန်းကျင် လိုက်ပါလာပြီး ထိုင်းပိုင်နက် ကျွန်းတစ်ကျွန်းတွင် တစ်ပတ်မျှ သောင်တင်နေသည့် လှေတစ်စီးကို ထိုင်းရေတပ်က ပင်လယ်ဘက်သို့ ပြန်ဆွဲထုတ်ပြီး ကမ်းမှ ခွာစေခဲ့ကြောင်း သိရှိရသည်။
 လှေ၏ ပျက်စီးနေသော အင်ဂျင်ကို ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာနှင့် သောက်ရေတို့ ဖြည့်ဆည်းပေးကာ ပင်လယ်ဘက်သို့ ပြန်လည် ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေသည် ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားဘက်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း ထိုင်းအစိုးရ ရေဒီယိုဌာနက မေလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အိမ်ဝယ်လျှင် လူကိုပါ လက်ထပ်ရမည်ဆိုသည့် အင်ဒိုအမျိုးသမီးအတွက် ဝယ်လက် ပေါ်လာ

မိမိအိမ်ကို ဝယ်ယူပါက မိမိကိုပါ လက်ထပ်ရမည်ဟု ကြေညာခဲ့မှုကြောင့် နာမည်ကြီးခဲ့သည့် အင်ဒိုနီးရှား အမျိုးသမီးသည် သူမ၏ ဝယ်လက် (သို့မဟုတ်) ခင်ပွန်းလောင်းကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်သည်။
ယွန်ယာကာတာတွင် နေထိုင်သည့် အသက် (၄၀) အရွယ် အမျိုးသမီး ဝီနာလိုင်က သူမ၏ အိမ်ကို ဝယ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုကို အမျိုးသားတစ်ဦးထံမှ လက်ခံရရှိခဲ့ကြောင်း Kompas နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။ “သူ့နာမည်က ရီဒီ အီကိုပါ။ သူကလည်း ဇနီးတစ်ယောက် အလိုရှိနေတာပါ”ဟု ဝီနာက ဆိုသည်။

ဥပဒေပြဋ္ဌာန်းရေး ဝန်ကြီးဌာနများ ကြန့်ကြာဟု ဦးရွှေမန်း သတိပေး

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ပြည်ထောင်စု လွှတ်တော်က ဥပဒေများ မြန်ဆန်စွာ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အချိန်ကြန့်ကြာစေရန် ပြုလုပ်နေမှုများရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောဆိုလိုက်သည်။

အောင်တံခွန်သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးသူများ လက်မှတ်မရှိလျင် လျှော်ကြေးပေးမည် မဟုတ်

အောင်တံခွန် သဘောင်္ နစ်မြုပ်မှု ကယ်ဆယ်ရေး ပြုလုပ်ရန် သွားရောက်သော ဒေသခံများ (ဓာတ်ပုံ – Aung Kyaw Khaing / Kyauk Phru Youth Net)
ရခိုင်ပြည်နယ် တောင်ကုတ် – စစ်တွေ ပြေးဆွဲနေသော အောင်တံခွန် အမှတ် (၃) သင်္ဘော နစ်မြုပ်မှု၌ သေဆုံးခဲ့သူများအနက် တရားဝင်လက်မှတ်ဖြင့် စီးနင်းလိုက်ပါသူများကိုသာ လျော်ကြေး ပေးဆောင် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောသည်။

ဦးနေမျိုးဇင် အပါအဝင် ခြောက်ဦး ထောင်ဒဏ် လေးနှစ် လေးလစီကျ

လက်ပံတောင်းစီမံကိန်းတွင် ဆန္ဒပြသူ ဒေါ်ခင်ဝင်းအား ပစ်သတ်ခံရမှုအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြ သည့် ဗိုလ်ကြီး(ဟောင်း) နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင် အပါအဝင် ငါးဦးကို ဒဂုံမြို့နယ် တရားရုံးတွင် အမိန့်ချမည့် မေ ၁၅ ရက်၌ ရဲများက ကြိုးဝါများဖြင့် စည်းတားထားသဖြင့် ရုံးထုတ်လာသူ များက ယင်းလုပ်ရပ်အပေါ် ကျေနပ်မှု မရှိဟုဆိုကာ အော်ဟစ်ကာ တရားရုံးရှေ့တွင် ဆန္ဒပြနေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် တရားစွဲ ဆိုခံထားရသည့် ဦးနေမျိုးဇင် အပါအ၀င် ခြောက်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် လေးလစီ ပြစ်ဒဏ်ကျခံစေရန် ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချမှတ်လိုက်သည်။

အရန်မီးသတ်များကို အထူးရဲတပ်ဖွဲ့ ခန့်အပ်ရန် ပြင်ဆင်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အရန်မီးသတ်ဝင်များကို အထူးရဲတပ်ဖွဲ့ အဖြစ် သုံးလ တာဝန်ထမ်းဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။

ဖိလစ်ပိုင်တွင် ဖိနပ်စက်ရုံ မီးလောင် ၇၂ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ ဖိနပ်စက်ရုံတစ်ရုံ မီးလောင်သွားသဖြင့် သေဆုံးသူ ၇၂ ဦး ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ထိုင်းနှင့် မလေးရှားနယ်စပ်တွင် ဒုက္ခသည်စခန်းဟုယူဆရသော ကြီးမားသည့် စခန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ထပ်မံတွေ့ရှိ

Photo Caption: ဒုက္ခသည်စခန်းဟုယူဆရသည့် စခန်းတစ်ခု၌ တွေ့ရသော ထိုင်းရဲတပ်ဖွဲ့ဝင်များ
ထိုင်းအာဏာပိုင်များက ထိုင်း-မလေးရှားနယ်စပ်တွင် ဒုက္ခသည် စခန်းဟုယူဆရသည့် နောက်ထပ် စခန်း တစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းသည် ယခင်တွေ့ရှိခဲ့သည်များ ထက် ပိုမိုကြီးမားကြောင်း The Straits Times သတင်းတွင် ဖော် ပြသည်။

ခဏတွင်းချင်း သွေးတိတ်စေမယ့် ငရုတ်ကောင်းမှုန့်

အနာအမြန်ပျောက်ဖို့ သွေးတိတ်စေတဲ့ အရာတစ်ခုခု လိုအပ်ပါတယ်။ အနာပျောက်ကင်းစေဖို့ ရွံ့စေးမှုန့်က အကောင်းဆုံး သွေးတိတ်စေတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် လက်တစ်ကမ်းမှာ မရှိဘူးဆိုရင် အရောင်တင် ပန်းငရုတ်မုန့် (Paprika power) ကို အသုံးပြုနိုင်ပါတယ်။ အရမ်းကြီးလည်း မစပ်ပါဘူး။

မြန်မာနိုင်ငံသို့ မေ ၁၆ရက်တွင် မုတ်သုံစတင်ဝင်ရောက်မည် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင် ပြောကြား

မြန်မာနိုင်ငံသို့ မေ၁၆ ရက်တွင် မုတ်သုံစတင် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

နယ်မြေမတည်ငြိမ်ပါက ရှမ်းနှင့် ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် ရွေးကောက်ပွဲမလုပ်ဟု ဦးတင်အေးဆို

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိပါက ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ လုံခြုံရေး အိုဘားမား အခိုင်အမာ အာမခံ

ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ အရေး အိုဘားမား ဆွေးနွေး။ (မေ ၁၄၊ ၂၀၁၅) 
အမေရိကန်ပြည်ထောင်စုဟာ ပင်လယ်ကွေ့ဒေသ မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေး အတွက် မပြောင်းလဲနိုင် တဲ့ သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ အဲဒီနိုင်ငံတွေအပေါ် ခြိမ်းခြောက်လာပြီဆိုရင် စစ်အင်အားအသုံးပြုဖို့ စဉ်းစားမှာ ဖြစ်ကြောင်း သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ စစ်ဆင်ရေး များ၌ သေဆုံးဒဏ်ရာရသည့်အရပ်သား ကိုးထောင်ကျော်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ယနေ့အထိ စစ်ဆင်ရေးတွင် အရပ်သားလုပ်သား သုံးစွဲမှု မရှိတော့ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော

၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အထိ စစ်ဆင်ရေးများတွင် တာဝန် ထမ်းဆောင် ခဲ့သည့် အရပ် သားများအနက် သေဆုံးဒဏ်ရာရ သူ ကိုးထောင်ကျော် ၉၄၀၆ဦးရှိခဲ့ ကြောင်းနှင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်မှ ယနေ့အချိန်ထိ အရပ်သား လုပ်သားသုံးစွဲမှုမရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီးဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။