Sunday 17 May 2015

၂၀၁၅ နွေရာသီကာလ အတွင်း ဂူးဂဲလ်၏ မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်မည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်က ၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့၏ မောင်းသူမဲ့ ကားများကို စတင် စမ်းသပ် မောင်းနှင်မည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။ ဂူးဂဲလ်၏ မောင်းသူမဲ့ကားများကို ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ လမ်းမများပေါ်တွင် ၂၀၁၅ ခုနှစ် နွေရာသီကာလ များအတွင်း စတင်စမ်းသပ် မောင်းနှင်သွားမည်ဟုလည်း သတင်းများက ဆိုသည်။

မေလ အစပိုင်းတွင် ဂူးဂဲလ်၏ မောင်းသူမဲ့ကားများသည် မတော်တဆမှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက် ပေါ်ခဲ့သော်လည်း ကုမ္ပဏီက ၎င်းတို့၏ မောင်းသူမဲ့ကားများကို လမ်းမများပေါ်တွင် စမ်းသပ် မာင်းနှင်နိုင်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

စမ်းသပ်မောင်းနှင်သည့် ခရီးအကွာအဝေး စုစုပေါင်း မိုင်တစ်သန်းခန့် ရှိမည်ဖြစ်ပြီး ယင်းမောင်းနှင်မှု ခရီး ပမာဏသည် ၇၅ နှစ်စာ ယာဉ်မောင်းအတွေ့အကြုံနှင့် ညီမျှမည်ဖြစ်သည်ဟု ဂူးဂဲလ်က ခန့်မှန်းထားသည်။

ဂူးဂဲလ်၏ မောင်းသူမဲ့ကားများကို တစ်နာရီ ၂၅ မိုင်နှုန်း ကန့်သတ်ထားပြီး ထိန်းချုပ်မောင်းနှင်နိုင်ရန် ဘရိတ်၊ စတီရင် စသည့် အစိတ်အပိုင်းများလည်းပါဝင်သဖြင့် လိုအပ်ပါက ထိန်းချုပ် နိုင်မည် ဖြစ်သည်။ ဂူးဂဲလ် မောင်းသူမဲ့ကားကို စမ်းသပ်ကာလများအပြီးတွင် ထုတ်လုပ်ဖြန့်ချိရန်စီစဉ်ထားပြီး အချိန်ကာလ အားဖြင့် ၂၀၂၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ် ဖြန့်ချိနိုင်လိမ့်မည်ဟု သတင်းများက ခန့်မှန်းဖော်ပြကြသည်။

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ၂၀၁၄ စက်တင်ဘာမှ စတင်ပြီး လက်ရှိအချိန်အထိ စမ်းသပ်မောင်းနှင် နေသည့် မောင်းသူမဲ့ကားများ၏ ၈ ရာခိုင်နှုန်းသည် မတော်တဆ ထိခိုက်မှုများ ရှိသည်ဟုလည်း စစ်တမ်း များက ဖော်ပြထားသည်။

ယင်းအပြင် ဆွီဒင်အခြေစိုက် Volvo ကား ကုမ္ပဏီကလည်း မောင်းသူမဲ့ကားများကို ၂၀၁၇ ခုနှစ်တွင် စမ်းသပ် မောင်းနှင်နိုင်ရန် ဆောင်ရွက်သွားမည် ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

မောင်းသူမဲ့ ကားထုတ်လုပ်ရန် Tesla, Google, Audi, Mercedes, Nissan, Volvo စသည့် ကုမ္ပဏီများက စမ်းသပ်လျက်ရှိနေသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment