Sunday 17 May 2015

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပေါင်းလုပ်သင့်ဟု ဆို

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် တပြိုင်တည်းပေါင်းပြီး ပြုလုပ်သင့် သည်ဟု ခြောက်ပွင့်ဆိုင်တွင် ပါဝင်သည့် လွှတ်တော်တွင်းရှိ တိုင်းရင်းသားပါတီများ ခေါင်းဆောင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

“ပြည်ထောင်စုလွှတ်တော်ဘက်က ပုဒ်မ ၄၃၆ အောက်က အရေးကြီးပုဒ်မ တချို့ ကို ၇၅ ရာနှုန်း အကျော်နဲ့ ပြင်နိုင်တဲ့ အခင်းအကျင်းဖြစ်ခဲ့ရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မလုပ်လို့ မရပါဘူး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေအရ ကော်မရှင်ကို တာဝန်ပေးရင် ကော်မရှင်က လုပ်ပေးရမှာပဲ၊ မလုပ်လို့ ကို မရဘူး၊ အချိန်မလုံလောက်ဘူးဆိုရင် သူရဦးရွှေမန်း နိုင်ငံခြားခရီးစဉ်မှာ hints တစ်ခုပေးခဲ့သလို ရွေးကောက်ပွဲ မတိုင်ခင် လုပ်နိုင်တဲ့အခင်းအကျင်း ဦးတင်အေးတို့ ဘက်က မရှိဘူးဆိုရင် ရွေးကောက်ပွဲ ကာလထဲမှာ မဲပုံးထောင်လိုက်ရင် ရပါတယ်။ ကျန်တဲ့ ဟာတွေက အမတ်တွေကို ရွေးမှာပေါ့ဗျာ။ ဒါဟာ မလုပ်နိုင်တဲ့ နေအထားမဟုတ်ပါဘူး၊ ဘတ်ဂျက်လည်း ချွေတာသလို လူထုဆန္ဒ အစစ်အမှန်လည်း ရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲပြုလုပ်သည့် နှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခိုင်းလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အချိန် မလုံလောက်တော့သဖြင့် အခက်အခဲရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌက မေ ၁၄ ရက်နေ့ ၌ ပြောခဲ့ခြင်းအပေါ် ၎င်းက တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲကာလ တည်ငြိမ်ဖို့ သာ အရေးကြီးကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်း ပြုစုနေမှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြပ်း ၇၅ ရာခိုင် နှုန်းသာ ပြီးစီးသေးသည့်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန် မဲစာရင်းလည်း အဆင်သင့် မရှိသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင် မေလ ၁၄ ရက်က ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ပြောခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အေးမောက်က ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလ တို့တွင် နိုင်ငံရေး တည်ငြိမ်ဖို့ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ အောက်ရှိ ဥပဒေများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်နိုင်မှသာ ဖြစ်နိုင်ကြောင်းလည်း ထောက်ပြ ပြောကြားခဲ့သည်။ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ကို မူလက ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းသည်။

ဥပဒေနှင့် မညီညွတ်ကြောင်း ဖွဲ့ စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပြင်ဆင်ရေးဆွဲပြီးသော ထိုဥပဒေကြမ်းမှာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ယခု အဆင်သင့်ဖြစ်နေ ပြီဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ချောင်းဦးမြို့နယ် အမတ် ဦးလှထွန်းက ပြောခဲ့ရာ ထိုဥပဒေမှာ ယခု ကျင်းပ နေ သော ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးမှာပင် အတည်ပြုနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အောက်ရှိ အရေးကြီး ပုဒ်မများကို လွှတ်တော်တွင်း ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံသည့် အခင်းအကျင်းတစ်ခု ပေါ်ပေါက်လာသည်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို ရွေးကောက် ပွဲကော်မရှင်က မဖြစ်မနေ ကျင်းပပေးရန်သာ ရှိကြောင်း၊ အချိန်နည်းသောကြောင်း Referendum (ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ) ကျင်းပဖို့ ခက်ခဲနေသည်ဟု ကော်မရှင် ဥက္ကဋ္ဌက လွှတ်တော်သို့ စာပို့ထားသော်လည်း ထိုအခက်အခဲကို ရွေးကောက်ပွဲနှင့် Referendum တို့ကို တစ်ပြိုင်တည်း ပြုလုပ်ခြင်းဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု လွှတ်တော်အမတ်တို့က မျှော်လင့်ထားကြသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment