Sunday 17 May 2015

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ သေဒဏ်ချမှတ်ခံရ

၂၀၁၁ခုနှစ်က အစုလိုက်အပြုံလိုက်ထောင်ဖောက်မှုဖြင့် ဖြုတ်ချခံရသောသမ္မတဟောင်း မိုဟာမက်မော်စီ ကို အီဂျစ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်။ ခေါင်းဆောင်ဟောင်းမော်စီမှာ ၄င်းအာဏာရစဉ် ကာလက ဆန္ဒပြသူများကို ဖမ်းဆီးနှိပ်စက်ရန် အမိန့်ပေးမှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရပြီးဖြစ် သည်။ မော်စီ၏အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် မော်စီသည် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ တွင် စစ်တပ်၏ဖြုတ်ချခြင်းကို ခံခဲ့ရသည်။

ထိုစဉ်ကတည်းက အာဏာပိုင်များသည် ၎င်း၏ မွတ်စလင်ဘရားသားဟုလှုပ်ရှားမှုကို ပိတ်ပင်ခဲ့ပြီး မော်စီ ထောက်ခံသူ ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့သည်။ သေဒဏ်အားလုံးကို အီဂျစ်၏ အမြင့်ဆုံး ဘာသာရေးအာဏာပိုင် Grand Mufti သို့ ပထမဆုံးပေးပို့ရပြီး ၄င်း ထင်မြင်ချက်ကိုတောင်းခံရသည်။ သို့သော်လည်း သေဒဏ်ကို ၎င်းက အတည်ပြုပေးသည့်တိုင် အယူခံခွင့်ရှိကြောင်းသိရသည်။

မော်စီအပေါ်ချမှတ်ထားသောပြစ်ဒဏ်များမှာ နိုင်ငံရေးအရတွန်းအားပေးမှုများသာ ဖြစ်ပြီး အာဏာသိမ်းမှု အား တရားဝင်အကာအကွယ်ပေးရန်သာဖြစ်သည်ဟု မော်စီကိုထောက်ခံသူများက ပြောကြားခဲ့သည်။ မော်စီ ကလည်း တရားရုံးများ၏ အာဏာပိုင်မှုကို ပယ်ချထားသည်။မော်စီသည် အီဂျစ်၏ ပထမဆုံး လွတ်လပ်စွာ ရွေးကောက်တင်မြောက်ခံရသည့် သမ္မတဖြစ်သည်။ သို့သော်လည်း ၎င်း၏ အုပ်ချုပ်မှုတစ်နှစ် မပြည့်မီမှာပင် ဆန့်ကျင်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ ထိုစဉ်မော်စီသည် ၎င်းအားကျယ်ပြန့်စွာ အာဏာ အပ်နှင်းသည့် အမိန့်ဒီကရီတစ်ခုကို ထုတ်ပြန်ခဲ့သည်။

Ref: BBC

No comments:

Post a Comment