Thursday, 25 September 2014

နေပြည်တော်အသင်း လစာကိစ္စ အဖွဲ့ချုပ်ကြားဝင်ဖြေရှင်း

နေပြည်တော်အသင်းသည် ဖူဆယ်အသင်းမှ ကစားသမားနှင့် အုပ်ချုပ်သူများအား လစာရှင်းပေးရန် ရှစ်လ စာကျန်ရှိပြီး ပြဿနာဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြားဝင်ဖြေ ရှင်းပေးခဲ့သဖြင့် ပြေ လည်သွားကြောင်းနှင့် ယခုလအတွင်း အပြီးသတ် ပေးချေသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ အိန္ဒိယအောင်မြစ်စွာလွှတ်တင်

Photo: ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ အိန္ဒိယအောင်မြစ်စွာလွှတ်တင်
Thursday, September 25, 2014

အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုလ်၏ ဂြိုဟ်တုပတ် လမ်းကြောင်းပေါ် သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ယင်းကြောင့် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ဥရောပအေဂျင်စီနှင့် ဆိုဗီယက် ရုရှားတို့၏ နောက်တွင် အင်္ဂါဂြိုလ်ပတ်လမ်းကြောင်းပေါ်သို့ ဂြိုလ်တုလွှတ်တင် နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း သိရ သည်။ 

အိန္ဒိယ၏ အင်္ဂါဂြိုဟ်စေလွှတ်ရေး မစ်ရှင်သည် ဂြိုဟ်တစ်ခုမှ တစ်ခုသို့ စေလွှတ် သည့်မစ်ရှင်များတွင် ဈေးအသက်သာဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၄ သန်းသာ ကုန်ကျခဲ့သည်။ မကြာမီတွင် မန်ဂယ်လ်ယန်း အာကာသစူးစမ်းရေး ယာဉ်အနေဖြင့် ဂြိုဟ်နီကြီးဟု တင်စားခေါ်ကြသည့် အင်္ဂါဂြိုဟ်၏ လေထုကို စတင်လေ့လာတော့မည်ဖြစ်သည်။

"အခုဆိုရင် အခြေအနေတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာမှာ မစ်ရှင်ပေါင်း ၅၁ တစ်ခု ပြုလုပ်ခဲ့ပေမယ့် မစ်ရှင် ၂၁ ခုပဲ အောင်မြင်မှုရခဲ့ တာပါ။ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့ကပဲ အင်္ဂါဂြိုဟ်ဆီကို ဂြိုဟ်တုတွေ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယကတော့ ပထမဆုံးပို့တဲ့ အချိန်မှာပဲ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ "ဟူ၍ ၀န်ကြီးချုပ်မိုဒီက တောင်ပိုင်း ဘင်္ဂလောမြို့ရှိ အာကာသ ထိန်းချုပ်ရေးစခန်းတွင် ပြောဆိုခဲ့သည်။ 

မကြာသေးမီက နာဆာမှ စေလွှတ်ခဲ့သော Maven မစ်ရှစ်သည် ကုန်ကျစရိတ် ဒေါ်လာ ၆၇၁ သန်းရှိခဲ့သည်။ 

Mars Orbiter Mission (MOM) ဟုလည်း ထင်ရှားသည့် မန်ဂယ်လ်ယန်း(Mangalyaan) အာကာသယာဉ်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း ဘင်္ဂလာပင်လယ်အော် ကမ်းရိုးတန်းပေါ်ရှိ ဆရီဟာရီခိုတာ အာကာသ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုလ်၏ ဂြိုဟ်တုပတ် လမ်းကြောင်းပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ဂျူဗင်တပ်၏ဝင်ငွေ ယူရိုသန်း ၃၀၀ ကျော်သလို ကြွေးမြီ သန်း ၂၀၀ ကျော် တင်ရှိ

အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်သည် ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘောလုံး ရာသီတွင် ဝင်ငွေ ယူရိုသန်း ၃၀၀ ရခဲ့သော်လည်း စုစုပေါင်း ကြွေးမြီမှာ ယူရိုသန်း ၂၀၀ ကျော်ခဲ့ပြီဖြစ်သည်။

မန္တလေး ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသသည့် ကလေးငယ် နှစ်ဆခန့်မြင့်တက်

မန္တလေးမြို့ရှိ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ယခုရက်ပိုင်းအတွင်း တက်ရောက် ကုသသည့် ကလေးလူနာအရေအ တွက်  ပုံမှန်ထက်နှစ်ဆခန့် မြင့် တက်နေကြောင်း သတင်းရရှိ သည်။

ဓားစာခံ ပြင်သစ်နိုင်ငံသားကို Algeria အစွန်းရောက်တွေ ကွပ်မျက်

Photo: ဓားစာခံ ပြင်သစ်နိုင်ငံသားကို Algeria အစွန်းရောက်တွေ ကွပ်မျက်
Thursday, September 25, 2014

IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ စစ်သွေးကြွအဖွဲ့က အခုသီတင်းပတ် စောစောပိုင်းမှာ ဖမ်းဆီးသွားတဲ့ ပြင်သစ်လူမျိုး အပျော်ခြေလျှင် ခရီးသွား တယောက်ကို ခေါင်းဖြတ် သတ်လိုက်ကြပါတယ်။

Soldiers of the Caliphate လို့ အမည်ပေးထားတဲ့ အဖွဲ့က ဗုဒ္ဓဟူးနေ့ အင်တာနက် အွန်လိုင်းမှာ ပြသလိုက်တဲ့ ဗွီဒီယိုထဲမှာ အသက် ၅၅ နှစ်အရွယ် ပြင်သစ်လူမျိုး Herve Gourdel ရဲ့ ခေါင်းပြတ်ကြီးကို ကိုင်ပြီး ပြသထားပါတယ်။ သူ့ကို တနင်္ဂနွေနေ့တုန်းက အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ တောင်ပေါ်ဒေသတခုမှာ မိတ်ဆွေတစုနဲ့ ခြေလျှင် ခရီးသွားနေစဉ်မှာ ဖမ်းဆီးသွားတာပါ။

ဒီလုပ်ရပ်ဟာ အလွန်ရက်စက်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြင်သစ်သမ္မတ Francois Hollande က ပြောဆိုပြီး ရှုတ်ချလိုက်ပါတယ်။

ပြင်သစ်နိုင်ငံဟာ အီရတ်မှာရှိတဲ့ IS အစွန်းရောက် စစ်သွေးကြွတွေကို ဗုံးကြဲတဲ့နေရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးထားတဲ့ ပြင်သစ်လူမျိုးကို သတ်ပစ်မယ်လို့ သီတင်းပတ် စောစောပိုင်းတုန်းက ခြိမ်းခြောက်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မိန့်ခွန်းပြောဆိုရာမှာ သမ္မတ Francois Hollande က ခြေလျှင်ခရီးသွားကို သတ်ဖြတ်လိုက်ပေမဲ့ ပြင်သစ်နိုင်ငံဟာ အီရတ်နိုင်ငံအတွင်းက အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ စစ်သွေးကြွအဖွဲ့က အခု သီတင်းပတ် စောစောပိုင်းမှာ ဖမ်းဆီးသွားတဲ့ ပြင်သစ်လူမျိုး အပျော်ခြေလျှင် ခရီးသွား တယောက် ကို ခေါင်းဖြတ် သတ်လိုက်ကြပါတယ်။

တရုတ်သို့ ဆန်တရားဝင်တင်ပို့ရန် ပထမအဆင့် လက်မှတ်ထိုး

Photo: တရုတ်သို့ ဆန်တရားဝင်တင်ပို့ရန် ပထမအဆင့် လက်မှတ်ထိုး
Thursday, September 25, 2014

တရုတ်နိုင်ငံသို့ တရား ၀င် ဆန်တင်ပို့ရန် ပထမအဆင့် အနေဖြင့် ဆန်စပါးအရည်အ သွေးဆိုင်ရာ စစ်ဆေးရေးစာချုပ် နှင့် လယ်ယာသီးနှံဈေးကွက် ရရှိ ရေး စာချုပ်တို့ကို အာဆီယံလယ် ယာစိုက်ပျိုးရေးဝန်ကြီးအစည်းအ ဝေးတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ သတင်းရရှိသည်။

‘‘ဒီအဆင့်ပြီးရင်တော့ တရားဝင်တင်ပို့နိုင်ဖို့ ကိုတာတောင်းပြီး ရရင်ပို့ရုံပဲ’’ဟု အဆိုပါ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ၀န်ကြီးနှစ် ဦးသည်  မူဆယ်ဈေးကွက်ကို အလေးထားပြီး ယူနန်ပြည်နယ် ဈေးကွက်ကိုလည်း မြန်မာပို့ကုန် ဈေးကွက်အဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးရဲမင်းအောင်က သူ၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ် အစိုးရအရာရှိများကလည်း နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမွေ့ရန်ကူညီပေးမည်ဟု အလေးအနက်ထားပြောကြားကြောင်း ၎င်းက ရေးသားထားသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ နေသော ကုန်သည်များသည် လက်ရှိ တရုတ်နိုင်ငံ ၀န်ကြီးနှစ်ဦးနှင့်  မြန်မာနိုင်ငံမှ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးတို့ တရားဝင် လက်မှတ်ရေးထိုးမှုကို များစွာမျှော်လင့်နေကြသည်။

‘‘တရားဝင်ပို့ဖို့က ကုန်သွယ်ရေးဝန်ကြီးနဲ့ ညှိရဦးမယ်’’ ဟုမြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက် တာစိုးထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ခွင့်ရလျှင် မြန်မာနိုင်ငံ အနေဖြင့် တစ်နှစ်လျှင် ဆန်တန် ချိန် တစ်သန်းဝန်းကျင်ခန့် ၀ယ်ယူ ရန် ဆောင်ရွက်သွားမည်ဟု ဦးရဲ မင်းအောင်က ပြောကြားသည်။ လက်ရှိ တရုတ်နိုင်ငံသို့ ဆန်တင် ပို့မှုမှာ မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်က တန်ချိန်ရှစ်သိန်း နီး ပါးတင်ပို့ထားသည်။

‘‘အသေးစိတ်ကတော့ ကုန် သည်တွေချင်းလည်း ညှိပြီးမှ ပို့ လို့ရမယ်ထင်တယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြား သည်။

တရုတ်နိုင်ငံသို့ ဆန်တရား ၀င်တင်ပို့နိုင်ရေးအတွက် ပြည် တွင်း၌ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး သဘောတူညီမှုများ ရရှိနေသော် လည်း မူဆယ်ဆန်ဈေးကွက်တွင် တရုတ်ကုန်သည်များက အ၀ယ် မရှိသဖြင့် အရောင်းအ၀ယ်အေး နေသည်။ ယူနန်ပြည်နယ်တွင် လက်ရှိအချိန်၌ မိုးစပါးရိတ်သိမ်း ချိန် ပြည်ပမှ ၀င်လာသော ဆန်များကို ဖမ်းဆီးနေသဖြင့် အရောင်းအ၀ယ် အေးနေခြင်းဖြစ်သည်ဟု မူဆယ်ဆန်ကုန်သည်အချို့ထံမှ စုံစမ်းသိရှိရသည်။

7Day DAILY

ဆန်ဂိုထောင်တစ်ခုအတွင်းမှ ဆန်အိတ်များ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
ဆန်ဂိုထောင်တစ်ခုအတွင်းမှ ဆန်အိတ်များ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရန် ပထမအဆင့် အနေဖြင့် ဆန်စပါးအရည်အ သွေးဆိုင်ရာ စစ်ဆေးရေး စာချုပ် နှင့် လယ်ယာသီးနှံဈေးကွက်ရရှိ ရေး စာချုပ်တို့ကို အာဆီယံလယ် ယာစိုက်ပျိုးရေး ၀န်ကြီးအစည်းအ ဝေးတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိ သည်။

အဂတိကြောင့်ရသည့် ငွေကြေးနှင့် ပစ္စည်းများကို သိမ်းဆည်းရန် နည်းဥပဒေမူကြမ်းတွင် ထည့်သွင်း

အဂတိလိုက်စား မှုကြောင့် ကြွယ်ဝချမ်းသာလာ သော ငွေကြေးနှင့်ပစ္စည်းများ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေး နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း အထက်တန်းပြဆရာ၊ ဆရာမ အပြောင်းအရွှေ့နှင့် ရာထူးတိုးများ ယနေ့ထုတ်ပြန်မည်

Photo: ရန်ကုန်တိုင်းအတွင်း အထက်တန်းပြဆရာ၊ ဆရာမ အပြောင်းအရွှေ့နှင့် ရာထူးတိုးများ ယနေ့ထုတ်ပြန်မည်
Thursday, September 25, 2014

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များ၌ အထက်တန်းပြဆရာနေရာ အပြောင်းအရွှေ့နှင့် လစ်လပ်နေ သည့် အထက်တန်းပြဆရာနေရာ ၄၈၀ ကျော်အတွက် ရာထူးတိုးစာ ရင်းများကို ယနေ့ထုတ်ပြန်ကြေ ညာမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါအထက်တန်းပြနေ ရာအပြောင်းအရွှေ့နှင့် ရာထူးတိုး လျှောက်ထားမှုများကို လုပ်သက်တန်းစီဇယားဖြင့် စီထားသည့်စာရင်းများကို သက်ဆိုင်ရာ ခရိုင်လေးခုသို့ စက်တင်ဘာ ၂၄ ရက်တွင်  ပေးအပ်သွားမည်ဖြစ်ပြီး လျှောက်ထားခဲ့သည့်ဆရာများ အနေဖြင့် လုပ်သက်တန်းစီဇယား ကို နီးစပ်ရာခရိုင်ပညာရေးမှူးရုံး များတွင် သွားရောက်ကြည့်ရှုနိုင် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး (စီမံ)ဦးစိုးသိုက်က ပြောသည်။‘‘ဆရာ၊ ဆရာမတွေကို သူ တို့ပြောင်းရွှေ့လိုတဲ့ကျောင်းတွေ ကိုပဲ လုပ်သက်အလိုက်၊ တန်းစီ ဇယားအလိုက်စီပြီးတော့ နေရာ လစ်လပ်တာနဲ့ ဘာသာရပ်ကိုက် ညီမှုရှိ၊ မရှိအပေါ်မူတည်ပြီး ရွေး ချယ်ပေးတယ်။ ကြားဖြတ်အထူး လိုအပ်ချက်အရ  လုပ်သက် တစ် နှစ်အထက်၊  တစ်နှစ်အောက် ဆရာတွေကို အထက်တန်းပြရာ ထူးတိုး ခန့်အပ်ထားပေးထားတယ်’’ဟု ဦးစိုးသိုက်က ပြောသည်။

အမှတ်(၃) အခြေခံပညာဦးစီးဌာနသို့  အထက်တန်းပြ အပြောင်းအရွှေ့လျှောက်ထားသူ ၇၅၅ ဦးအနက် ၃၈၂ ဦးအား ပြောင်းရွှေ့လိုသည့်ကျောင်းများ သို့  ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး  အထက်တန်းပြရာထူးတိုးလျှောက် ထားမှုတွင်လုပ်သက်တစ်နှစ်နှင့် အထက်ရှိသည့် အလယ်တန်းပြ ဆရာပေါင်း ၃၉၁ ဦးနှင့် လုပ် သက်တစ်နှစ်အောက် လျှောက်ထားသည့် အလယ်တန်းပြဆရာ ပေါင်း၁၂၄ ဦးအထိရှိခဲ့သည်။ ၎င်းတို့ အထဲမှ လုပ်သက်တစ်နှစ်နှင့် အထက်ရှိသည့် အလယ်တန်းပြ ဆရာ ၂၅၆ ဦးနှင့် လုပ်သက်တစ် နှစ်အောက်အလယ်တန်းပြဆရာ ၁၀၀ ဦးအား ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ လစ်လပ်နေသည့် အထက်တန်းပြနေရာများတွင် ရာထူးတိုးခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း  သိရသည်။

 လုပ်သက်တစ်နှစ် မပြည့် သေးသည့် အလယ်တန်းပြဆရာ၊ ဆရာမများအား  ကျောထောက် နောက်ခံပြုအထက်တန်းပြဆရာ၊ ဆရာမအဖြစ် ခန့်ထားမည်ဖြစ် သော်လည်း အလယ်တန်းပြလစာ သာရရှိမည်ဖြစ်ပြီး လုပ်သက်တစ်နှစ်ပြည့်မှသာ အထက်တန်းပြဆရာလစာ ပေးအပ်မည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ကျောက်တန်း၊ ခနောင်တို၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ထန်းတပင်၊ လှည်းကူး၊ တိုက်ကြီးမြို့နယ်များမှ အခြေခံပညာ ကျောင်းများတွင် လျှောက်ထားမှုမရှိသောကြောင့် လစ်လပ်နေ သေးသည့် အထက်တန်းပြဆရာ ရာထူး နေရာများအတွက် လုပ် သက်ပြည့်၍ ပင်စင်ယူသွားသည့် အငြိမ်းစားအထက်တန်းပြဆရာ၊ ဆရာမကြီးများအား ပြန်လည်ခန့် အပ်ထားရှိရန် စီစဉ်သွားမည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

နေရာအပြောင်းအရွှေ့နှင့် ရာထူးတိုးလျှောက်ထားမှုများကို လျှောက်ထားသူများ၏ လုပ်သက် အလိုက် အစဉ်လိုက် တန်းစီ ဇယားဖြင့် ရွေးချယ်ခဲ့ပြီး ပြောင်းရွှေ့ခွင့်မရှိခဲ့သည့် ဆရာများအနေဖြင့် ပြောင်းရွှေ့လိုသည့် ကျောင်းများတွင် ဘာသာရပ်ကိုက်ညီမှုမရှိခြင်း၊လစ်လပ်နေရာမရှိခြင်း၊ လုပ်သက်တစ်နှစ် မပြည့်ခြင်း၊ ပြစ်မှုရှိခြင်း၊ ငြင်းပယ်ပြစ်ဒဏ်ရှိခြင်းနှင့် သင်တန်း တက်ရောက်နေခြင်းတို့ကြောင့် ပြောင်းရွှေ့ခွင့်မရရှိခဲ့ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

အထက်တန်းပြရာထူးတိုး သို့ ပြောင်းရွှေ့သွားသည့် အလယ် တန်းပြဆရာနေရာများအတွက် မူလတန်းပြဆရာများအား ပြောင်း ရွှေ့ခန့်ထားရန် စီစဉ်ထားပြီး ၎င်းတို့နေရာအတွက် နေ့စားလပေးမူလတန်းပြဆရာများ အစားထိုးပြန်လည်ခန့်သွားရန်  စီစဉ်ထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (စီမံ)ဦးစိုးသိုက်က ပြောကြားသည်။

  ရန်ကုန်တိုင်းဒေသကြီး အတွင်း  အခြေခံပညာကျောင်း ပေါင်း နှစ်ထောင့်ခုနစ်ရာကျော်ရှိ ပြီး ဆရာဦးရေသုံးသောင်းခွဲကျော် ဖြင့် ကျောင်းသူ၊ ကျောင်းသား ပေါင်း တစ်သန်းကျော်ကို သင် ကြားပေးလျက်ရှိကြောင်း သိရ သည်။

7Day DAILY

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ အထက်တန်းပြဆရာနေရာ အပြောင်း အရွှေ့နှင့် လစ်လပ်နေ သည့် အထက်တန်းပြဆရာနေရာ ၄၈၀ ကျော်အတွက် ရာထူးတိုးစာ ရင်းများကို ယနေ့ထုတ်ပြန်ကြေ ညာမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဦးရွှေမန်းကို သမ္မတအဖြစ် ဒီချုပ် ထောက်ခံမည်ဟု နိုင်ငံခြား သတင်း ဌာန ရေးသားချက်ကို ငြင်းဆို

ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက သမ္မတ အဖြစ် ထောက်ခံမည်ဆိုသည့် ရိုက်တာသတင်းဌာန၏ သတင်းမှာမဟုတ်မှန် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ငြင်းဆိုလိုက်သည်။

ဒဂုံစီးတီး(၁)စီမံကိန်းအား ရွှေတိဂုံစေတီရင်ပြင်အမြင့်အထိသာ ဆောက်လုပ်ခွင့်ပြုမည်

Photo: ဒဂုံစီးတီး(၁)စီမံကိန်းအား ရွှေတိဂုံစေတီရင်ပြင်အမြင့်အထိသာ ဆောက်လုပ်ခွင့်ပြုမည်
Thursday, September 25, 2014

 ဦးထောင်ဘိုအ၀ိုင်းအ နီးစစ်တပ်ပိုင်မြေဧက ၂၀ ကျော် တွင် တည်ဆောက်မည့် ဒဂုံစီးတီး (၁)ကွန်ဒိုစီမံကိန်းမှာ ရွှေတိဂုံစေတီနှင့် နီးနေသဖြင့် ရင်ပြင်တော်အ မြင့်အထိသာ တည်ဆောက်မည် ဟု သတင်းရရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိ ထားသည့် အဆိုပါ အိမ်ရာစီမံ ကိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ် မှတ်ထားသည့် ဇုန်ဧရိယာအတွင်း ရှိနေသည်။ အဆိုပါဧရိယာတွင် အဆောက်အအုံများ ဆောက်လုပ်ပါက ရွှေတိဂုံစေတီရင်ပြင်တော် အမြင့်အထိသာ တည်ဆောက်ရ မည်ဖြစ်ရာ အခန်းတစ်ခန်းလျှင် ၁၂ ပေနှုန်းဖြင့် အမြင့်ပေ ၁၄၄ ပေ၁၂ ထပ်အမြင့် အထိသာ တည် ဆောက်သွားရန် ကုမ္ပဏီက ရည် ရွယ်ထားသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို မြန်မာ ကုမ္ပဏီ သုခရတနာ၊ဟောင်ကောင်နှင့် ယူကေရင်းနှီး မြှုပ်နှံသူများပါဝင်သည့် Marga- Land Mark ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ပြီး ငါးနှစ်မှ ခြောက်နှစ်အတွင်း အခန်းပေါင်းထောင်ကျော်ပါဝင်မည့် စီမံကိန်းကို အပြီးဆောင်ရွက်မည် ဖြစ်သည်။

‘‘အဲဒီနေရာက ရွှေတိဂုံရဲ့ ရင်ပြင်အမြင့်အထိပဲ ဆောက်လုပ်လို့ ရမယ်’’ဟု ရန်ကုန်၏ မြို့ပြမြေအ သုံးချမှုရေးဆွဲရာတွင် ပါဝင်သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန မှ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင် မော်ဦးက ပြောသည်။

ရွှေတိဂုံစေတီနှင့် အနီးတစ် ၀ိုက်တွင် အထပ်မြင့်တိုက်များ တည်ဆောက်မည်ဆိုပါက စေတီ တော်၏ ရင်ပြင်တော်အမြင့်အထိသာ ခွင့်ပြုပေးမည်ဖြစ်ပြီး စေတီ၏ ငှက်ပျောဖူးအောက် ပင်လယ်ရေမျက်နှာပြင် အမြင့် ၄၁၇ ပေထက် ကျော်လွန် တည်ဆောက်ခွင့်မရှိကြောင်း ဒေါ်လှိုင်မော်ဦးက ရှင်းပြသည်။ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း တည်ဆောက်မှုများ အလုံးအရင်း ဖြင့် ၀င်ရောက်လာခြင်းသည်ချမ်း သာသည့် လူတန်းစားများအတွက်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး အခြေခံလူတန်းစား အများစုမှာ နေစရာမရှိ၍ မြို့စွန်သို့ ထွက်နေရပြီဟု စီးပွားရေးပညာရှင် ဦးလှမောင်က သတိပေးပြောကြားသည်။

‘‘ကွန်ဒိုတွေ အရမ်းဆောက် နေကြတယ်။ ၀ယ်တဲ့သူကနည်း နည်းပဲရှိမှာ အခန်းတွေက ပိုနေမှာ။ အခြေခံလူတန်းစားတွေ အတွက်တော့အိမ်ပိုင်ဖြစ်ခွင့်ဝေးနေဦးမှာပဲ’’ဟု ၎င်းက ပြောသည်။

7Day DAILY 

ဒဂုံစီးတီး စီမံကိန်း နမူနာပုံစံငယ် (ဓာတ်ပုံ− မိုးညို)
ဒဂုံစီးတီး စီမံကိန်း နမူနာပုံစံငယ် (ဓာတ်ပုံ− မိုးညို)
 ဦးထောင်ဘိုအ၀ိုင်းအ နီးစစ်တပ်ပိုင်မြေဧက ၂၀ ကျော်တွင် တည်ဆောက်မည့် ဒဂုံစီးတီး(၁)ကွန်ဒို စီမံ ကိန်းမှာ ရွှေတိဂုံစေတီနှင့် နီးနေသဖြင့် ရင်ပြင်တော်အမြင့်အထိသာ တည်ဆောက်မည်ဟုသတင်းရရှိ သည်။

ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ချို့တဲ့မှုကြောင့် ကလေးငယ်၏ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနိုင်

ကလေးငယ်များဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် မိခင်၏သံဓာတ် စားသုံးမှုကြား ဆက်နွှယ်မှုကို ပထမဆုံးလေ့ လာသော လေ့လာမှုအသစ်တစ်ရပ်အရ ကိုယ်ဝန်ဆောင်ချိန်အတွင်း (သို့မဟုတ်) ကိုယ်ဝန်မဆောင်မီ သံ ဓာတ်ဖြည့် စွက်ခြင်း မရှိသည့် အမျိုးသမီးများ၏ သားသမီးများသည် ဖွံ့ဖြိုးမှုနောက်ကျခြင်း ပိုဖြစ်နိုင်ကြောင်း သိရသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်ဖြစ်လာတဲ့ ရိုမီယိုဘက်ဟမ်း

Photo: ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်ဖြစ်လာတဲ့ ရိုမီယိုဘက်ဟမ်း
 Thursday, September 25, 2014

ဗြိတိန်ဖက်ရှင်ကုမ္ပဏီ Burberry ၏ အားလပ်ရက် ကြော်ငြာလှုပ်ရှားမှု တွင် ဘောလုံးကြယ် ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် မော်ဒယ်ဗစ်တိုးရီးယား တို့၏ ချစ်စရာသားလေး ရိုမီယိုဘက်ဟမ်း မော်ဒယ်အဖြစ်ပါဝင်ခဲ့သည်။

ရိုမီယိုသည် ယင်းကုန်အ မှတ်တံဆိပ်အတွက် ယခင်က လည်း မော်ဒယ်လုပ်ပေး ခဲ့ဖူး သည်။ သို့သော် ရိုမီယိုမှာ နာမည်ကြီးမော်ဒယ် ကိတ်မော့စ်၊ ကာရာတို့နှင့်   တစ်တန်းတည်း ဖြစ်လာသဖြင့် ၎င်းအပေါ် အများ က အာရုံစိုက်လာကြသည်။

ရိုမီယို၏ မျက်နှာမှာ မိခင် ဗစ်တိုးရီးယားနှင့် ဖခင်ဘက်ဟမ်း တို့၏ အလှများ စုဝေးနေပြီး ချစ်စရာပါးချိုင့်လေးများ ပါရှိသည်။ ၎င်းပါဝင်ပေးခဲ့သော ကြော်ငြာ များကို နိုဝင်ဘာလဆန်းတွင် ထုတ်လွှင့်မည်ဖြစ်သည်။

Yahoo
ဗြိတိန်ဖက်ရှင်ကုမ္ပဏီ Burberry ၏ အားလပ်ရက် ကြော်ငြာလှုပ်ရှားမှုတွင် ဘောလုံးကြယ် ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် မော်ဒယ်ဗစ်တိုးရီးယားတို့၏ ချစ်စရာသားလေး ရိုမီယိုဘက်ဟမ်း မော် ဒယ် အဖြစ်ပါဝင်ခဲ့သည်။

ရော်နယ်ဒိုသည် ထူးခြားသောပါရမီရှင်ဖြစ်ဟု ရီးရဲလ်နည်းပြပြော

 Photo: ရော်နယ်ဒိုသည် ထူးခြားသောပါရမီရှင်ဖြစ်ဟု ရီးရဲလ်နည်းပြပြော
Thursday, September 25, 2014

မက်ဒရစ်− ဘာနေဗျူးကွင်းတွင် အယ်လ်ချီအသင်းကို ၅-၁ ဂိုးဖြင့် နိုင်ခဲ့သည့် ပွဲ၌ ရော်နယ်ဒို၏ ခြေစွမ်းကို ရီးရဲလ်မက်ဒရစ်အသင်း နည်းပြက ချီးကျူး လိုက်သည်။

ပေါ်တူဂီလက်ရွေးစင် ရော် နယ်ဒိုက ယင်းပွဲတွင် ရီးရဲလ်အ တွက် လေးဂိုး သွင်းယူခဲ့သဖြင့် ယခုနှစ် ဘောလုံးရာသီတွင် စပိန် လာလီဂါ၌ ၎င်းသွင်း ထားသောဂိုးကိုးဂိုးရှိသွားပြီဖြစ်သည်။ ရော်နယ်ဒိုမှာ ထူးခြားသောပါရမီ ရှိသည့် ဘောလုံးသမားတစ်ဦးဖြစ်ပြီး အမြဲနေရာယူမှန်ကန်သည်ဟု အန်ဆယ်လော့တီက ပြောသည်။

ထို့နောက် ရီးရဲလ်အသင်း စနေနေ့တွင် ဆုံတွေ့မည့် ဗီလာ ရီးရဲလ်နှင့်ပွဲအတွက် ဂိုးသမားနေ ရာတွင် မည်သူ့ကို ထည့်သွင်း ကစားမည်ဆိုခြင်းနှင့် ပတ်သက် ၍ စောင့်ကြည့်ကြရန် အန်ဆယ် လော့တီက ဆက်လက်ပြောကြား သည်။ ကားဆီးလက်စ်နှင့် ကော့ စတာရီကာအသင်း၏ ကမ္ဘာ့ဖလား သူရဲကောင်း ကီလာနားဗက်စ်တို့ အနက် မည်သူ့ကို အန်ဆယ်လော့ တီက ဦးစားပေး ရွေး ချယ်သင့် သည်ဆိုခြင်းနှင့် ပတ်သက်၍ မကြာသေးမီ သီတင်းပတ်များအ တွင်း အချေအတင် ပြောဆိုမှုများ အရှိန်မြင့်တက်ခဲ့သည်။ 
 
Ref: Goal
မက်ဒရစ်− ဘာနေဗျူးကွင်းတွင် အယ်လ်ချီအသင်းကို ၅-၁ ဂိုးဖြင့် နိုင်ခဲ့သည့် ပွဲ၌ ရော်နယ်ဒို၏ ခြေစွမ်းကို ရီးရဲလ်မက်ဒရစ်အသင်း နည်းပြက ချီးကျူး လိုက်သည်။

နိုင်ငံခြားဘဏ်ခွဲများမှ တိုက်ရိုက်ငွေချေးခွင့်မရ၍ လုပ်ငန်းရှင်များ အတိုးနှုန်း စိုးရိမ်

 နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်ခွင့်ပြုရာတွင် လုပ်ငန်းရှင်များကို တိုက်ရိုက် ငွေချေးခွင့် မပေးဘဲ ပြည်တွင်း ဘဏ်များမှ တစ်ဆင့် ငွေချေး ရမည်ဖြစ်၍ အရင်းအနှီး လိုအပ်နေသော လုပ် ငန်းရှင်များအတွက် အတိုးနှုန်း သက်သာသော ချေးငွေမရရှိနိုင် သေးကြောင်း လုပ်ငန်းရှင်များထံ မှ သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Meiji Jingu ဗိမာန်သို့ ကြည့်ရှုလေ့လာ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Meiji Jingu ဗိမာန်သို့ ကြည့်ရှုလေ့လာ
Thursday, September 25, 2014

ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့ Shibuya မြို့နယ်ရှိ Meiji Jingu ဗိမာန်သို့ ရောက်ရှိရာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့် ဇနီး၊ ဗိမာန်ရှိ တာဝန်ခံဂျပန် ရှင်တိုဘုန်းတော်ကြီးနှင့် အခြားတာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ခံ ဂျပန်ရှင်တို ဘုန်းတော်ကြီး Mr.Ito က လိုက်လံ ရှင်းလင်းပြသသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Meiji Jingu ဗိမာန်ရှိ ဆုတောင်းစာများချိတ် ဆွဲသောနေရာ၌ “ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ဂျပန်-မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲပါစေ” ဟူသော စာသားအား ရေးသားချိတ် ဆွဲခဲ့သည်။

Meiji Jingu ဗိမာန်သည် ၁၉၂၀ ပြည့်နှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး Meiji ဧကရာဇ်နှင့် Shoken မိဖုရား တို့၏ ဝိညာဉ်များအားပူဇော်ထားရှိသည့် ရှင်တိုဘာသာဗိမာန်တစ်ခုဖြစ်သည်။ Meiji ဧကရာဇ်သည် ဂျပန်နိုင်ငံအား ဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက် ပေးခဲ့သည့် ဘုရင်မင်းမြတ် တစ်ပါးဖြစ်၍ ၎င်းအား ဂုဏ်ပြုသောအားဖြင့်ကြီး ကျယ် ခမ်းနားသော ဗိမာန်တည်ဆောက်၍ ပူဇော်ထားရှိသည့် ဗိမာန်တစ်ခုဖြစ်ကြောင်း သိရသည်။

MOI
ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ် စားလှယ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့ Shibuya မြို့နယ်ရှိ Meiji Jingu ဗိမာန်သို့ ရောက်ရှိရာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့် ဇနီး၊ ဗိမာန်ရှိ တာဝန်ခံဂျပန် ရှင်တိုဘုန်းတော်ကြီးနှင့် အခြားတာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ခံ ဂျပန်ရှင်တို ဘုန်းတော်ကြီး Mr.Ito က လိုက်လံ ရှင်းလင်းပြသသည်။

ပထမဆုံးမြန်မာသံတေးစီးရီးထွက်မယ့် ရတနာဦး

Photo: ပထမဆုံးမြန်မာသံတေးစီးရီးထွက်မယ့် ရတနာဦး
Thursday, September 25, 2014

အမေရိကန်နိုင်ငံတွင် ကာလအတန်ကြာနေထိုင်ခဲ့ပြီး ပရိသတ်များနှင့် အလှမ်းဝေးနေ သည့် ရတနာဦးက ၎င်း၏ ပထမ ဆုံး မြန်မာသံ တစ် ကိုယ်တော်ခွေ ကို အောက်တိုဘာလဆန်းတွင် စတင်ဖြန့်ချိပေး မည်ဖြစ်ကြောင်း ပြောသည်။

‘‘အစ်မအနေနဲ့ မြန်မာသံ တေးစီးရီးသီးသန့် မထွက်ဖူးဘူး။ မြန်မာသံထုတ်ဖို့ စီစဉ်တာလည်း ဆယ်နှစ်ကျော်ပြီ။ ဟိုးအရင်က တည်းက စဉ်းစားထားတာ။ အဲဒါ ကြောင့် အစ်မကိုယ်တိုင်လည်း ကြိုက်တဲ့၊ ပရိသတ်တွေနဲ့လည်း မစိမ်းတဲ့ သီချင်းလေးတွေရွေးပြီး လုပ်ထားတယ်’’ ဟု ရတနာဦးက ပြောသည်။

တေးစီးရီးအခွေအမည်ကို ချစ်သူဟု အမည်ပေးထားပြီး အ ရင်ခေတ်က နာမည်ကြီးခဲ့သော မြန်မာသံခေတ်ဟောင်းတေးသီ ချင်း စုစုပေါင်း ၁၂  ပုဒ် ပါဝင်မည် ဖြစ်သည်။ ယင်းအခွေကို အောက်တိုဘာ ဒုတိယပတ်အတွင်းတွင် စ တင်ဖြန့်ချိပေးမည်ဖြစ်ပြီး ဗီစီဒီကို လည်း မကြာမီ လပိုင်းအတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်သွားမည် ဟု ရတနာဦးက ပြောသည်။

တစ်ကိုယ်တော်ခွေ မထွက် သည်မှာ ဆယ်နှစ်ခန့် ကြာမြင့်ခဲ့ ပြီဖြစ်ပြီး ၎င်း၏ ပရိသတ်များအ တွက် ကိုယ်ပိုင်သံစဉ်သီချင်းခွေ တစ်ခွေထုတ်ရန် စတင်စီစဉ် လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပလိုသော်လည်း မြန်မာနိုင်ငံတွင် အချိန်ပေးနေနိုင် မှသာ စီစဉ်ဖြစ်မည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိ သည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် အ မေရိကန်နိုင်ငံသို့   ပြန်မည်ဖြစ် ကြောင်း ရတနာဦးက ပြောသည်။

7Day DAILY
အမေရိကန်နိုင်ငံတွင် ကာလအတန်ကြာနေထိုင်ခဲ့ပြီး ပရိသတ်များနှင့် အလှမ်းဝေးနေ သည့် ရတနာဦးက ၎င်း၏ ပထမဆုံး မြန်မာသံ တစ်ကိုယ်တော်ခွေကို အောက်တိုဘာလဆန်းတွင် စတင်ဖြန့်ချိပေးမည်ဖြ စ်ကြောင်း ပြောသည်။

ငြိမ်းချမ်းရေးဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှု အမြန်ဆုံးရပ်ရန် လွှတ်တော်၌ အရေးကြီးအဆိုတင်

ငြိမ်းချမ်းရေးရရှိ ရန် ဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင် သူအားလုံး အမြန်ဆုံး ရပ်ဆိုင်း ပေးရန် အရေးကြီးအဆိုတစ်ရပ်  ကို စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းသန်းနိုင်က တင်သွင်းခဲ့သည်။

ပစ်ကပ်နှင့် ဒယ်ဘယ်ကပ်များ နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြု

Photo: ပစ်ကပ်နှင့် ဒယ်ဘယ်ကပ်များ နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြု
Thursday, September 25, 2014

တံခါးနှစ်ပေါက်ပါ ပစ် ကပ်နှင့် ဒယ်ဘယ်ကပ်ကားများ ကို နယ်စပ် လမ်းကြောင်း များမှ တစ်ဆင့် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

 အဆိုပါ ကားများကို လုပ် ငန်းသုံး အုပ်စုကားများအဖြစ် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ထည့်သွင်းလိုက်ပြီး နောက် စီးပွားကူးသန်းက နယ် စပ်လမ်းကြောင်းမှတစ်ဆင့် တင် သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကားများကို ဆိပ် ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ယခင်က လူစီးနှင့် လုပ်ငန်းသုံးဟူ ၍ အမျိုးမျိုးသတ်မှတ်တင်သွင်း လာကြပြီး အခွန်ဆောင်ရာတွင် လည်း ကွဲလွဲမှုများ၊ အငြင်းပွားမှု များဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လုပ်ငန်းသုံးကားအဖြစ်သတ်မှတ်ကာ နယ်စပ်မှတင်သွင်းခွင့်ပြုလိုက်သောကြောင့် အခွန်သက်သာသွားနိုင်ကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လုပ်ငန်းသုံးကား အမျိုးအစားများဖြစ်သည့် ပစ်ကပ်၊ ဆင်ဂယ်ကပ်၊ အိတ်စတန်းကပ်၊ အိုးပင်းကပ်များကို ကညနက ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစတင်ပြီး လုပ်ငန်းသုံးကားစာရင်း ထည့်သွင်းသတ်မှတ်ခဲ့ပြီး အခွန်ကိုလည်း ၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့သည်။

 ယခင်က  FOB  ပုံစံဖြင့် သင်္ဘောဖြင့်တင်သွင်းလာသည့် ပစ်ကပ်ကားများကို ယခုအခါ နယ်စပ်ကုန်သွယ်ရေး  လမ်း ကြောင်းများမှတစ်ဆင့် တင်သွင်း နိုင်မည်ဖြစ်ရာ သယ်ယူစရိတ် များစွာသက်သာလာပြီး ဈေးလည်းကျနိုင်ကြောင်း ကားတင်သွင်းသူအချို့က ခန့်မှန်းပြောကြားသည်။

7Day DAILY

ပြခန်းတစ်ခုတွင် ပြသထားသည့် ဒယ်ဘယ်ကပ်တစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပြခန်းတစ်ခုတွင် ပြသထားသည့် ဒယ်ဘယ်ကပ်တစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
တံခါးနှစ်ပေါက်ပါ ပစ်ကပ်နှင့် ဒယ်ဘယ်ကပ်ကားများကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တင်သွင်းခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကို ဦးဆောင်ဆယ်ယူရန် အစီအစဉ်မရှိဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြော

ရှေးဟောင်းဓမ္မစေတီ ခေါင်းလောင်းရှာဖွေမှုလုပ်ငန်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်ဆယ်ယူမည့် အစီအစဉ်မရှိဘဲ ရှာဖွေသည့်အဖွဲ့များကို စောင့်ကြည့် အားပေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။ ‘‘ရှာမယ့်သူကို ခွင့်ပြုပါတယ်။ မဖြစ်နိုင်ဘူးလို့ မပြောပါဘူး။ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းချင်ပါတယ်။ စောင့်ကြည့် အားပေးတယ်။ နောက်ကပဲ အားပေး ပါတယ်’’ဟု ၀န်ကြီးကဆို သည်။

သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှူး နားထင်ကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်

သိန္နီမြို့နယ်ရဲတပ်ဖွဲ့ရုံး အတွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင် မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။