Saturday 4 May 2013

မိုဘိုင်းလ်ဖုန်းများကြောင့် ကျန်းမာရေး မထိခိုက်စေရန် နားကြပ်ဖြင့် ပြောဆိုသင့်ဟုဆို

မိုဘိုင်းလ်ဖုန်း များကြောင့် ကျန်းမာရေး ထိခိုက်ခြင်း မရှိစေရန် နားကြပ်ဖြင့် ပြောဆိုခြင်းကို ဂရုပြု လုပ်ဆောင် သင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ကြောင်း သိရ သည်။ နေ့စဉ်လူနေမှုဘ၀အတွက် မိုဘိုင်းလ်ဖုန်းများသည် မရှိမဖြစ် လိုအပ်သ်ာလည်း ကျန်းမာရေး မထိခိုက်စရန် ဆင်ခြင်သုံးစွဲသင့်ကြောင်း ၊ မိုဘိုင်းလ်ဖုန်း ရှိ မိုက္ကရိုဝေ့ဖ်ကြာင့် ဦးနှောက်နှင့် ပတ်သက်သော ရောဂါများဖစ်စေတတ်ပြီး ကြာရှည်စွာ ပြောဆိုရန်လိုအပ်ပါက နားကြပ်များ အသုံးပြု၍ ပြောဆိုသင့်ကြောင်း သိရသည်။ 
 မိုဘိုင်းလ်ဖုန်း ပြောဆိုခြင်း နှင့်ပတ်သက်၍ ဆိုးကျိုး ကို နိုင်ငံတကာ တွင် သုတေသန များ ပြုထားခြင်း များရှိပြီး ပြည်တွင်းတွင် သုတေသန ပြုမှု အားနည်း ခြင်း သာမက အသိပညာ လည်း နည်းပါးခြင်း များ ရှိနေသေး၍ မိုဘိုင်းလ် ဖုန်း နှင့် ပတ်သက်၍ ကျန်းမာရေး ထိခိုက် စေသည့် ဆိုးကျိုးကို ပညာပေး သွားရန် ရှိကြောင်း လည်း သိရှိရသည်။

No comments:

Post a Comment