Wednesday 9 October 2013

တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား

Photo: တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား
Wednesday, October 9, 2013

မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

ယင်းတိုက်ယာဉ်၏ အမည်အား မသိရသော်လည်း တရုတ်နိုင်ငံ၏ ၆x၆ အမျိုးအစား WZ523 Type 05 P အား ယာဉ်အတွင်းပိုင်း ပိုမို ကျယ်ဝန်းစေရန်နှင့် ဝန်အလေးချိန် တင်နိုင်စွမ်း ပိုမိုမြင့်မားစေရန်တို့ အတွက် ဒီဇိုင်းပိုင်း ဆိုင်ရာ ပြန်လည်ပြုပြင် တည်ဆောက်ထားသည့် နောက်ထပ် တိုက်ယာဉ်သစ် တစ်စီးဟု ယူဆရသည်။သို့သော် ၄င်းတိုက်ယာဉ်သည် ကုန်း/ရေ နှစ်သွယ် သွားနိုင်စွမ်းတော့ မရှိပေ။

ဂါနာနိုင်ငံသို့ ထုတ်လုပ်ပေးခဲ့သည့် တိုက်ယာဉ် အချို့တွင် နှစ်ဖက် ကျည်ကျွေးစနစ်သုံး ၃ဝ မမ စက်အမြောက်၊ ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်နှင့် ဘေးနှစ်ဘက်တွင် မီးခိုးဗုံးပစ် လောင်ချာများကို တပ်ဆင် ပေးထားသည့် လျှပ်စစ်စနစ်ဖြင့် ထိန်းချုပ်သော ဆုံလည်ကို တပ်ဆင်ပေးထားသည်။

ဆုံလည်အား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်အများစုတွင် တပ်ဆင် ထားသကဲ့သို့ ကိုယ်ထည် အနောက်ပိုင်းသို့ အနည်းငယ် နေရာယူ တပ်ဆင် ပေးထားသည်။ထိုသို့ ကိုယ်ထည် အခင်းအကျင်းကြောင့် ဆုံလည်ခြင်း အတွက် နေရာလွတ် ပိုမိုကျယ်ဝန်းစေသည်။ ယင်းတိုက်ယာဉ်၏ ကိုယ်ထည် အခင်းအကျင်းမွှာ WZ523 Type 05 P တိုက်ယာဉ်အတိုင်း ဖြစ်ပြီး တိုက်ယာဉ်မှူးနှင့် ယာဉ်မောင်းရှေ့၊ ကိုယ်ထည်၏ နောက်ညာဘက် ဘေးတွင် ဒီဇယ်အင်ဂျင်နှင့် ကျန်နေရာလွတ်တွင် တိုက်ယာဉ် အဖွဲ့သားများ အခန်းကို တပ်ဆင် ပေးထားသည်။ တိုက်ယာဉ်၏ နောက်ပိုင်းတွင် စစ်သည်များ အဝင်/အထွက် ပြုလုပ်နိုင်ရန် အတွက် တံခါးပေါက် တစ်ခုနှင့် ကိုယ်ထည်၏ အပေါ်ပိုင်းတွင် အမိုးတံခါး တစ်ခုကို တပ်ဆင် ပေးထားသည်။ထို့အပြင် တိုက်ယာဉ် ဘေးနှစ်ဘက်တွင် ကျည်ဒဏ်/ကျည်ကွဲစ ဒဏ်ခံ မှန်ပြတင်းပေါက်များကို တပ်ဆင် ပေးထားသည်။

ဂါနာနိုင်ငံသည် လူနာ ကုတင်များနှင့် သူနာပြု အကူများ လိုက်ပါနိုင်ရန် အတွက် ကိုယ်ထည်နောက်ပိုင်း အမိုးမြှင့်၍ ပိုမိုကျယ်ဝန်းစွာ တည်ဆောက် ထားသည့် လူနာတင်ယာဉ် မျိုးကွဲတစ်ခုကိုလည်း ဝယ်ယူထားကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် နမ်မီဘီးယား တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ဓါတ်ပုံများအရ ၄င်းတို့သည်လည်း အလားတူ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်များကို လက်ခံ ရရှိထားကြောင်း သိရသည်။ ၄င်းတိုက်ယာဉ် အချို့တွင် ရုရှားလုပ် BMP-1 ခြေလျင်တင် တိုက်ယာဉ်၏ ဆုံလည်ကိုလည်း တပ်ဆင် ပေးထားသည်။ ယင်းတိုက်ယာဉ်၏ ဆုံလည်တွင် ၇၃ မမ အမြောက်နှင့် ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်ကိုလည်း တပ်ဆင် ပေးထားသည်။ယင်းဆုံလည်တွင် Malyutka (AT-3 Sagger)တင့်ဖျက် ပဲ့ထိန်းဒုံးကို တပ်ဆင် နိုင်သော်လည်း နမ်မီဘီးယား တို့၏ တိုက်ယာဉ်များတွင်မူ တပ်ဆင်ထားမှုအား မြင်တွေ့ရခြင်း မရှိပေ။

တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အတွက် BMP-1 တိုက်ယာဉ် ပုံစံတူကို တည်ဆောက် ပေးထားပြီး မကြာသေးမီကလည်း တိုက်ယာဉ် ဆုံလည် အမျိုးမျိုးကို ထုတ်လုပ်၍ ဈေးကွက်သို့ တင်သွင်းထားကြောင်း သိရသည်။

နမ်မီဘီယားတို့၏ တရုတ်နိုင်ငံလုပ် ၆x၆ အမျိုးအစား တိုက်ယာဉ်တွင် BMP-1 ဆုံလည်ကို တပ်ဆင်မည် ဆိုပါက စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာတွင် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ အခြားသော ဘီးတပ် သံချပ်ကာ တိုက်ယာဉ်များတွင် စက်သေနတ် များသာ တပ်ဆင် ထားသောကြောင့် ဖြစ်သည်။

မြ၀တီ
မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။
ယင်းတိုက်ယာဉ်၏ အမည်အား မသိရသော်လည်း တရုတ်နိုင်ငံ၏ ၆x၆ အမျိုးအစား WZ523 Type 05 P အား ယာဉ်အတွင်းပိုင်း ပိုမို ကျယ်ဝန်းစေရန်နှင့် ဝန်အလေးချိန် တင်နိုင်စွမ်း ပိုမိုမြင့်မားစေရန်တို့ အတွက် ဒီဇိုင်းပိုင်း ဆိုင်ရာ ပြန်လည်ပြုပြင် တည်ဆောက်ထားသည့် နောက်ထပ် တိုက်ယာဉ်သစ် တစ်စီးဟု ယူဆရသည်။သို့သော် ၄င်းတိုက်ယာဉ်သည် ကုန်း/ရေ နှစ်သွယ် သွားနိုင်စွမ်းတော့ မရှိပေ။

ဂါနာနိုင်ငံသို့ ထုတ်လုပ်ပေးခဲ့သည့် တိုက်ယာဉ် အချို့တွင် နှစ်ဖက် ကျည်ကျွေးစနစ်သုံး ၃ဝ မမ စက် အမြောက်၊ ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်နှင့် ဘေးနှစ်ဘက်တွင် မီးခိုးဗုံးပစ် လောင်ချာများကို တပ်ဆင် ပေးထားသည့် လျှပ်စစ်စနစ်ဖြင့် ထိန်းချုပ်သော ဆုံလည်ကို တပ်ဆင်ပေးထားသည်။

ဆုံလည်အား တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏သံချပ်ကာတိုက်ခိုက်ရေးယာဉ်အများစုတွင် တပ်ဆင်ထားသကဲ့သို့ ကိုယ်ထည်အနောက်ပိုင်းသို့ အနည်းငယ် နေရာယူ တပ်ဆင် ပေးထားသည်။ ထိုသို့ ကိုယ်ထည် အခင်းအကျင်းကြောင့် ဆုံလည်ခြင်း အတွက် နေရာလွတ် ပိုမိုကျယ်ဝန်းစေသည်။ ယင်းတိုက် ယာဉ်၏ ကိုယ်ထည် အခင်းအကျင်းမွှာ WZ523 Type 05 P တိုက်ယာဉ်အတိုင်း ဖြစ်ပြီး တိုက်ယာဉ်မှူးနှင့် ယာဉ်မောင်းရှေ့၊ ကိုယ်ထည်၏ နောက်ညာဘက် ဘေးတွင် ဒီဇယ်အင်ဂျင်နှင့် ကျန်နေရာလွတ်တွင် တိုက်ယာဉ် အဖွဲ့သားများအခန်းကို တပ်ဆင် ပေးထားသည်။ တိုက်ယာဉ် ၏ နောက် ပိုင်းတွင် စစ်သည်များ အဝင်/အထွက် ပြုလုပ်နိုင်ရန် အတွက် တံခါးပေါက် တစ်ခုနှင့် ကိုယ်ထည်၏ အပေါ်ပိုင်းတွင် အမိုးတံခါး တစ်ခုကို တပ်ဆင် ပေးထားသည်။ထို့အပြင် တိုက်ယာဉ် ဘေးနှစ်ဘက်တွင် ကျည်ဒဏ်/ကျည်ကွဲစ ဒဏ်ခံ မှန်ပြတင်းပေါက်များကို တပ်ဆင် ပေးထားသည်။

ဂါနာနိုင်ငံသည် လူနာ ကုတင်များနှင့် သူနာပြု အကူများ လိုက်ပါနိုင်ရန် အတွက် ကိုယ်ထည်နောက်ပိုင်း အမိုးမြှင့်၍ ပိုမိုကျယ်ဝန်းစွာ တည်ဆောက် ထားသည့် လူနာတင်ယာဉ် မျိုးကွဲတစ်ခုကိုလည်း ဝယ်ယူ ထားကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် နမ်မီဘီးယား တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ဓါတ်ပုံများအရ ၄င်းတို့သည်လည်း အလားတူ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်များကို လက်ခံ ရရှိထားကြောင်း သိရသည်။ ၄င်းတိုက်ယာဉ် အချို့တွင် ရုရှားလုပ် BMP-1 ခြေလျင်တင် တိုက်ယာဉ်၏ ဆုံလည်ကိုလည်း တပ်ဆင် ပေးထားသည်။ ယင်းတိုက်ယာဉ်၏ ဆုံလည်တွင် ၇၃ မမ အမြောက်နှင့် ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်ကိုလည်း တပ်ဆင် ပေးထားသည်။ယင်းဆုံလည်တွင် Malyutka (AT-3 Sagger) တင့်ဖျက် ပဲ့ထိန်းဒုံးကို တပ်ဆင် နိုင်သော်လည်း နမ်မီဘီးယား တို့၏ တိုက်ယာဉ်များတွင်မူ တပ်ဆင်ထားမှု အား မြင်တွေ့ရခြင်း မရှိပေ။

တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အတွက် BMP-1 တိုက်ယာဉ် ပုံစံတူကို တည်ဆောက် ပေးထားပြီး မကြာသေးမီကလည်း တိုက်ယာဉ် ဆုံလည် အမျိုးမျိုးကို ထုတ်လုပ် ၍ ဈေးကွက်သို့ တင်သွင်းထားကြောင်း သိရသည်။

နမ်မီဘီယားတို့၏ တရုတ်နိုင်ငံလုပ် ၆x၆ အမျိုးအစား တိုက်ယာဉ်တွင် BMP-1 ဆုံလည်ကို တပ်ဆင်မည် ဆိုပါက စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာတွင် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ အခြားသော ဘီးတပ် သံချပ်ကာ တိုက်ယာဉ်များတွင် စက်သေနတ် များသာ တပ်ဆင် ထားသောကြောင့် ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment